အိမ္ကြင္းမွာ စပါးနဲ႔ သေရက်ခဲ့ျခင္းေၾကာင့္ အာဆင္နယ္ဟာ ရမွတ္ ၇ မွတ္နဲ႔ အဆင့္ ၅ ေနရာမွာ ရပ္တည္ေနခဲ့တယ္။ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း အလန္ရွီးယားကေတာ့ အာဆင္နယ္ဟာ ခံစစ္မွာ အမွားမ်ားေနျပီး ဒီတိုင္းဆိုရင္ ဒုကၡေတြ႔လိမ့္မယ္လို႔ ဆိုပါတယ္။

မႏွစ္ကရာသီ ေပးဂိုး ၅၁ ဂိုးအထိ ခြင့္ျပဳထားခဲ့ရတဲ့ အာဆင္နယ္ဟာ ဒီရာသီမွာ လူးဝစ္၊ တီရာေနးတို႔ကို ေခၚယူထားေပမယ့္ ခံစစ္ကစားပံု တိုးတက္လာျခင္း မရွိေသးသလို ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ ရင္ဆိုင္ခဲ့ရတဲ့ နယူးကာဆယ္နဲ႔ ပြဲ clean sheet ရအျပီး က်န္ ၃ ပြဲလံုးမွာ ဂိုးေတြခြင့္ျပဳထားခဲ႔ရပါတယ္။

ပရီးမီးယားလိဂ္ အေက်ာ္အေမာ္ေဟာင္းၾကီး အလန္ရွီးယားက ” ေျမာက္လန္ဒန္ဒါဘီပြဲအတြင္း ပထမပိုင္မွာ အာဆင္နယ္ရဲ႕ ခံစစ္ ကစားပံုဟာ ရယ္စရာေတာင္ ေကာင္းေနခဲ့ပါတယ္။ စပါးက သြင္းဂိုးေတြကိုရဖို႔ စျပီး ဖန္တီးခဲ့တာကေန အဆံုးသတ္ႏုိင္ခဲ့တဲ့အထိကို ဘယ္ေလာက္ လြယ္ကူစြာ ကစားႏုိင္ခဲ့တယ္ဆိုတာ ျမင္ၾကမွာပါပဲ။

အာဆင္နယ္းရဲ႕ ဒီရာသီ ခံစစ္ေၾကာင္းဟာ မႏွစ္ကရာသီထက္ေတာင္ ပိုဆိုးေနပါတယ္။ တီရာေနး ပါဝင္ကစားႏုိင္ျခင္း မရွိေသးေပမယ္ သူတို႔ရဲ ခံစစ္ပိုင္းဟာ ဘာတိုးတက္မွဳမွ ရွိမလာပါဘူး။ ခံစစ္ဟာ ေရွ႔ဆက္ျပီးလည္း အာဆင္နယ္တို႔ ရင္ဆိုင္ေနရမယ့္ စိတ္ရွဳပ္စရာကိစၥလို႔ က်ေနာ္ ျမင္ပါတယ္။ ခံစစ္ဟာ အာဆင္နယ္အတြက္ ၾကီးမားတဲ့ျပသနာ ျဖစ္ပါတယ္ ” လို႔ သံုးသပ္သြားခဲ့တာျဖစ္ပါတယ္။

လာမယ့္အပတ္မွာ ႏုိင္ငံတကာပြဲေတြေၾကာင့္ လိဂ္ပြဲေတြ ရပ္နားထားမွာျဖစ္ျပီး အမွတ္ေပးပြဲ ျပန္စရင္ေတာ့ အာဆင္နယ္ဟာ ေျခမျငိမ္တဲ့ ဝက္ဖို႔၊ ပဲေလစ့္လို လန္ဒန္ကလပ္ေတြနဲ႔ ဒါဘီပြဲ ကစားရဖို႔ ရွိေနေသးတာျဖစ္ပါတယ္။

UNICODE

အိမ်ကွင်းမှာ စပါးနဲ့ သရေကျခဲ့ခြင်းကြောင့် အာဆင်နယ်ဟာ ရမှတ် ၇ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေခဲ့တယ်။ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အလန်ရှီးယားကတော့ အာဆင်နယ်ဟာ ခံစစ်မှာ အမှားများနေပြီး ဒီတိုင်းဆိုရင် ဒုက္ခတွေ့လိမ့်မယ်လို့ ဆိုပါတယ်။

မနှစ်ကရာသီ ပေးဂိုး ၅၁ ဂိုးအထိ ခွင့်ပြုထားခဲ့ရတဲ့ အာဆင်နယ်ဟာ ဒီရာသီမှာ လူးဝစ်၊ တီရာနေးတို့ကို ခေါ်ယူထားပေမယ့် ခံစစ်ကစားပုံ တိုးတက်လာခြင်း မရှိသေးသလို ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ရင်ဆိုင်ခဲ့ရတဲ့ နယူးကာဆယ်နဲ့ ပွဲ clean sheet ရအပြီး ကျန် ၃ ပွဲလုံးမှာ ဂိုးတွေခွင့်ပြုထားခဲ့ရပါတယ်။

ပရီးမီးယားလိဂ် အကျော်အမော်ဟောင်းကြီး အလန်ရှီးယားက ” မြောက်လန်ဒန်ဒါဘီပွဲအတွင်း ပထမပိုင်မှာ အာဆင်နယ်ရဲ့ ခံစစ် ကစားပုံဟာ ရယ်စရာတောင် ကောင်းနေခဲ့ပါတယ်။ စပါးက သွင်းဂိုးတွေကိုရဖို့ စပြီး ဖန်တီးခဲ့တာကနေ အဆုံးသတ်နိုင်ခဲ့တဲ့အထိကို ဘယ်လောက် လွယ်ကူစွာ ကစားနိုင်ခဲ့တယ်ဆိုတာ မြင်ကြမှာပါပဲ။

အာဆင်နယ်းရဲ့ ဒီရာသီ ခံစစ်ကြောင်းဟာ မနှစ်ကရာသီထက်တောင် ပိုဆိုးနေပါတယ်။ တီရာနေး ပါဝင်ကစားနိုင်ခြင်း မရှိသေးပေမယ် သူတို့ရဲ ခံစစ်ပိုင်းဟာ ဘာတိုးတက်မှုမှ ရှိမလာပါဘူး။ ခံစစ်ဟာ ရှေ့ဆက်ပြီးလည်း အာဆင်နယ်တို့ ရင်ဆိုင်နေရမယ့် စိတ်ရှုပ်စရာကိစ္စလို့ ကျနော် မြင်ပါတယ်။ ခံစစ်ဟာ အာဆင်နယ်အတွက် ကြီးမားတဲ့ပြသနာ ဖြစ်ပါတယ် ” လို့ သုံးသပ်သွားခဲ့တာဖြစ်ပါတယ်။

လာမယ့်အပတ်မှာ နိုင်ငံတကာပွဲတွေကြောင့် လိဂ်ပွဲတွေ ရပ်နားထားမှာဖြစ်ပြီး အမှတ်ပေးပွဲ ပြန်စရင်တော့ အာဆင်နယ်ဟာ ခြေမငြိမ်တဲ့ ဝက်ဖို့၊ ပဲလေစ့်လို လန်ဒန်ကလပ်တွေနဲ့ ဒါဘီပွဲ ကစားရဖို့ ရှိနေသေးတာဖြစ်ပါတယ်။