မန္ယူအသင္းဟာ လက္ရွိေဘာလံုးရာသီအကုန္မွာ အသင္းနဲ႔ စာခ်ဳပ္ သက္တမ္းကုန္ဆံုးမယ့္ ဂိုးသမား ဒီဂီယာကို လာမယ့္ ေဆာင္းရာသီ အေျပာင္းအေရႊ႕မွာ ေရာင္းခ်ၿပီး အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ ဂုိးသမား အုိဘလက္ခ္ကို ေခၚယူဖို႔ ၾကံရြယ္လာပါတယ္။

ဒီဂီယာက မန္ယူရဲ႕ တစ္ပတ္လုပ္ခ ေပါင္ (၃) သိန္းခြဲတန္ ကာလရွည္ စာခ်ဳပ္ကမ္းလွမ္းထားတာကို သေဘာတူလက္ခံဟန္ ျပခဲ့ေပမယ့္ လက္ရွိအခ်ိန္္အထိ လက္မွတ္မထိုးေသးတာေၾကာင့္ မန္ယူအသင္းဘက္က အခုလုိပဲ ျပင္ဆင္လာခ့ဲတာ ျဖစ္ပါတယ္။

မန္ယူ ဗဟိုခံစစ္မွဴးသစ္ ဟယ္ရီ မက္ဂြဲရားက မန္ခ်က္စတာယူနုိက္တက္ဟာ ယခင္ကကဲ့သလို႔ ေအာင္ျမင္မွဳေတြ ျပန္လည္ ရရွိနုိင္ဖုိ႔ ဆိုရင္ မန္ယူဂႏၵဝင္ ကစားသမားေဟာင္း အဲရစ္ ကန္တုိနာကဲ့သို႔ ဟိတ္ဟန္ မာန္ အျပည့္ရွိတဲ့ ကစားသမားမ်ိဳး လိုအပ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကား သြားခဲ့ပါတယ္။

အဂၤလန္အသင္း နည္းျပ ေဆာက္ဂိတ္ကေတာ့ မန္ယူ ကြင္းလယ္ကစားသမား ျဖစ္သူ လင္ဂတ္ဟာ နိုင္ငံအသင္းအတြက္ အေရးပါတဲ့ ကစားသမား ျဖစ္တာေၾကာင့္ လက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ခဲ့ျခင္း ျဖစ္တယ္လို႕ ဆိုသြားခဲ့ပါတယ္။

မန္ယူ ၀ါရင့္ ကြင္းလယ္ကစားသမား မာတာကေတာ့ ျပီးခ့ဲတ့ဲ ေဆာက္သမ္တန္နဲ႔ပြဲစဥ္မွာ ေျခစြမ္းျပ ကစားႏိုင္ခ့ဲတ့ဲ ေတာင္ပံတိုက္စစ္သမားေလး ဂ်ိမ္းစ္ကို ခ်ီးက်ဴး စကားဆိုသြားခ့ဲပါတယ္။ ဂ်ိမ္းစ္ဟာ ၄ပဲြကစားျပီးခ်ိန္မွာ ၃ ဂိုးသြင္းထားျပီး ျဖစ္ပါတယ္။

အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မွာပဲ ဒါမီးယန္းက စီးရီးေအ ကလပ္ပါးမားအသင္းထံ ေျပာင္းေရႊ႕သြားခဲ့ျပီ ျဖစ္ကာ ပါးမားမွာ ၂၀၂၃ အထိရွိေနမယ့္ ၄နွစ္ စာခ်ဴပ္ ခ်ဳပ္ဆိုခ့ဲတာျဖစ္ပါတယ္။

မန္ယူ ကစားသမားေဟာင္း စေမာလင္းဟာ အသင္းသစ္ ရိုးမားနဲ႕ လာဇီယို အသင္းတို႕ တစ္ဖက္ တစ္ဂိုးစီ သေရ က်ခဲ့တဲ့ ပြဲစဥ္မွာ ရိုးမား အသင္းရဲ႕ အရန္လူစာရင္းမွာ ပါ၀င္လာခဲ့ပါတယ္။ ဒါေပမယ့္ လူစား၀င္ ကစားခြင့္ေတာ့ မရရိွခဲ့ပါဘူး။

UNICODE

မန်ယူအသင်းဟာ လက်ရှိဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ် သက်တမ်းကုန်ဆုံးမယ့် ဂိုးသမား ဒီဂီယာကို လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ ရောင်းချပြီး အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ဂိုးသမား အိုဘလက်ခ်ကို ခေါ်ယူဖို့ ကြံရွယ်လာပါတယ်။

ဒီဂီယာက မန်ယူရဲ့ တစ်ပတ်လုပ်ခ ပေါင် (၃) သိန်းခွဲတန် ကာလရှည် စာချုပ်ကမ်းလှမ်းထားတာကို သဘောတူလက်ခံဟန် ပြခဲ့ပေမယ့် လက်ရှိအချိန်အထိ လက်မှတ်မထိုးသေးတာကြောင့် မန်ယူအသင်းဘက်က အခုလိုပဲ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

မန်ယူ ဗဟိုခံစစ်မှူးသစ် ဟယ်ရီ မက်ဂွဲရားက မန်ချက်စတာယူနိုက်တက်ဟာ ယခင်ကကဲ့သလို့ အောင်မြင်မှုတွေ ပြန်လည် ရရှိနိုင်ဖို့ ဆိုရင် မန်ယူဂန္ဒဝင် ကစားသမားဟောင်း အဲရစ် ကန်တိုနာကဲ့သို့ ဟိတ်ဟန် မာန် အပြည့်ရှိတဲ့ ကစားသမားမျိုး လိုအပ်ကြောင်း ထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။

အင်္ဂလန်အသင်း နည်းပြ ဆောက်ဂိတ်ကတော့ မန်ယူ ကွင်းလယ်ကစားသမား ဖြစ်သူ လင်ဂတ်ဟာ နိုင်ငံအသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်တာကြောင့် လက်ရွေးစင်အသင်းမှာ ရွေးချယ်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။

မန်ယူ ဝါရင့် ကွင်းလယ်ကစားသမား မာတာကတော့ ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ တောင်ပံတိုက်စစ်သမားလေး ဂျိမ်းစ်ကို ချီးကျူး စကားဆိုသွားခဲ့ပါတယ်။ ဂျိမ်းစ်ဟာ ၄ပွဲကစားပြီးချိန်မှာ ၃ ဂိုးသွင်းထားပြီး ဖြစ်ပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးရက်မှာပဲ ဒါမီးယန်းက စီးရီးအေ ကလပ်ပါးမားအသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ကာ ပါးမားမှာ ၂၀၂၃ အထိရှိနေမယ့် ၄နှစ် စာချူပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

မန်ယူ ကစားသမားဟောင်း စမောလင်းဟာ အသင်းသစ် ရိုးမားနဲ့ လာဇီယို အသင်းတို့ တစ်ဖက် တစ်ဂိုးစီ သရေ ကျခဲ့တဲ့ ပွဲစဉ်မှာ ရိုးမား အသင်းရဲ့ အရန်လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့် လူစားဝင် ကစားခွင့်တော့ မရရှိခဲ့ပါဘူး။