ZAWGYI – အဂၤလန္​နဲ႔ အက္​စတြန္​​ဗီလာ ခံစစ္မွဴး တိုင္​ရြန္​မင္​့က လီ​ဗာပူး ​​ဗဟို​ေနာက္​ခံလူ ​​ဗန္​ဒိုက္​ဟာ သူ အတုယူရတဲ့ ကစားသမားတစ္​ဦး ျဖစ္​တယ္​လို႔ ဖြင့္ဟခဲ့ပါတယ္​။ မင္​့ဟာ ဒီရာသီ ​ေျခစြမ္​းျပ ကစား​ေနတာ​ေၾကာင္​့ အဂၤလန္​လက္​​ေရြးစင္​အသင္​းအတြက္​ ပထမဦးဆံုးအၾကိမ္ ​ေရြးခ်ယ္​ခံထားရပါတယ္။

လီ​ဗာပူးနဲ႔ အက္​စတြန္​​ဗီလာတို႔ရဲ႕ နိုဝင္​ဘာ ၂ရက္​​ေန႔ ​ဗီလာပက္​မွာ ပရီးမီးယားလိဂ္ပြဲစဥ္ အျဖစ္ ေတြ႔ဆံုဦးမွာ ျဖစ္​ပါတယ္​။ ​ဗန္​ဒိုက္​က သူဟာ ၿပီးခဲ့တဲ့ရာသီက လီ​ဗာပူး မွာ တစ္​ဦးခ်င္​း​ေကာ အသင္​းလုိက္​ပါ ​ေအာင္​ျမင္​မႈ​ေတြရခဲ့​ေပမယ္​့ ဒီရာသီ ​ေနာက္​ထပ္​ ဆုဖလား​ေတြအတြက္​ ဆိုရင္​ သူနဲ႔ လီ​ဗာပူးတို႔ ​ေအာက္​​ေျခက​ေန စတင္​သြားရမယ္​လို႔ ​ဆိုသြားပါတယ္​။

လီဗာပူး တိုက္စစ္မွဴး ဆာလက္ ဟာ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လေနာက္ပိုင္း ပရီးမီးယားလိဂ္ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈ စုစုေပါင္း စြမ္းေဆာင္ရည္ အေကာင္းဆံုး ကစားသမားတစ္ဦးအျဖစ္ ရပ္တည္ေနေၾကာင္း သိရပါတယ္။

ဆာလက္ ဟာ ၂၀၁၇ ၾသဂုတ္ ေနာက္ပိုင္း ပရီးမီးယားလိဂ္ ၇၇ ပြဲ ကစားခဲ့ရာမွာ ၅၇ ဂိုးသြင္းယူၿပီး ဂိုးဖန္တီးမႈ ၁၉ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့လို႔ သူ႕စြမ္းေဆာင္ရည္ အေကာင္းဆံုး ျဖစ္ခဲ့တာပါ။

ျပီးခဲ့တဲ့ ရာသီက လီဗာပူးကို ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့မွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အရွံဳးဒဏ္ကို အလူးအလဲ ခံစားခဲ့ရတယ္လို႔ ဘာစီလိုနာ တိုက္စစ္မွဴး လီဗာပူး ကစားသမား ဆြာရက္စ္က ဖြင့္ဟခဲ့ပါတယ္။

ဘာစီလိုနာ အသင္းသားေတြဟာ ထိုရွံဳးပြဲအျပီးမွာ မိသားစု ကိစၥေတြ ေဆာင္ရြက္ဖို႕ေတာင္ အိမ္ထဲကေန အိမ္ျပင္ မထြက္ခ်င္ေလာက္ေအာင္ ျဖစ္ခဲ့ရတယ္လို႔ ဆြာရက္စ္က ဆိုပါတယ္။

ပြဲစဥ္ ၄ အျပီးမွာ ခရစ္ဆက္တန္ က မန္စီးတီးအသင္းဟာ ဒီရာသီမွာလည္း ပရီးမီးယားလိဂ္ ဖလားကို ကာကြယ္သြားႏုိင္လိမ့္မယ္လို႕ ေထာက္ခံခဲ့ျပီး ထိပ္သီး ေလးသင္း အျဖစ္ လီဗာပူး၊ စပါးနဲ႕ အာဆင္နယ္ အသင္းတုိ႕ အသီးသီး ရပ္တည္သြားလိမ့္မယ္လို႕ ခန္႕မွန္းခဲ့ပါတယ္။

UNICODE –

အင်္ဂလန်နဲ့ အက်စတွန်ဗီလာ ခံစစ်မှူး တိုင်ရွန်မင့်က လီဗာပူး ဗဟိုနောက်ခံလူ ဗန်ဒိုက်ဟာ သူ အတုယူရတဲ့ ကစားသမားတစ်ဦး ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ မင့်ဟာ ဒီရာသီ ခြေစွမ်းပြ ကစားနေတာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမဦးဆုံးအကြိမ် ရွေးချယ်ခံထားရပါတယ်။

လီဗာပူးနဲ့ အက်စတွန်ဗီလာတို့ရဲ့ နိုဝင်ဘာ ၂ရက်နေ့ ဗီလာပက်မှာ ပရီးမီးယားလိဂ်ပွဲစဉ် အဖြစ် တွေ့ဆုံဦးမှာ ဖြစ်ပါတယ်။ ဗန်ဒိုက်က သူဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူး မှာ တစ်ဦးချင်းကော အသင်းလိုက်ပါ အောင်မြင်မှုတွေရခဲ့ပေမယ့် ဒီရာသီ နောက်ထပ် ဆုဖလားတွေအတွက် ဆိုရင် သူနဲ့ လီဗာပူးတို့ အောက်ခြေကနေ စတင်သွားရမယ်လို့ ဆိုသွားပါတယ်။

လီဗာပူး တိုက်စစ်မှူး ဆာလက် ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်း ပရီးမီးယားလိဂ် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

ဆာလက် ဟာ ၂၀၁၇ သြဂုတ် နောက်ပိုင်း ပရီးမီးယားလိဂ် ၇၇ ပွဲ ကစားခဲ့ရာမှာ ၅၇ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၉ ကြိမ် ပြုလုပ်နိုင်ခဲ့လို့ သူ့စွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ရာသီက လီဗာပူးကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ရှုံးနိမ့်ခဲ့ပြီးနောက် အရှုံးဒဏ်ကို အလူးအလဲ ခံစားခဲ့ရတယ်လို့ ဘာစီလိုနာ တိုက်စစ်မှူး လီဗာပူး ကစားသမား ဆွာရက်စ်က ဖွင့်ဟခဲ့ပါတယ်။

ဘာစီလိုနာ အသင်းသားတွေဟာ ထိုရှုံးပွဲအပြီးမှာ မိသားစု ကိစ္စတွေ ဆောင်ရွက်ဖို့တောင် အိမ်ထဲကနေ အိမ်ပြင် မထွက်ချင်လောက်အောင် ဖြစ်ခဲ့ရတယ်လို့ ဆွာရက်စ်က ဆိုပါတယ်။

ပွဲစဉ် ၄ အပြီးမှာ ခရစ်ဆက်တန် က မန်စီးတီးအသင်းဟာ ဒီရာသီမှာလည်း ပရီးမီးယားလိဂ် ဖလားကို ကာကွယ်သွားနိုင်လိမ့်မယ်လို့ ထောက်ခံခဲ့ပြီး ထိပ်သီး လေးသင်း အဖြစ် လီဗာပူး၊ စပါးနဲ့ အာဆင်နယ် အသင်းတို့ အသီးသီး ရပ်တည်သွားလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။