ZAWGYI – လီဗာပူး ခံစစ္မွဴးေဟာင္း စကာတယ္လ္ဟာ အီတလီ စီးရီးေအကလပ္ အတၱလန္တာအသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းလုိက္ၿပီလုိ႔ သိရပါတယ္။ အသက္ ၃၄ ႏွစ္အရြယ္ ခံစစ္မွဴးဟာ အသင္းရဲ႕ ပြဲထြက္ကစားသမားစာရင္းမွာ ေနရာမရႏုိင္ဘူးလို႔ သိရတ့ဲေနာက္ နည္းျပနဲ႔ ႏွစ္ဦးသေဘာတူညီခ်က္ ရယူကာ အသင္းကိုေရာက္ၿပီး ၃ ပတ္အၾကာမွာပဲ စာခ်ဳပ္ဖ်က္သိမ္းခ့ဲတာပါ။

ဖီဖာရဲ႕ အေကာင္းဆံုးအမ်ိဳးသား ကစားသမား ဆုအတြက္ စကာတင္ သံုးဦးစာရင္းမွာ ဗန္ဒိုက္၊ မက္ဆီ၊ ေရာ္နယ္ဒိုတို႔ ပါဝင္လာပါတယ္။ စက္တင္ဘာလ ၂၃ ရက္ေန႔မွာ ဆုေပးမွာျဖစ္ပါတယ္။ ဂိုးသမား အယ္လီဆန္က ဂိုးသမားအတြက္ အေကာငး္ဆံုး သံုးဦး ဆန္ကာတင္မွာ အီဒါဆန္၊ တာစတီဂန္တို႔နဲ႔အတူ ပါဝင္လာခဲ့ပါတယ္။

လီဗာပူးအသင္းရဲ႕ လူငယ္ၾကယ္ပြင့္ ေဘာ္ဘီဒန္ကန္႔ဟာ အီတလီကလပ္ ဖီအိုရင္တီးနားထံ ေပါင္ ၂ သန္းနဲ႔ ေျပာင္းေရႊ႔ဖို႔ သေဘာတူညီမႈ ရသြားပါျပီ။ လီဗာပူးဘက္က အနာဂတ္ အေျပာင္းအေရႊ႔ကေန ၂၀% အက်ိဳးခံစားခြင့္ ရမယ့္အခ်က္လည္း ပါဝင္ခဲ့ပါတယ္။

လီဗာပူး ဘယ္ျခမ္း ခံစစ္မွဴး အန္ဒီ ေရာ္ဘတ္ဆန္က အသင္း တိုက္စစ္မွဴး ဖာမီႏို ရဲ႕ အေရးပါမွဳကို ေျပာျပသြားခဲ့ျပီး လီဗာပူးအသင္းဟာ ဖာမီႏိုသာ မရွိရင္ လမ္းေပ်ာက္ ေနလိမ့္မယ္လို႕ ဆုိခဲ့ပါတယ္။ ဘရာဇီး သားရဲ႕ အလုပ္လုပ္ႏႈန္းေတြဟာ အသင္းရဲ႕ တိုက္စစ္သာမက ခံစစ္အတြက္ပါ အမ်ားၾကီး အေထာက္အကူ ျဖစ္ေနတယ္လို႔ ၄င္းက ေျပာဆုိသြားခဲ့ပါတယ္။

ဂ်ဴဗင္တပ္ အသင္းဟာ လီဗာပူးအသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ မရေတာ့တ့ဲ ေနာက္ခံလူ လုိဗရန္ကုိ ေခၚယူဖုိ႔ ပစ္မွတ္ထားလာပါတယ္။ ခရုိေအးရွား သား ခံစစ္မွဴးကုိ ေခၚယူဖုိ႔ ရုိးမားအသင္းကလည္း စိတ္ဝင္စားေနၿပီး လက္ရွိအခ်ိန္မွာေတာ့ ခ်ီလီနီရဲ႕ ဒူးဒဏ္ရာေၾကာင့္ ဂ်ဴဗင္တပ္ အသင္းက အခုလုိပဲ လုိဗရန္ကို ပစ္မွတ္ထားလာတာပါ။

လီဗာပူး ကစားသမားေဟာင္းၾကီး ကာေရဂါ ဟာ လက္ရွိ ပရီးမီးယားလိဂ္ မွာ လီဗာပူး ကြင္းလယ္ကစားသမား ဖာဘင္ဟို ဟာ အေကာင္းဆံုး ကြင္းလယ္ ကစားသမားတစ္ဦးအျဖစ္ ရွိေနျပီး မန္စီးတီးရဲ႕ ဖာနန္ဒင္ဟိုထက္ သာေနျပီလို႔ မွတ္ခ်က္ျပဳလိုက္ပါတယ္။

မာေနးရဲ႕ ေပါက္ကြဲမႈေတြ ျမင္ခဲ့ရေပမယ့္ လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ကေတာ့ တိုက္စစ္မွဴး ဆာလက္ကို ဂိုးေရွ႕မွာ တစ္ကိုယ္ေကာင္း သိပ္မဆန္ဖို႕ ေတာင္းဆုိ သြားမွာ မဟုတ္ဘူးလို႕ ေျပာဆိုလိုက္ပါတယ္။

ဘန္ေလနဲ႕ ပြဲအျပီးမွာ လီဗာပူးအသင္းဟာ ကလပ္အသင္း သမိုင္းတေလ်ာက္ စံခ်ိန္သစ္ တစ္ခု အေနနဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၃ ပြဲ ဆက္တိုက္ အနိုင္ရရွိတာ ျဖစ္လာခဲ့ပါတယ္။

လီဗာပူး ဗဟိုခံစစ္မွဴး ဗန္ဒိုက္ကေတာ့ ပရီးမီးယားလိဂ္ ၁၃ ပြဲ ဆက္ နုိင္တာက ဆုဖလား ေအာင္ျမင္မႈေတြ ရရွိတာ မဟုတ္ေသးဘူးလို႔ သတိေပးလိုက္ျပီး ဆက္လက္ၾကိဳးစားဖို႔ အသင္းေဖာ္ေတြအား တိုက္တြန္းစကား ဆိုလိုက္ပါတယ္။

UNICODE –

လီဗာပူး ခံစစ်မှူးဟောင်း စကာတယ်လ်ဟာ အီတလီ စီးရီးအေကလပ် အတ္တလန်တာအသင်းနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။ အသက် ၃၄ နှစ်အရွယ် ခံစစ်မှူးဟာ အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ နေရာမရနိုင်ဘူးလို့ သိရတဲ့နောက် နည်းပြနဲ့ နှစ်ဦးသဘောတူညီချက် ရယူကာ အသင်းကိုရောက်ပြီး ၃ ပတ်အကြာမှာပဲ စာချုပ်ဖျက်သိမ်းခဲ့တာပါ။

ဖီဖာရဲ့ အကောင်းဆုံးအမျိုးသား ကစားသမား ဆုအတွက် စကာတင် သုံးဦးစာရင်းမှာ ဗန်ဒိုက်၊ မက်ဆီ၊ ရော်နယ်ဒိုတို့ ပါဝင်လာပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ဆုပေးမှာဖြစ်ပါတယ်။ ဂိုးသမား အယ်လီဆန်က ဂိုးသမားအတွက် အကောင်းဆုံး သုံးဦး ဆန်ကာတင်မှာ အီဒါဆန်၊ တာစတီဂန်တို့နဲ့အတူ ပါဝင်လာခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ လူငယ်ကြယ်ပွင့် ဘော်ဘီဒန်ကန့်ဟာ အီတလီကလပ် ဖီအိုရင်တီးနားထံ ပေါင် ၂ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရသွားပါပြီ။ လီဗာပူးဘက်က အနာဂတ် အပြောင်းအရွှေ့ကနေ ၂၀% အကျိုးခံစားခွင့် ရမယ့်အချက်လည်း ပါဝင်ခဲ့ပါတယ်။

လီဗာပူး ဘယ်ခြမ်း ခံစစ်မှူး အန်ဒီ ရော်ဘတ်ဆန်က အသင်း တိုက်စစ်မှူး ဖာမီနို ရဲ့ အရေးပါမှုကို ပြောပြသွားခဲ့ပြီး လီဗာပူးအသင်းဟာ ဖာမီနိုသာ မရှိရင် လမ်းပျောက် နေလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ဘရာဇီး သားရဲ့ အလုပ်လုပ်နှုန်းတွေဟာ အသင်းရဲ့ တိုက်စစ်သာမက ခံစစ်အတွက်ပါ အများကြီး အထောက်အကူ ဖြစ်နေတယ်လို့ ၎င်းက ပြောဆိုသွားခဲ့ပါတယ်။

ဂျူဗင်တပ် အသင်းဟာ လီဗာပူးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် မရတော့တဲ့ နောက်ခံလူ လိုဗရန်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာပါတယ်။ ခရိုအေးရှား သား ခံစစ်မှူးကို ခေါ်ယူဖို့ ရိုးမားအသင်းကလည်း စိတ်ဝင်စားနေပြီး လက်ရှိအချိန်မှာတော့ ချီလီနီရဲ့ ဒူးဒဏ်ရာကြောင့် ဂျူဗင်တပ် အသင်းက အခုလိုပဲ လိုဗရန်ကို ပစ်မှတ်ထားလာတာပါ။

လီဗာပူး ကစားသမားဟောင်းကြီး ကာရေဂါ ဟာ လက်ရှိ ပရီးမီးယားလိဂ် မှာ လီဗာပူး ကွင်းလယ်ကစားသမား ဖာဘင်ဟို ဟာ အကောင်းဆုံး ကွင်းလယ် ကစားသမားတစ်ဦးအဖြစ် ရှိနေပြီး မန်စီးတီးရဲ့ ဖာနန်ဒင်ဟိုထက် သာနေပြီလို့ မှတ်ချက်ပြုလိုက်ပါတယ်။

မာနေးရဲ့ ပေါက်ကွဲမှုတွေ မြင်ခဲ့ရပေမယ့် လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကတော့ တိုက်စစ်မှူး ဆာလက်ကို ဂိုးရှေ့မှာ တစ်ကိုယ်ကောင်း သိပ်မဆန်ဖို့ တောင်းဆို သွားမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ဘန်လေနဲ့ ပွဲအပြီးမှာ လီဗာပူးအသင်းဟာ ကလပ်အသင်း သမိုင်းတလျောက် စံချိန်သစ် တစ်ခု အနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ပွဲ ဆက်တိုက် အနိုင်ရရှိတာ ဖြစ်လာခဲ့ပါတယ်။

လီဗာပူး ဗဟိုခံစစ်မှူး ဗန်ဒိုက်ကတော့ ပရီးမီးယားလိဂ် ၁၃ ပွဲ ဆက် နိုင်တာက ဆုဖလား အောင်မြင်မှုတွေ ရရှိတာ မဟုတ်သေးဘူးလို့ သတိပေးလိုက်ပြီး ဆက်လက်ကြိုးစားဖို့ အသင်းဖော်တွေအား တိုက်တွန်းစကား ဆိုလိုက်ပါတယ်။