အင္တာမီလန္ကို ေျပာင္းေရႊ႕ခဲ့တဲ့ တိုက္စစ္မႈး ဆန္းခ်က္က ကစားသမားဘ၀ အဆံုးသတ္ကို ေမဂ်ာလိဂ္မွာ ကုန္ဆံုးဖို႔ စိတ္ကူးထားျပီး မုိင္ယာမီ ေဒသကို ႏွစ္သက္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။ ေဒးဗစ္ဘက္ခမ္းရဲ႕ မီယာမီအသင္းကလည္း ကစားသမားေကာင္းေတြကို စတင္ကာ စုေဆာင္းေနတာပါ။

မန္ေနဂ်ာဆိုးရွားရဲ႕ ကလပ္အသင္းကို တည္ေဆာက္ေနမႈဟာ လီဗာပူးနဲ႔ ဆင္တူတယ္လို႔ နဗီးက စြပ္စြဲေျပာဆိုလိုက္ပါတယ္။ ဒါေပမယ့္လို႔ သူကပဲ ဆိုးရွားကို ျပိဳင္ဘက္အသင္းမန္ေနဂ်ာလိုပဲ အခ်ိန္ေပးျပီး တည္ေဆာက္ခြင့္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

စီးရီးေအခ်န္ပီယံ ဂ်ဴဗင္တပ္အသင္းဟာ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္က်ရင္ စပိန္ဂိုးသမား ဒီဂီယာကို ေခၚဖို႔ အစီအစဥ္ဆြဲထားၿပီးျဖစ္ေၾကာင္း သိရပါတယ္။ ဇန္နဝါရီတင္ အၾကိဳေဆြးေႏြးမွာျဖစ္ျပီး ရာသီကုန္မွာ ေခၚယူခြင့္ကို ၾကိဳတင္ရယူမွာပဲ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နည္းျပ ဆိုးရွားဟာ ေနာက္ဆုံး ၁၂ ပြဲမွာ သြင္းဂိုး ၂ ဂိုးသာ ရယူထားႏိုင္တဲ့ တိုက္စစ္မႉး ရက္ဖို႔ဒ္ကို ပြဲထြက္လူစာရင္းမွာ ယုံယံုၾကည္ၾကည္ ေနရာေပးသြားဦးမွာျဖစ္တယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္း ကင္းေထာက္ေတြဟာ ဘင္ဖီကာနဲ႔ ဘရာဂါတို႔ ကစားခဲ့တ့ဲ ပြဲစဥ္ကို တက္ေရာက္ခဲ့ျပီး ဘင္ဖီကာ ခံစစ္မွဴးျဖစ္သူ ဒီယက္ ရဲ႕ ေျခစြမ္းကို ေစာင့္ၾကည့္ခဲ့ၾကပါတယ္။ ယူႏုိက္တက္ဟာ ကာလရွည္ ေစာင့္ၾကည့္ေနတာျဖစ္တယ္လုိ႔လည္း သိရပါတယ္။

ဝမ္ဆစ္ဆာကာဟာ ယူႏုိက္တက္ တစ္သင္းလံုး လုပ္ထားႏုိင္တာရဲ႕ ၃၈% ေသာ ေဘာလံုးျဖတ္ထုတ္မႈေတြကို လုပ္ေဆာင္ထားတယ္လို႔ သိရပါတယ္။

ကြင္းလယ္လူၾကီး မာတစ္က ” မန္ေနဂ်ာက အမွတ္ေပးဖလားနဲ႔ ဆုဖလားေတြကို တုိက္ခိုက္ဖို႔ တာဝန္ယူထားရတယ္။ အဲ့သည္လို မလုပ္ႏုိင္ခဲ့ရင္အတြက္ေတာ့ သူကိုယ္တိုင္ပဲ တာဝန္ယူရမယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

UNICODE

အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှုး ဆန်းချက်က ကစားသမားဘ၀ အဆုံးသတ်ကို မေဂျာလိဂ်မှာ ကုန်ဆုံးဖို့ စိတ်ကူးထားပြီး မိုင်ယာမီ ဒေသကို နှစ်သက်တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ ဒေးဗစ်ဘက်ခမ်းရဲ့ မီယာမီအသင်းကလည်း ကစားသမားကောင်းတွေကို စတင်ကာ စုဆောင်းနေတာပါ။

မန်နေဂျာဆိုးရှားရဲ့ ကလပ်အသင်းကို တည်ဆောက်နေမှုဟာ လီဗာပူးနဲ့ ဆင်တူတယ်လို့ နဗီးက စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လို့ သူကပဲ ဆိုးရှားကို ပြိုင်ဘက်အသင်းမန်နေဂျာလိုပဲ အချိန်ပေးပြီး တည်ဆောက်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းဟာ လာမယ့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်ကျရင် စပိန်ဂိုးသမား ဒီဂီယာကို ခေါ်ဖို့ အစီအစဉ်ဆွဲထားပြီးဖြစ်ကြောင်း သိရပါတယ်။ ဇန်နဝါရီတင် အကြိုဆွေးနွေးမှာဖြစ်ပြီး ရာသီကုန်မှာ ခေါ်ယူခွင့်ကို ကြိုတင်ရယူမှာပဲ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးရှားဟာ နောက်ဆုံး ၁၂ ပွဲမှာ သွင်းဂိုး ၂ ဂိုးသာ ရယူထားနိုင်တဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်ကို ပွဲထွက်လူစာရင်းမှာ ယုံယုံကြည်ကြည် နေရာပေးသွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်း ကင်းထောက်တွေဟာ ဘြင်ဖီကာနဲ့ ဘရာဂါတို့ ကစားခဲ့တဲ့ ပွဲစဉ်ကို တက်ရောက်ခဲ့ပြီး ဘင်ဖီကာ ခံစစ်မှူးဖြစ်သူ ဒီယက် ရဲ့ ခြေစွမ်းကို စောင့်ကြည့်ခဲ့ကြပါတယ်။ ယူနိုက်တက်ဟာ ကာလရှည် စောင့်ကြည့်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဝမ်ဆစ်ဆာကာဟာ ယူနိုက်တက် တစ်သင်းလုံး လုပ်ထားနိုင်တာရဲ့ ၃၈% သော ဘောလုံးဖြတ်ထုတ်မှုတွေကို လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

ကွင်းလယ်လူကြီး မာတစ်က ” မန်နေဂျာက အမှတ်ပေးဖလားနဲ့ ဆုဖလားတွေကို တိုက်ခိုက်ဖို့ တာဝန်ယူထားရတယ်။ အဲ့သည်လို မလုပ်နိုင်ခဲ့ရင်အတွက်တော့ သူကိုယ်တိုင်ပဲ တာဝန်ယူရမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။