ZAWGYI – ၀ါရင့္ ပရီးမီးယားလိဂ္ ကစားသမားေဟာင္းၾကီး အလန္ရွီးယားက အာဆင္နယ္ အသင္းရဲ႕ ခံစစ္ဟာ ျပီးခဲ႔တဲ႔ ရာသီက ထက္ေတာင္ ဆိုးေနျပီလို႕သတိေပးလိုက္ပါတယ္။ ဒီ ခံစစ္ျပႆနာဟာ အာဆင္နယ္အသင္းအတြက္ အဓိက ေျဖရွင္းစရာျပသနာ တခုျဖစ္လာလိမ့္မယ္လို႕ လည္း ၄င္းက ဆိုပါတယ္။

စပါးနဲ႕ ပြဲမွာ အာဆင္နယ္ ကြင္းလယ္လူငယ္ ဂြမ္ဒူဇီ ရဲ႕ အေကာင္းဆုံး ​​ေျခစြမ္းေတြ ျမင္ေတြ႕ခဲ့ရပါတယ္။ အာဆင္နယ္ နည္းျပ အမ္မရီ နဲ႔ ယူနိုက္တက္ နည္းျပေဟာင္း ေမာ္ရင္ညိဳတို႔က ဂြမ္ဒူဇီဟာ အရည္အေသြးေကာင္းေတြ ရွိတဲ့ လူငယ္ ၾကယ္ပြင့္ တစ္ဦးလို႔ ခ်ီးက်ဴး သြားခဲ့ၿပီး ပိုမို တိုးတက္ေကာင္းမြန္လာေအာင္ ျပင္ဆင္ဖို႔ လိုအပ္ေနတဲ့ အရာေတြကို ေထာက္ျပသြားခဲ့ပါတယ္။

” သူ(ဂြမ္ဒူဇီ)က အရမ္း အသက္ငယ္ပါေသးတယ္။ ဒါေပမယ့္ တိုးတက္လာတာကေတာ့ အံ့မခန္းပါပဲ၊ ကိိုယ့္ကိုယ္ကို ယုံၾကည္မွဳ ပိုျမင့္ လာသလို ပရီးမီးယားလိဂ္ အေၾကာင္းလည္း အထာနပ္လာပါၿပီ။ ဒီရာသီမွာ နည္းစနစ္ပိုင္းအရ ေဘာလုံး ကိုင္ကစားတာေကာ အသင္းနဲ႔ ခ်ိတ္ဆက္ ကစားတာေကာ ပိုေကာင္းလာပါတယ္။ ” လို႔ အမ္မရီက ပြဲအျပီးမွာ ခ်ီးက်ဴးခဲ့ပါတယ္။

ေမာ္ရင္ညိဳကေတာ့ – “ဂြမ္ဒူဇီရဲ့ ကစားပုံက ရိုးရွင္းပါတယ္၊ ေဘာလုံးကို ပတ္ပတ္လည္ ေပးပို႔ေနတာပါပဲ။ သူ႔အေနနဲ႕ အဲ့လို ေပးေနမယ့္ အစား ေရွ႕တန္းကို ေဘာလုံး ေပးပို႔သင့္ပါတယ္။ ဒီေန႔ ေျခစြမ္းကေတာ့ အရမ္းေကာင္းပါတယ္။ သူ႔မွာ အရည္အေသြးေကာင္းေတြ ရွိပါတယ္။ အူဘာမီယန္း ေျပးထြက္သြားတဲ့ ေဘာလုံးဆို သူ႔ေဘာလုံး ေပးလိုက္တာ သိပ္ေကာင္းပါတယ္။ ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

စပါးနဲ႕ ပြဲမွာ မလိုအပ္ဘဲ ျပစ္ဒဏ္ က်ဴးလြန္မွဳေတြ မ်ားျပားခဲ႔သလို ဆြန္ေဟာင္မင္ကို တားဆီးပံုျကမ္းတမ္းခဲ့လို႕ ပင္နယ္တီေပးခဲ႕ရတဲ႕ ဇာခါရဲ႕ ကစားပံုအေပၚ ပရိသတ္ေတြက ေ၀ဖန္မႈေတြ မ်ားခဲ့ေပမယ့္ နည္းျပ အမ္မရီကေတာ့ အျပစ္မတင္ခဲ႔ဘဲ ကာကြယ္ ေျပာဆိုသြားခဲ့ပါတယ္။

အာဆင္နယ္ တိုက္စစ္မွဴး အူဘာမီယန္းက ပြဲအၿပီး အင္တာဗ်ဴးမွာ – လန္ဒန္ ဒါဘီမွာ အာဆင္နယ္က သေရ ရလဒ္ထက္ ပိုမို ထိုက္တန္တဲ့ စြမ္းေဆာင္ရည္ကို ျပသနိုင္ခဲ့ေၾကာင္း ေျပာဆိုခဲ့ျပီး သူ႔ရဲ႕ ဂိုးကို ဖန္တီးေပးခဲ့တဲ့ လူငယ္ကြင္းလယ္လူ ဂြမ္ဒူဇီကိုလည္း ခ်ီးက်ဴးသြားခဲ့ပါတယ္။

အာဆင္နယ္ အသင္းဟာ ပြဲစဥ္ ၄ အျပီးမွာ ရမွတ္ ၇ မွတ္နဲ႔ အဆင့္ ၅ေနရာမွာ ရပ္တည္သြားခဲ႔ျပီး အမွတ္ေပးဇယားထိပ္ဆံုးက လီဗာပူးနဲ႕ ၅မွတ္ အထိ ကြာဟသြားခဲ႔ျပီလည္းျဖစ္ပါတယ္။ အာဆင္နယ္က နိုင္ငံတကာပြဲေတြ အျပီး မွာေတာ့ ဝက္ဖိုဒ့္ အသင္းကို အေဝးကြင္းမွာ သြားေရာက္ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

ရိုးမားအသင္းဟာ အာဆင္နယ္အသင္းရဲ႕ ေတာင္ပံကစားသမား မီခီတာရန္ကုိ ေခၚယူဖုိ႔ အေရးေပၚ ျပင္ဆင္လာပါတယ္။ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္ေရာက္မွ ရိုးမားအသင္းက အခုလို ျပင္ဆင္လာတာျဖစ္ၿပီး ကစားသမား ကိုယ္တုိင္ကေတာ့ မေန႔က ေျမာက္လန္ဒန္ဒါဘီပြဲစဥ္မွာ ပါဝင္ကစားခ့ဲပါေသးတယ္။

UNICDOE –

ဝါရင့် ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး အလန်ရှီးယားက အာဆင်နယ် အသင်းရဲ့ ခံစစ်ဟာ ပြီးခဲ့တဲ့ ရာသီက ထက်တောင် ဆိုးနေပြီလို့သတိပေးလိုက်ပါတယ်။ ဒီ ခံစစ်ပြဿနာဟာ အာဆင်နယ်အသင်းအတွက် အဓိက ဖြေရှင်းစရာပြသနာ တခုဖြစ်လာလိမ့်မယ်လို့ လည်း ၎င်းက ဆိုပါတယ်။

စပါးနဲ့ ပွဲမှာ အာဆင်နယ် ကွင်းလယ်လူငယ် ဂွမ်ဒူဇီ ရဲ့ အကောင်းဆုံး ခြေစွမ်းတွေ မြင်တွေ့ခဲ့ရပါတယ်။ အာဆင်နယ် နည်းပြ အမ်မရီ နဲ့ ယူနိုက်တက် နည်းပြဟောင်း မော်ရင်ညိုတို့က ဂွမ်ဒူဇီဟာ အရည်အသွေးကောင်းတွေ ရှိတဲ့ လူငယ် ကြယ်ပွင့် တစ်ဦးလို့ ချီးကျူး သွားခဲ့ပြီး ပိုမို တိုးတက်ကောင်းမွန်လာအောင် ပြင်ဆင်ဖို့ လိုအပ်နေတဲ့ အရာတွေကို ထောက်ပြသွားခဲ့ပါတယ်။

” သူ(ဂွမ်ဒူဇီ)က အရမ်း အသက်ငယ်ပါသေးတယ်။ ဒါပေမယ့် တိုးတက်လာတာကတော့ အံ့မခန်းပါပဲ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမြင့် လာသလို ပရီးမီးယားလိဂ် အကြောင်းလည်း အထာနပ်လာပါပြီ။ ဒီရာသီမှာ နည်းစနစ်ပိုင်းအရ ဘောလုံး ကိုင်ကစားတာကော အသင်းနဲ့ ချိတ်ဆက် ကစားတာကော ပိုကောင်းလာပါတယ်။ ” လို့ အမ်မရီက ပွဲအပြီးမှာ ချီးကျူးခဲ့ပါတယ်။

မော်ရင်ညိုကတော့ – “ဂွမ်ဒူဇီရဲ့ ကစားပုံက ရိုးရှင်းပါတယ်၊ ဘောလုံးကို ပတ်ပတ်လည် ပေးပို့နေတာပါပဲ။ သူ့အနေနဲ့ အဲ့လို ပေးနေမယ့် အစား ရှေ့တန်းကို ဘောလုံး ပေးပို့သင့်ပါတယ်။ ဒီနေ့ ခြေစွမ်းကတော့ အရမ်းကောင်းပါတယ်။ သူ့မှာ အရည်အသွေးကောင်းတွေ ရှိပါတယ်။ အူဘာမီယန်း ပြေးထွက်သွားတဲ့ ဘောလုံးဆို သူ့ဘောလုံး ပေးလိုက်တာ သိပ်ကောင်းပါတယ်။ ” လို့ ပြောကြားသွားခဲ့ပါတယ်။

စပါးနဲ့ ပွဲမှာ မလိုအပ်ဘဲ ပြစ်ဒဏ် ကျူးလွန်မှုတွေ များပြားခဲ့သလို ဆွန်ဟောင်မင်ကို တားဆီးပုံကြမ်းတမ်းခဲ့လို့ ပင်နယ်တီပေးခဲ့ရတဲ့ ဇာခါရဲ့ ကစားပုံအပေါ် ပရိသတ်တွေက ဝေဖန်မှုတွေ များခဲ့ပေမယ့် နည်းပြ အမ်မရီကတော့ အပြစ်မတင်ခဲ့ဘဲ ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်းက ပွဲအပြီး အင်တာဗျူးမှာ – လန်ဒန် ဒါဘီမှာ အာဆင်နယ်က သရေ ရလဒ်ထက် ပိုမို ထိုက်တန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ကြောင်း ပြောဆိုခဲ့ပြီး သူ့ရဲ့ ဂိုးကို ဖန်တီးပေးခဲ့တဲ့ လူငယ်ကွင်းလယ်လူ ဂွမ်ဒူဇီကိုလည်း ချီးကျူးသွားခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ ပွဲစဉ် ၄ အပြီးမှာ ရမှတ် ၇ မှတ်နဲ့ အဆင့် ၅နေရာမှာ ရပ်တည်သွားခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၅မှတ် အထိ ကွာဟသွားခဲ့ပြီလည်းဖြစ်ပါတယ်။ အာဆင်နယ်က နိုင်ငံတကာပွဲတွေ အပြီး မှာတော့ ဝက်ဖိုဒ့် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ရိုးမားအသင်းဟာ အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမား မီခီတာရန်ကို ခေါ်ယူဖို့ အရေးပေါ် ပြင်ဆင်လာပါတယ်။ အပြောင်းအရွှေ့ နောက်ဆုံးရက်ရောက်မှ ရိုးမားအသင်းက အခုလို ပြင်ဆင်လာတာဖြစ်ပြီး ကစားသမား ကိုယ်တိုင်ကတော့ မနေ့က မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ ပါဝင်ကစားခဲ့ပါသေးတယ်။