အာဆင္နယ္တိုက္စစ္မွဴး အူဘာမီယန္က ေျမာက္လန္ဒန္ဒါဘီပြဲမွာ ႏွစ္ဘက္အသင္းဟာ သြင္းဂိုး အမ်ားအျပားေတြနဲ႔ သေရရလဒ္ ထြက္ေပၚခဲ့ေပမယ့္ အာဆင္နယ္က အႏုိုင္ရဖို႔ ထိုက္တန္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာဆိုမႈ လုပ္သြားပါတယ္။

အူဘာမီယန္က ေျပာရာမွာ ” ပထမပိုင္းမွာ သြင္းဂိုး ႏွစ္ဂိုးေလာက္ ရခဲ့သင့္တာပါ။ ဂိုးမရခဲ့တာအတြက္ မေပ်ာ္ရႊင္ပါဘူး။ ဒါေပမယ့္ က်ေနာ္တို႔ အားလုံး ဒီလိုခက္ခဲတဲ့ ပြဲမွာ အေကာင္းဆုံးပံုစံ ျပသႏုိင္ခဲ့ပါတယ္။ သေရရလဒ္ထက္ေတာ့ ပိုမို ထိုက္တန္ခဲ့ပါတယ္။”

” ႏွစ္ဂိုးေပးလိုက္ရေပမယ့္ က်ေနာ္တို႔ ျပန္လည္ ဖိအားေပး ကစားနိုင္ခဲ့တယ္။ လာကာက ပထမေျခပဂိုး သြင္းယူခဲ့ျပီး အခြင့္အေရးေကာင္းေတြ ရခဲ့ပါေသးတယ္။ ေနာက္ထပ္ ေျခပဂိုး ထပ္ရခဲ့သလို တတိယဂိုးရႏုိင္တဲ့ အခြင့္အေရးေတြလည္း ရခဲ့ေပမယ့္ ခက္ခဲတဲ့ပြဲက သေရရလဒ္ပဲ ထြက္ေပၚခဲ့ပါတယ္။ ”

” ပထမပိုင္းမွာ သြင္းဂိုးတစ္ဂိုး ရထားတယ္ဆိုတဲ့ ခံစားခ်က္က အေတာ္ေကာင္းပါတယ္။ ဒုတိယပိုင္းမွာ အေကာင္းဆုံး ပုံစံနဲ႔ ျပန္လာဖို႔ ခြန္အားရလိုက္သလိုပါပဲ။ ဒါေၾကာင့္ လာကာ ဂိုးက အရမ္းအေရးပါတယ္လို႔ ျမင္ပါတယ္။”

” ဂြမ္ေဒါင္ဇီထံက တကယ့္ကို ေကာင္းမြန္တဲ့ ေဘာလုံး ေပးပို႔မႈကို ရခဲ့ပါတယ္။ သူ က်ေနာ့္ကို လွမ္းၾကည့္လိုက္တဲ့ အခ်ိန္မွာ က်ေနာ္ ခ်ိန္သားကိုက္ ေျပးထြက္ရေတာ့မယ္ဆိုတာ သိလိုက္ပါတယ္။ တိက်တဲ့ေပးမႈကို သူလုပ္ခဲ့ျပီး က်ေနာ္ ဂိုးသြင္းနိုင္ခဲ့တာက သူ႔ရဲ့ ေပးပို႔မႈ ေကာင္းမြန္ျခင္းေၾကာင့္ပါ ” လို႔ ဆိုသြားခဲ့ပါတယ္။

UNICODE

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်က မြောက်လန်ဒန်ဒါဘီပွဲမှာ နှစ်ဘက်အသင်းဟာ သွင်းဂိုး အများအပြားတွေနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပေမယ့် အာဆင်နယ်က အနိုင်ရဖို့ ထိုက်တန်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုမှု လုပ်သွားပါတယ်။

အူဘာမီယန်က ပြောရာမှာ ” ပထမပိုင်းမှာ သွင်းဂိုး နှစ်ဂိုးလောက် ရခဲ့သင့်တာပါ။ ဂိုးမရခဲ့တာအတွက် မပျော်ရွှင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ အားလုံး ဒီလိုခက်ခဲတဲ့ ပွဲမှာ အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့ပါတယ်။ သရေရလဒ်ထက်တော့ ပိုမို ထိုက်တန်ခဲ့ပါတယ်။”

” နှစ်ဂိုးပေးလိုက်ရပေမယ့် ကျနော်တို့ ပြန်လည် ဖိအားပေး ကစားနိုင်ခဲ့တယ်။ လာကာက ပထမခြေပဂိုး သွင်းယူခဲ့ပြီး အခွင့်အရေးကောင်းတွေ ရခဲ့ပါသေးတယ်။ နောက်ထပ် ခြေပဂိုး ထပ်ရခဲ့သလို တတိယဂိုးရနိုင်တဲ့ အခွင့်အရေးတွေလည်း ရခဲ့ပေမယ့် ခက်ခဲတဲ့ပွဲက သရေရလဒ်ပဲ ထွက်ပေါ်ခဲ့ပါတယ်။ ”

” ပထမပိုင်းမှာ သွင်းဂိုးတစ်ဂိုး ရထားတယ်ဆိုတဲ့ ခံစားချက်က အတော်ကောင်းပါတယ်။ ဒုတိယပိုင်းမှာ အကောင်းဆုံး ပုံစံနဲ့ ပြန်လာဖို့ ခွန်အားရလိုက်သလိုပါပဲ။ ဒါကြောင့် လာကာ ဂိုးက အရမ်းအရေးပါတယ်လို့ မြင်ပါတယ်။”

” ဂွမ်ဒေါင်ဇီထံက တကယ့်ကို ကောင်းမွန်တဲ့ ဘောလုံး ပေးပို့မှုကို ရခဲ့ပါတယ်။ သူ ကျနော့်ကို လှမ်းကြည့်လိုက်တဲ့ အချိန်မှာ ကျနော် ချိန်သားကိုက် ပြေးထွက်ရတော့မယ်ဆိုတာ သိလိုက်ပါတယ်။ တိကျတဲ့ပေးမှုကို သူလုပ်ခဲ့ပြီး ကျနော် ဂိုးသွင်းနိုင်ခဲ့တာက သူ့ရဲ့ ပေးပို့မှု ကောင်းမွန်ခြင်းကြောင့်ပါ ” လို့ ဆိုသွားခဲ့ပါတယ်။