မန္စီးတီးခံစစ္မွဴး လာေပၚေတးဟာ ဘရိုက္တန္နဲ႔ပြဲမွာ ရရွိခဲ့တ့ဲ ဒူးဒဏ္ရာကုိ ဘာစီလိုနာမွာ ခြဲစိတ္မႈ ျပဳလုပ္ခဲ့ျပီး ေအာင္ျမင္တဲ့ ခြဲစိတ္မႈျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

ဒီကေန႔မွာပဲ မန္စီးတီး ကလပ္အသင္းဘက္က ဒီသတင္းကို တရားဝင္ ထုတ္ျပန္ေပးခဲ့တာျဖစ္တယ္။ ဒါေပမယ့္လို႔ ျပင္သစ္သား ခံစစ္မွဴး ဘယ္အခ်ိန္ ျပန္သက္သာလာမယ္ဆိုတာ မေဖာ္ျပခဲ့ပါဘူး။

‘ Dr Ramon Cugart ဦးေဆာင္တဲ့ ခြဲစိတ္မႈအဖြဲ႔ဟာ ဒဏ္ရာကို ေအာင္ျမင္စြာ ခြဲစိတ္ႏုိင္ခဲ့တာျဖစ္ျပီး အေသးစိတ္ဆိုင္ရာ ကိစၥရပ္ေတြက ဆက္လက္ ေစာင့္ၾကည့္ရပါဦးမယ္ ‘ လို႔ မန္စီးတီးဘက္က သတင္းထုတ္ျပန္ပါတယ္။

ဘရိုက္တန္နဲ႔ပြဲမွာ ဒဏ္ရာရခဲ့တဲ့ လာေပၚေတးဟာ ဒူးမွာ ရခဲ့တဲ့ အေနအထားက ACL မဟုတ္ခဲ့တာက ကံေကာင္းျခင္းျဖစ္ျပီး ၈-၉ လ ေလာက္ အနားယူဖို႔ေတာ့ လိုမွာ မဟုတ္ပါဘူး။ ဒါေပမယ့္လို႔ အနည္းဆံုး ရာသီဝက္ အနားယူရမွာျဖစ္ျပီး ဒုတိယ ရာသီဝက္မွ ေဘာလံုးျပန္ကစားႏုိင္မယ္လို႔ေတာ့ မန္စီးတီးသတင္းေထာက္ေတြက ဆိုထားပါတယ္။

လာေပၚေတးဟာ လီဗာပူးနဲ႔ ယွဥ္ျပိဳင္ကစားရမယ့္ အမွတ္ေပးပြဲ၊ ခ်န္ပီယံလိဂ္ပြဲေတြကိုပါ လြဲမွာျဖစ္ျပီး ျပန္သက္သာလာမယ့္ အေနအထားက ကစားသမားရဲ႕ ၾကံ႕ခိုင္မႈ တိုးတက္ႏႈန္းအေပၚမွာပဲ မူတည္ေနပါတယ္။

UNICODE

မန်စီးတီးခံစစ်မှူး လာပေါ်တေးဟာ ဘရိုက်တန်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကို ဘာစီလိုနာမှာ ခွဲစိတ်မှု ပြုလုပ်ခဲ့ပြီး အောင်မြင်တဲ့ ခွဲစိတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မှာပဲ မန်စီးတီး ကလပ်အသင်းဘက်က ဒီသတင်းကို တရားဝင် ထုတ်ပြန်ပေးခဲ့တာဖြစ်တယ်။ ဒါပေမယ့်လို့ ပြင်သစ်သား ခံစစ်မှူး ဘယ်အချိန် ပြန်သက်သာလာမယ်ဆိုတာ မဖော်ပြခဲ့ပါဘူး။

‘ Dr Ramon Cugart ဦးဆောင်တဲ့ ခွဲစိတ်မှုအဖွဲ့ဟာ ဒဏ်ရာကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့တာဖြစ်ပြီး အသေးစိတ်ဆိုင်ရာ ကိစ္စရပ်တွေက ဆက်လက် စောင့်ကြည့်ရပါဦးမယ် ‘ လို့ မန်စီးတီးဘက်က သတင်းထုတ်ပြန်ပါတယ်။

ဘရိုက်တန်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ လာပေါ်တေးဟာ ဒူးမှာ ရခဲ့တဲ့ အနေအထားက ACL မဟုတ်ခဲ့တာက ကံကောင်းခြင်းဖြစ်ပြီး ၈-၉ လ လောက် အနားယူဖို့တော့ လိုမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ အနည်းဆုံး ရာသီဝက် အနားယူရမှာဖြစ်ပြီး ဒုတိယ ရာသီဝက်မှ ဘောလုံးပြန်ကစားနိုင်မယ်လို့တော့ မန်စီးတီးသတင်းထောက်တွေက ဆိုထားပါတယ်။

လာပေါ်တေးဟာ လီဗာပူးနဲ့ ယှဉ်ပြိုင်ကစားရမယ့် အမှတ်ပေးပွဲ၊ ချန်ပီယံလိဂ်ပွဲတွေကိုပါ လွဲမှာဖြစ်ပြီး ပြန်သက်သာလာမယ့် အနေအထားက ကစားသမားရဲ့ ကြံ့ခိုင်မှု တိုးတက်နှုန်းအပေါ်မှာပဲ မူတည်နေပါတယ်။