မန္ယူအသင္းဟာ အကူးအေျပာင္းကာလေတြကို ရင္ဆိုင္ေနရတာျဖစ္ျပီး ကစားသမား အမ်ားအျပား ေရာင္းထုတ္မႈ၊ ရွင္းထုတ္မႈေတြနဲ႔ ျပန္လည္ေခၚယူမႈေတြကို စတင္လာေနခဲ့တာပါ။

သရဲနီေဟာင္းၾကီး ဆာဟာကေတာ့ မန္ယူကေန ထြက္ခြာဖို႔ သတင္းေတြ အမ်ားအျပားရွိေနခဲ့တဲ့ ကြင္းလယ္လူေပါ့ဘာဟာ ဆိုးရွား ပိုင္ဆုိင္ထားတဲ့ တစ္ဦးတည္းေသာ ကမၻာ့အဆင့္ကစားသမားျဖစ္ျပီး အနာဂတ္မွာလည္း အေရးပါတဲ့ေနရာကေန ပါ၀င္ေပးရမယ့္သူလို႔ သံုးသပ္မႈ လုပ္သြားခဲ့ပါတယ္။

ဆာဟာက ” ေပါ့ဘာဟာ ကမၻာအဆင့္ေရာက္လာဖို႔ အလားအလာရွိသူပါ။ သူက ဘလြန္းဒီေအာ့ဆုကို အႏုိင္ရဖို႔လည္း အရည္အခ်င္းရွိပါတယ္။ ယူႏုိက္တက္ရဲ႕ ကစားသမားေတြကို ေလးစားမႈ မထားတာေတာ့ မဟုတ္ဘူး ဒါေပမယ့္ လက္ရွိ ယူႏုိက္တက္မွာ ကမၻာ့အဆင့္ကစားသမားက ေပါ့ဘာတစ္ဦးတည္း ရွိပါတယ္

ဒါေၾကာင့္လည္း ေပါ့ဘာက ေစာင့္ၾကည့္မႈေတြ အျမဲတမ္း ပိုင္ဆိုင္ေနျပီး သူေျခစြမ္းမျပႏုိင္ရင္ အျခားကစားသမားေတြထက္ ပိုေဝဖန္ခံရပါတယ္။ သူကလည္း ၾကိဳးစားေပမယ့္ အသင္းေဖာ္ေတြထံက အကူအညီ မရပါဘူး ”လုိ႔ ဆိုခဲ့တာျဖစ္တယ္။

ေႏြအေျပာင္းအေရႊ႔မွာ ဂ်ဴဗင္တပ္၊ ရီးရဲလ္မက္ဒရစ္တို႔နဲ႔ သတင္းၾကီးေတြ ထြက္ထာခဲ့တဲ့ ေပါ့ဘာဟာ အသင္းမွာ ဆက္ရွိေနသူျဖစ္တယ္။ ခ်ယ္ဆီးနဲ႔ပြဲမွာ ေျခစြမ္းျပခဲ့ေပမယ့္ ေနာက္ပိုင္း သံုးပြဲမွာေတာ့ ပံုမွန္ေျခစြမ္းရဖို႔ ရုန္းကန္ေနရျပီး ရလဒ္မေကာင္းျဖစ္ေနတဲ့ မန္ယူအသင္းမွာ ေဝဖန္ခံေနရသူ တစ္ဦးလည္း ျဖစ္ပါတယ္။

UNICODE

မန်ယူအသင်းဟာ အကူးအပြောင်းကာလတွေကို ရင်ဆိုင်နေရတာဖြစ်ပြီး ကစားသမား အများအပြား ရောင်းထုတ်မှု၊ ရှင်းထုတ်မှုတွေနဲ့ ပြန်လည်ခေါ်ယူမှုတွေကို စတင်လာနေခဲ့တာပါ။

သရဲနီဟောင်းကြီး ဆာဟာကတော့ မန်ယူကနေ ထွက်ခွာဖို့ သတင်းတွေ အများအပြားရှိနေခဲ့တဲ့ ကွင်းလယ်လူပေါ့ဘာဟာ ဆိုးရှား ပိုင်ဆိုင်ထားတဲ့ တစ်ဦးတည်းသော ကမ္ဘာ့အဆင့်ကစားသမားဖြစ်ပြီး အနာဂတ်မှာလည်း အရေးပါတဲ့နေရာကနေ ပါဝင်ပေးရမယ့်သူလို့ သုံးသပ်မှု လုပ်သွားခဲ့ပါတယ်။

ဆာဟာက ” ပေါ့ဘာဟာ ကမ္ဘာအဆင့်ရောက်လာဖို့ အလားအလာရှိသူပါ။ သူက ဘလွန်းဒီအော့ဆုကို အနိုင်ရဖို့လည်း အရည်အချင်းရှိပါတယ်။ ယူနိုက်တက်ရဲ့ ကစားသမားတွေကို လေးစားမှု မထားတာတော့ မဟုတ်ဘူး ဒါပေမယ့် လက်ရှိ ယူနိုက်တက်မှာ ကမ္ဘာ့အဆင့်ကစားသမားက ပေါ့ဘာတစ်ဦးတည်း ရှိပါတယ်

ဒါကြောင့်လည်း ပေါ့ဘာက စောင့်ကြည့်မှုတွေ အမြဲတမ်း ပိုင်ဆိုင်နေပြီး သူခြေစွမ်းမပြနိုင်ရင် အခြားကစားသမားတွေထက် ပိုဝေဖန်ခံရပါတယ်။ သူကလည်း ကြိုးစားပေမယ့် အသင်းဖော်တွေထံက အကူအညီ မရပါဘူး ”လို့ ဆိုခဲ့တာဖြစ်တယ်။

နွေအပြောင်းအရွှေ့မှာ ဂျူဗင်တပ်၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ သတင်းကြီးတွေ ထွက်ထာခဲ့တဲ့ ပေါ့ဘာဟာ အသင်းမှာ ဆက်ရှိနေသူဖြစ်တယ်။ ချယ်ဆီးနဲ့ပွဲမှာ ခြေစွမ်းပြခဲ့ပေမယ့် နောက်ပိုင်း သုံးပွဲမှာတော့ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပြီး ရလဒ်မကောင်းဖြစ်နေတဲ့ မန်ယူအသင်းမှာ ဝေဖန်ခံနေရသူ တစ်ဦးလည်း ဖြစ်ပါတယ်။