ရိုးမားကို တစ္ရာသီ အငွားနဲ႔ ထြက္ကစားေနတဲ့ မီခီတာရန္က အာဆင္နယ္နဲ႔ အနာဂတ္အေပၚ ေမးခြန္းထုတ္ရမႈအား ျပန္လည္ေျဖဆိုမႈ ျပဳလုပ္လာခဲ့ပါတယ္။

အသက္ ၃၀ အရြယ္ မီခီတာရန္ဟာ အာဆင္နယ္ကေန စီးရီးေအကလပ္ကို အငွားထြက္ခဲ့ျခင္းမွာ အျပီးသတ္စာခ်ဳပ္ ခ်ဳပ္ဆိုခြင့္ ပါဝင္မႈအေပၚ ရွင္းလင္းျခင္း မရွိေပမယ့္ ၄င္းရဲ႕ တစ္ပတ္ လုပ္ခ ေပါင္ ၂ သိန္း ကို ရိုးမား အသင္းက တာဝန္ယူသြားရမွာပဲျဖစ္ပါတယ္။

ကြင္းလယ္လူ မီခီတာရန္ကေတာ့ ” က်ေနာ္ မသိပါဘူး။ ရိုးမားမွာ ဘာလုပ္ျပနိုင္မလဲကိုပဲ အရင္ဆုံး ေစာင့္ၾကည့္ရမွာပါ။ ရာသီကုန္မွပဲ ရိုးမားမွာ ဆက္ေနရမလား၊ အာဆင္နယ္ကို ျပန္သြားရမလား အျခား ဘာလုပ္ရမယ္ဆိုတာ ဆုံးျဖတ္ရမွာပါ။

အခုအခ်ိန္မွာေတာ့ က်ေနာ့္ရဲ့ အနာဂတ္ကို ေသခ်ာမေျပာႏုိင္ပါဘူး။ အေကာင္းဆံုးက လာမယ့္ ပြဲေတြကိုပဲ အာ႐ုံစိုက္ထားဖို႔ပါ။ က်ေနာ္​ ေနရာစုံမွာ ကစားနိုင္ပါတယ္။ ရိုးမားအတြက္ က်ေနာ္ အစြမ္းကုန္ ကူညီေပးသြားမွာပါ။ ” လို႔ ဆိုသြားခဲ့ပါတယ္။

UNICODE

ရိုးမားကို တစ်ရာသီ အငှားနဲ့ ထွက်ကစားနေတဲ့ မီခီတာရန်က အာဆင်နယ်နဲ့ အနာဂတ်အပေါ် မေးခွန်းထုတ်ရမှုအား ပြန်လည်ဖြေဆိုမှု ပြုလုပ်လာခဲ့ပါတယ်။

အသက် ၃၀ အရွယ် မီခီတာရန်ဟာ အာဆင်နယ်ကနေ စီးရီးအေကလပ်ကို အငှားထွက်ခဲ့ခြင်းမှာ အပြီးသတ်စာချုပ် ချုပ်ဆိုခွင့် ပါဝင်မှုအပေါ် ရှင်းလင်းခြင်း မရှိပေမယ့် ၎င်းရဲ့ တစ်ပတ် လုပ်ခ ပေါင် ၂ သိန်း ကို ရိုးမား အသင်းက တာဝန်ယူသွားရမှာပဲဖြစ်ပါတယ်။

ကွင်းလယ်လူ မီခီတာရန်ကတော့ ” ကျနော် မသိပါဘူး။ ရိုးမားမှာ ဘာလုပ်ပြနိုင်မလဲကိုပဲ အရင်ဆုံး စောင့်ကြည့်ရမှာပါ။ ရာသီကုန်မှပဲ ရိုးမားမှာ ဆက်နေရမလား၊ အာဆင်နယ်ကို ပြန်သွားရမလား အခြား ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်ရမှာပါ။

အခုအချိန်မှာတော့ ကျနော့်ရဲ့ အနာဂတ်ကို သေချာမပြောနိုင်ပါဘူး။ အကောင်းဆုံးက လာမယ့် ပွဲတွေကိုပဲ အာရုံစိုက်ထားဖို့ပါ။ ကျနော် နေရာစုံမှာ ကစားနိုင်ပါတယ်။ ရိုးမားအတွက် ကျနော် အစွမ်းကုန် ကူညီပေးသွားမှာပါ။ ” လို့ ဆိုသွားခဲ့ပါတယ်။