ပရီးမီးယားလိဂ္ၾကယ္ပြင့္ေဟာင္း မတ္ခီလီလီက လက္ရွိ လီဗာပူးတိုက္စစ္သမား မာေနးဟာ ေစာင့္ၾကည့္ဖို႔ေကာင္းေအာင္ကို ထူးခၽြန္သူျဖစ္ျပီး သူဟာ မက္ဆီ၊ ေရာ္နယ္ဒိုတို႔လို တိုက္စစ္သမားမ်ိဳး ျဖစ္လာေနသူလို႔ ခ်ီးက်ဴးစကား ေျပာဆိုပါတယ္။

လီဗာပူး ေတာင္ပံတိုက္စစ္သမား ဆာဒီယိုမာေနးဟာ ျပီးခဲ႔တဲ႔ ေဘာလုံးရာသီမွာ ေျခစြမ္း သိသိသာသာ တက္လာခဲ့ျပီး လီဗာပူး အသင္းအတြက္ ျပိဳင္ပြဲစုံ သြင္းဂိုးေပါင္း (၂၆)ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ မႏွစ္တုန္းက ပရီးမီးယားလိဂ္ေရႊဖိနပ္ဆုကိုလည္း အသင္းေဖာ္ မိုဆာလာ၊ အာဆင္နယ္ တိုက္စစ္မွဴး ေအာ္ဘာမီရန္းတို႔နဲ႔အတူ ပူးတဲြရရွိခဲ႔ပါတယ္။

မၾကာေသးခင္က ခ်ီးျမင့္ခဲ့တဲ့ UEFA တစ္ႏွစ္တာအေကာင္းဆံုးဆုအတြက္ ဆန္ကာတင္စာရင္းမွာ မက္ဆီ၊ ေရာ္နယ္ဒိုတို႔နဲ႔ ျပိဳင္ဘက္အျဖစ္ ပါဝင္ခဲ့ေသးတဲ့ မာေနးဟာ အဆင့္ ငါးေနရာကေန ရပ္တည္ခဲ့သူလည္းျဖစ္တယ္။ သူဟာ ဘလြန္းဒီေအာ့ရဖို႔ နာမည္ၾကီးသူေတြထဲ ပါဝင္ေနသူတစ္ဦးလည္း ျဖစ္ပါတယ္။

မတ္ခီလီလီကပဲ “မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ဟာ အမ်ားၾကီး ခ်ီးက်ဴးဖို႔ေတာင္ မလိုေတာ့သူေတြပါ။ သူတို႔က တကယ္ကို ထိပ္တန္းအဆင့္ ကစားသမားေတြျဖစ္တယ္။ ဒါေပမယ့္ က်ေနာ္ကေတာ့ မာေနးကို ေစာင့္ၾကည့္ရတာကို သေဘာက်ေနမိပါတယ္။ ဒီႏွစ္ေတြအတြင္းမွာ ျပသခဲ့တဲ့ေျခစြမ္းအရ သူဟာ မက္ဆီ၊ ေရာ္နယ္ဒိုတို႔နဲ႔ ယွဥ္ျပိဳင္လုိ႔ရသူျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဒီရာသီမွာလည္း လီဗာပူးတိုက္စစ္အတြက္ ဆာလက္၊ ဖာမင္ႏိုနဲ႔ တြဲဘက္ျပီး ေျခစြမ္းျ့ပေနတဲ့ မာေနး ဘယ္ေလာက္ထိ တိုးတက္လာမလဲဆိုတာက စိတ္ဝင္စား ေစာင့္ၾကည့္ခံေနရတာပဲ ျဖစ္ပါတယ္။

UNICODE

ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်း မတ်ခီလီလီက လက်ရှိ လီဗာပူးတိုက်စစ်သမား မာနေးဟာ စောင့်ကြည့်ဖို့ကောင်းအောင်ကို ထူးချွန်သူဖြစ်ပြီး သူဟာ မက်ဆီ၊ ရော်နယ်ဒိုတို့လို တိုက်စစ်သမားမျိုး ဖြစ်လာနေသူလို့ ချီးကျူးစကား ပြောဆိုပါတယ်။

လီဗာပူး တောင်ပံတိုက်စစ်သမား ဆာဒီယိုမာနေးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ခြေစွမ်း သိသိသာသာ တက်လာခဲ့ပြီး လီဗာပူး အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုးပေါင်း (၂၆)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မနှစ်တုန်းက ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုလည်း အသင်းဖော် မိုဆာလာ၊ အာဆင်နယ် တိုက်စစ်မှူး အော်ဘာမီရန်းတို့နဲ့အတူ ပူးတွဲရရှိခဲ့ပါတယ်။

မကြာသေးခင်က ချီးမြင့်ခဲ့တဲ့ UEFA တစ်နှစ်တာအကောင်းဆုံးဆုအတွက် ဆန်ကာတင်စာရင်းမှာ မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ ပြိုင်ဘက်အဖြစ် ပါဝင်ခဲ့သေးတဲ့ မာနေးဟာ အဆင့် ငါးနေရာကနေ ရပ်တည်ခဲ့သူလည်းဖြစ်တယ်။ သူဟာ ဘလွန်းဒီအော့ရဖို့ နာမည်ကြီးသူတွေထဲ ပါဝင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

မတ်ခီလီလီကပဲ “မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ အများကြီး ချီးကျူးဖို့တောင် မလိုတော့သူတွေပါ။ သူတို့က တကယ်ကို ထိပ်တန်းအဆင့် ကစားသမားတွေဖြစ်တယ်။ ဒါပေမယ့် ကျနော်ကတော့ မာနေးကို စောင့်ကြည့်ရတာကို သဘောကျနေမိပါတယ်။ ဒီနှစ်တွေအတွင်းမှာ ပြသခဲ့တဲ့ခြေစွမ်းအရ သူဟာ မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ ယှဉ်ပြိုင်လို့ရသူဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒီရာသီမှာလည်း လီဗာပူးတိုက်စစ်အတွက် ဆာလက်၊ ဖာမင်နိုနဲ့ တွဲဘက်ပြီး ခြေစွမ်းြ့ပနေတဲ့ မာနေး ဘယ်လောက်ထိ တိုးတက်လာမလဲဆိုတာက စိတ်ဝင်စား စောင့်ကြည့်ခံနေရတာပဲ ဖြစ်ပါတယ်။