ZAWGYI – ဘရိုက္တန္နဲ႕ ပြဲမွာ ထိခိုက္သြားတဲ့ လာေပၚေတး အေျခအေနနဲ႕ ပတ္သတ္ျပီး ဂြာဒီယိုလာက – ” သူ ေဆးရံုကို သြားပါျပီ။ ၾကည့္ရတာေတာ့ အေျခအေနေကာင္းပံု မရဘူး။ ဆရာ၀န္က စစ္ေဆးျပီး က်ေနာ့္ကို ဆက္သြယ္ေျပာဆိုမွာပါ.. အခ်ိန္ေတာ့ ယူဦးမွာေပါ့။” လို႕ ေျပာၾကားခဲ့ပါတယ္။

လာေပၚေတး ဒဏ္ရာရသြားတာေၾကာင့္ မန္စီးတီးဟာ ေနာက္တန္း ျပသနာအနည္းငယ္ ရင္ဆိုင္ရလွ်က္ ရွိေနပါတယ္။ ပက္ ဂြာဒီယိုလာ ကေတာ့ ကြန္ပနီ ေနရာကို အစားထိုးဖို႔ စဥ္းစားခဲ့သည့္တိုင္ေအာင္ အသင္းမွာက ေငြေၾကးသံုးစြဲဖို႔ မလံုေလာက္ေတာ့တာေၾကာင့္ ကစားသမားသစ္ ထပ္ မေခၚျဖစ္ခဲ့ျခင္း ျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ဥေရာပ အေျပာင္းအေရႊ႕ကာလ ပိတ္ခါနီးမွာပဲ စီးတီးလူငယ္ကစားသမား ဖီးလ္ ဖိုဒန္ကို အငွားေခၚယူဖို႔ ရိမ္းဂ်ားစ္နဲ႕ ရိုးမားအသင္းတို႔က အသီးသီး ဆက္သြယ္ေမးျမန္းမႈေတြ ျပဳလုပ္လာပါတယ္။ ဒါေပမယ့္ အသင္းၾကီးမွာ ဖိုဒန္ကို အခြင့္အေရးေပးဖို႔ ၾကံရြယ္ထားတဲ့ ဂြာဒီယိုလာ ကေတာ့ ကမ္းလွမ္းမႈေတြကို ျငင္းပယ္ခဲ့ပါတယ္။

စီးတီးတိုက္စစ္မွဴး အဂြယ္ရိုရဲ႕ အရည္အခ်င္းက အံ့မခန္းျဖစ္ျပီး ပရီးမီးယားလိဂ္မွာ အေကာငး္ဆံုး အေထာင္ တိုက္စစ္မွဴးပဲလို႔ ဒန္နီေမးစ္က ခ်ီးက်ဴးလိုက္ပါတယ္။ ၄င္းကပဲ အဂြယ္ရိုရဲ႕ ေျခစြမ္းေကာင္းကို ေတာက္ေလ်ာက္ထိန္းထားနိုင္မႈက ထူးခၽြန္လြန္းတယ္လို႔ ဆိုလိုက္ပါတယ္။

ျပီးခဲ့တဲ့ ဆယ္နွစ္အတြင္း ကစားသမားေခၚယူဖုိ႔ ေျပာင္းေရႊ႕ေၾကး အမ်ားဆုံး သုံးစဲြခဲ့တဲ့ ကလပ္အသင္းေတြထဲမွာ မန္စီးတီးအသင္းက စုစုေပါင္း ေျပာင္းေရႊ႕ေၾကးအသုံးစရိတ္က ေပါင္ (၁.၅၂) ဘီလီယံအထိ ရွိခဲ့ကာ အမ်ားဆံုး ျဖစ္တယ္လို႔ သိရပါတယ္။

နည္းျပ ပက္ ဂြာဒီယုိလာလက္ထက္မွာ ေပါင္ သန္း (၅၀) နဲ႔အထက္ေပးၿပီး ေခၚယူခဲ့တာက ကစားသမား (၉) ဦးအထိ ရွိၿပီး ဒီေႏြရာသီ တစ္ခုတည္း မွာပဲ အသုံးစရိတ္က ေပါင္သန္း(၁၀၀) ေက်ာ္ရွိခဲ့ပါတယ္လို႔ စစ္တမ္းမ်ားမွာ ေဖာ္ျပလာခဲ့တာပါ။

မန္ယူ၊ ခ်ယ္ဆီး၊ စပါး၊ အာဆင္နယ္ အသင္းတို႔ အားလံုး သေရရလာဒ္ေတြ ထြက္ေပၚ အျပီးမွာေတာ့ ၊ ပရီးမီးယားလိဂ္ ျပိဳင္ပြဲဟာ ပြဲစဥ္ ၄ အျပီးမွာပဲ မန္စီးတီး နဲ႔ လီဗာပူး တို႔ပဲ အားျပိဳင္ၾကဦးမယ့္ ျပိဳင္ပြဲတစ္ခု ဆိုတာ အေျဖေပၚသြားျပန္ျပီလို႔ ေဘာလံုးကြ်မ္းက်င္သူေတြက သံုးသပ္ လုိက္ၾကပါတယ္။

UNICODE –

ဘရိုက်တန်နဲ့ ပွဲမှာ ထိခိုက်သွားတဲ့ လာပေါ်တေး အခြေအနေနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက – ” သူ ဆေးရုံကို သွားပါပြီ။ ကြည့်ရတာတော့ အခြေအနေကောင်းပုံ မရဘူး။ ဆရာဝန်က စစ်ဆေးပြီး ကျနော့်ကို ဆက်သွယ်ပြောဆိုမှာပါ.. အချိန်တော့ ယူဦးမှာပေါ့။” လို့ ပြောကြားခဲ့ပါတယ်။

လာပေါ်တေး ဒဏ်ရာရသွားတာကြောင့် မန်စီးတီးဟာ နောက်တန်း ပြသနာအနည်းငယ် ရင်ဆိုင်ရလျှက် ရှိနေပါတယ်။ ပက် ဂွာဒီယိုလာ ကတော့ ကွန်ပနီ နေရာကို အစားထိုးဖို့ စဉ်းစားခဲ့သည့်တိုင်အောင် အသင်းမှာက ငွေကြေးသုံးစွဲဖို့ မလုံလောက်တော့တာကြောင့် ကစားသမားသစ် ထပ် မခေါ်ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဥရောပ အပြောင်းအရွှေ့ကာလ ပိတ်ခါနီးမှာပဲ စီးတီးလူငယ်ကစားသမား ဖီးလ် ဖိုဒန်ကို အငှားခေါ်ယူဖို့ ရိမ်းဂျားစ်နဲ့ ရိုးမားအသင်းတို့က အသီးသီး ဆက်သွယ်မေးမြန်းမှုတွေ ပြုလုပ်လာပါတယ်။ ဒါပေမယ့် အသင်းကြီးမှာ ဖိုဒန်ကို အခွင့်အရေးပေးဖို့ ကြံရွယ်ထားတဲ့ ဂွာဒီယိုလာ ကတော့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ပါတယ်။

စီးတီးတိုက်စစ်မှူး အဂွယ်ရိုရဲ့ အရည်အချင်းက အံ့မခန်းဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အကောင်းဆုံး အထောင် တိုက်စစ်မှူးပဲလို့ ဒန်နီမေးစ်က ချီးကျူးလိုက်ပါတယ်။ ၎င်းကပဲ အဂွယ်ရိုရဲ့ ခြေစွမ်းကောင်းကို တောက်လျောက်ထိန်းထားနိုင်မှုက ထူးချွန်လွန်းတယ်လို့ ဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း ကစားသမားခေါ်ယူဖို့ ပြောင်းရွှေ့ကြေး အများဆုံး သုံးစွဲခဲ့တဲ့ ကလပ်အသင်းတွေထဲမှာ မန်စီးတီးအသင်းက စုစုပေါင်း ပြောင်းရွှေ့ကြေးအသုံးစရိတ်က ပေါင် (၁.၅၂) ဘီလီယံအထိ ရှိခဲ့ကာ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

နည်းပြ ပက် ဂွာဒီယိုလာလက်ထက်မှာ ပေါင် သန်း (၅၀) နဲ့အထက်ပေးပြီး ခေါ်ယူခဲ့တာက ကစားသမား (၉) ဦးအထိ ရှိပြီး ဒီနွေရာသီ တစ်ခုတည်း မှာပဲ အသုံးစရိတ်က ပေါင်သန်း(၁၀၀) ကျော်ရှိခဲ့ပါတယ်လို့ စစ်တမ်းများမှာ ဖော်ပြလာခဲ့တာပါ။

မန်ယူ၊ ချယ်ဆီး၊ စပါး၊ အာဆင်နယ် အသင်းတို့ အားလုံး သရေရလာဒ်တွေ ထွက်ပေါ် အပြီးမှာတော့ ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ပွဲစဉ် ၄ အပြီးမှာပဲ မန်စီးတီး နဲ့ လီဗာပူး တို့ပဲ အားပြိုင်ကြဦးမယ့် ပြိုင်ပွဲတစ်ခု ဆိုတာ အဖြေပေါ်သွားပြန်ပြီလို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ် လိုက်ကြပါတယ်။