ရာသီအဖြင့္ပြဲမွာ ခ်ယ္ဆီးကို ဂိုးျပတ္အႏိုင္ရခဲ့ေပမယ့္ ပရီးမီးယားလိဂ္ ၃ ပြဲဆက္ ႏိုင္ပြဲေပ်ာက္ေနခဲ့တဲ့ေနာက္ ေနာက္ဆံုးယွဥ္ျပိဳင္ခဲ့တဲ့ ေဆာက္သမ္တန္ပြဲအၿပီး ဆိုးရွားဟာ အဝတ္လဲခန္းအတြင္း ေဒါသေပါက္ကြဲခဲ့တယ္လို႔ သိရပါတယ္။

ပရီးမီးယားလိဂ္ ၃ ပြဲဆက္ ႏိုင္ပြဲေပ်ာက္ေနခဲ့တာေၾကာင့္ ရာသီအစမွာတင္ အမွတ္ေတြေလ်ာ့ေနတဲ့ မန္ယူဟာ အမွတ္ေပးဇယား ဦးေဆာင္သူ လီဗာပူးနဲ႔ ၇ မွတ္ကြာဟကာ အဆင့္ ၈ ေနရာမွာ ရပ္တည္ေနပါတယ္။

ဆိုးရွားက အသင္းအတြက္ထက္ ကိုယ္ဘာသာအတြက္ ကစားေနတဲ့ မန္ယူကစားသမားေတြကို ေဒါသထြက္ခဲ့တာျဖစ္တယ္။ တခ်ိဳ႕ ကစားသမားေတြဟာ အသင္းေဖာ္ေတြကိုပါ ဒုကၡေပးေနတယ္လို႔ အဝတ္လဲခန္းထဲမွာ ဆိုးရွားက ေဝဖန္ခဲ့ေၾကာင္း သိရပါတယ္။

ႏိုင္ငံတကာပြဲေတြအၿပီးမွာ မန္ယူဟာ လက္စတာနဲ႔ အိမ္ကြင္းမွာ ယွဥ္ျပိဳင္ကစားရမွာပါ။ ဆက္ျပီးလည္း ဝက္စ္ဟမ္း၊ အာဆင္နယ္တို႔နဲ႔ ယွဥ္ျပိဳင္ ကစားရမွာျဖစ္တယ္။ အဆိုပါပြဲေတြမွာ ေသခ်ာေပါက္ အႏိုင္ကစားဖို႔ ဆိုးရွားက သတိေပးထားခဲ့ေၾကာင္း သိရပါတယ္။

UNICODE

ရာသီအဖွင့်ပွဲမှာ ချယ်ဆီးကို ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲပျောက်နေခဲ့တဲ့နောက် နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ဆောက်သမ်တန်ပွဲအပြီး ဆိုးရှားဟာ အဝတ်လဲခန်းအတွင်း ဒေါသပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲပျောက်နေခဲ့တာကြောင့် ရာသီအစမှာတင် အမှတ်တွေလျော့နေတဲ့ မန်ယူဟာ အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးနဲ့ ၇ မှတ်ကွာဟကာ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

ဆိုးရှားက အသင်းအတွက်ထက် ကိုယ်ဘာသာအတွက် ကစားနေတဲ့ မန်ယူကစားသမားတွေကို ဒေါသထွက်ခဲ့တာဖြစ်တယ်။ တချို့ ကစားသမားတွေဟာ အသင်းဖော်တွေကိုပါ ဒုက္ခပေးနေတယ်လို့ အဝတ်လဲခန်းထဲမှာ ဆိုးရှားက ဝေဖန်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာပွဲတွေအပြီးမှာ မန်ယူဟာ လက်စတာနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာပါ။ ဆက်ပြီးလည်း ဝက်စ်ဟမ်း၊ အာဆင်နယ်တို့နဲ့ ယှဉ်ပြိုင် ကစားရမှာဖြစ်တယ်။ အဆိုပါပွဲတွေမှာ သေချာပေါက် အနိုင်ကစားဖို့ ဆိုးရှားက သတိပေးထားခဲ့ကြောင်း သိရပါတယ်။