[ZAWGYI] ဘန္ေလနဲ႕ ပြဲအျပီးမွာ လီဗာပူးအသင္းဟာ ကလပ္အသင္း သမိုင္းတေလ်ာက္ စံခ်ိန္သစ္ တစ္ခု အေနနဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၃ ပြဲ ဆက္တိုက္ အနိုင္ရရွိတာ ျဖစ္လာခဲ့ပါတယ္။ ထို ၁၃ ပြဲထဲမွာ ဒီရာသီက ေလးပြဲအျပင္ ျပီးခဲ့တဲ့ရာသီေနွာင္းပိုင္းက ပြဲစဥ္ေတြပါ ပါ၀င္ေနတာပါ။

လီဗာပူး ဗဟိုခံစစ္မွဴး ဗန္ဒိုက္ကေတာ့ ပရီးမီးယားလိဂ္ ၁၃ ပြဲ ဆက္ နုိင္တာက ဆုဖလား ေအာင္ျမင္မႈေတြ ရရွိတာ မဟုတ္ေသးဘူးလို႔ သတိေပးလိုက္ျပီး ဆက္လက္ၾကိဳးစားဖို႔ အသင္းေဖာ္ေတြအား တိုက္တြန္းစကား ဆိုလိုက္ပါတယ္။

” ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၃ ပြဲဆက္တုိက္ အႏုိင္ရတာ ႀကီးမားတဲ့ ေအာင္ျမင္မႈပါ။ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔ ဆုဖလား ေအာင္ျမင္မႈ ရေသးတာ မဟုတ္ပါဘူး။ အခု အားလပ္ရက္ရပါၿပီ။ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔ ဒီပုံစံအတုိင္း ဆက္သြားၿပီး ေနာက္ထပ္ႏုိင္ပြဲေတြ ရယူခ်င္ပါတယ္။ ”

” အရန္ခုံက ကစားသမားေတြ အပါအဝင္ ကၽြန္ေတာ္တုိ႔ တစ္သင္းလုံးရဲ႕ အရည္အေသြးအရ လီဗာပူးအသင္း ဘယ္ေလာက္ ေကာင္းလဲဆုိတာ အားလုံးသိၾကပါတယ္။ အခုေလာေလာဆယ္ေတာ့ ေနာက္ပြဲအတြက္ပဲ အာ႐ုံစုိက္ထားပါတယ္။ ” လို႔ ဗန္ဒိုက္ က ဆိုပါတယ္။

ဒါ့အျပင္ ဗန္ဒိုက္က ဘန္ေလမတိုင္ခင္ ျပင္ဆင္ေလ့က်င့္မႈေတြကိုလည္း ဖြင့္ဟလိုက္ျပီး အိုရီဂီနဲ႕ ရင္ဆိုင္ခဲ့တာက အက်ိဳးရွိေစခဲ့တယ္လို႔ ဆိုပါတယ္။

” ဘန္ေလက ဘယ္အသင္းအတြက္မဆုိ ကစားရခက္တဲ့ အသင္း ျဖစ္ျပီး ထူးျခားတဲ့ စိန္ေခၚႏုိင္စြမ္းရွိပါတယ္။ ဒီတစ္ပတ္လုံး သူတုိ႔ ကစားလာမယ့္ ပုံစံအတုိင္း ကၽြန္ေတာ္တုိ႔ ေလ့က်င့္ခဲ့ပါတယ္။ အုိရီဂီနဲ႔ ရင္ဆုိင္ ေလ့က်င့္ခဲ့တာ ကံေကာင္းပါတယ္။ ဒီပြဲမွာ အေထာက္အပံ့ ျဖစ္ေစခဲ့တယ္။ ျဖတ္တင္ေဘာ ကန္တင္လုိက္တာနဲ႔ ေဘာလုံးရဖုိ႔ ႀကိဳးစားရမယ္ဆုိတာ ကၽြန္ေတာ္တုိ႔ သိပါတယ္။ အဖြင့္ဂိုးရသြားတာ အဲဒီပုံစံအတုိင္းပါပဲ။ ကၽြန္ေတာ္တုိ႔ သြက္သြက္လက္လက္ တုိက္စစ္ဆင္ ကစားခဲ့တယ္ ” လုိ႔ ဗန္ဒိုက္က ဆိုပါတယ္။

လီဗာပူးအသင္းဟာ ဒီရာသီမွာ ၄ ပြဲကစား ၄ပြဲ နုိင္ျပီး ရာနႈန္းျပည့္ နိုင္ပြဲ ရထားကာ နုိင္ငံတကာ သီတင္းပတ္ မတိုင္ခင္ အမွတ္ေပးဇယား ပထမေနရာမွာ ရွိေနပါတယ္။

[UNICODE] ဘန်လေနဲ့ ပွဲအပြီးမှာ လီဗာပူးအသင်းဟာ ကလပ်အသင်း သမိုင်းတလျောက် စံချိန်သစ် တစ်ခု အနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ပွဲ ဆက်တိုက် အနိုင်ရရှိတာ ဖြစ်လာခဲ့ပါတယ်။ ထို ၁၃ ပွဲထဲမှာ ဒီရာသီက လေးပွဲအပြင် ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းက ပွဲစဉ်တွေပါ ပါဝင်နေတာပါ။

လီဗာပူး ဗဟိုခံစစ်မှူး ဗန်ဒိုက်ကတော့ ပရီးမီးယားလိဂ် ၁၃ ပွဲ ဆက် နိုင်တာက ဆုဖလား အောင်မြင်မှုတွေ ရရှိတာ မဟုတ်သေးဘူးလို့ သတိပေးလိုက်ပြီး ဆက်လက်ကြိုးစားဖို့ အသင်းဖော်တွေအား တိုက်တွန်းစကား ဆိုလိုက်ပါတယ်။

” ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ပွဲဆက်တိုက် အနိုင်ရတာ ကြီးမားတဲ့ အောင်မြင်မှုပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဆုဖလား အောင်မြင်မှု ရသေးတာ မဟုတ်ပါဘူး။ အခု အားလပ်ရက်ရပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီပုံစံအတိုင်း ဆက်သွားပြီး နောက်ထပ်နိုင်ပွဲတွေ ရယူချင်ပါတယ်။ ”

” အရန်ခုံက ကစားသမားတွေ အပါအဝင် ကျွန်တော်တို့ တစ်သင်းလုံးရဲ့ အရည်အသွေးအရ လီဗာပူးအသင်း ဘယ်လောက် ကောင်းလဲဆိုတာ အားလုံးသိကြပါတယ်။ အခုလောလောဆယ်တော့ နောက်ပွဲအတွက်ပဲ အာရုံစိုက်ထားပါတယ်။ ” လို့ ဗန်ဒိုက် က ဆိုပါတယ်။

ဒါ့အပြင် ဗန်ဒိုက်က ဘန်လေမတိုင်ခင် ပြင်ဆင်လေ့ကျင့်မှုတွေကိုလည်း ဖွင့်ဟလိုက်ပြီး အိုရီဂီနဲ့ ရင်ဆိုင်ခဲ့တာက အကျိုးရှိစေခဲ့တယ်လို့ ဆိုပါတယ်။

” ဘန်လေက ဘယ်အသင်းအတွက်မဆို ကစားရခက်တဲ့ အသင်း ဖြစ်ပြီး ထူးခြားတဲ့ စိန်ခေါ်နိုင်စွမ်းရှိပါတယ်။ ဒီတစ်ပတ်လုံး သူတို့ ကစားလာမယ့် ပုံစံအတိုင်း ကျွန်တော်တို့ လေ့ကျင့်ခဲ့ပါတယ်။ အိုရီဂီနဲ့ ရင်ဆိုင် လေ့ကျင့်ခဲ့တာ ကံကောင်းပါတယ်။ ဒီပွဲမှာ အထောက်အပံ့ ဖြစ်စေခဲ့တယ်။ ဖြတ်တင်ဘော ကန်တင်လိုက်တာနဲ့ ဘောလုံးရဖို့ ကြိုးစားရမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အဖွင့်ဂိုးရသွားတာ အဲဒီပုံစံအတိုင်းပါပဲ။ ကျွန်တော်တို့ သွက်သွက်လက်လက် တိုက်စစ်ဆင် ကစားခဲ့တယ် ” လို့ ဗန်ဒိုက်က ဆိုပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီမှာ ၄ ပွဲကစား ၄ပွဲ နိုင်ပြီး ရာနှုန်းပြည့် နိုင်ပွဲ ရထားကာ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် အမှတ်ပေးဇယား ပထမနေရာမှာ ရှိနေပါတယ်။