ZAWGYI – လီဗာပူး ခံစစ္မွဴးေဟာင္း စတီဖင္ ၀ါးေနာ့ခ္က လက္ရွိ ကမာၻ႔အေကာင္းဆံုး ဘယ္ေနာက္ခံလူဟာ လီဗာပူး ဘယ္ျခမ္းခံစစ္မွဴး အန္ဒီ ေရာ္ဘတ္ဆန္ ျဖစ္တယ္လို႔ ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ႏွစ္ႏွစ္ဆက္ တက္ေရာက္ႏုိင္ျပီး မႏွစ္က ခ်န္ပီယံျဖစ္ခဲ့တဲ့ လီဗာပူးအသင္းမွာ ေနာက္ခံအစြန္လူေတြျဖစ္ၾကတဲ့ အာႏုိးနဲ႔ ေရာ္ဘတ္ဆန္တို႔ရဲ႕ အေရးပါမႈကို အမ်ားစုက ခ်ီးက်ဴးေနၾကပါတယ္။ ဒီထဲမွာ လီဗာပူး ေနာက္ခံလူေဟာင္းတစ္ဦးျဖစ္တဲ့ စတီဖင္ဝါေနာ့ခ္လည္း အပါအဝင္ျဖစ္ၿပီး ေရာ္ဘတ္ဆန္ဟာ ကမာၻ႔အေကာင္းဆံုး ဘယ္ေနာက္ခံလူတစ္ေယာက္ျဖစ္တယ္လို႔ ခ်ီးက်ဴးသြားခဲ့တာျဖစ္ပါတယ္။

ေရာ္ဘတ္ဆန္ဟာ ၿပီးခဲ့တဲ့ႏွစ္ေဘာလံုးရာသီမွာ လီဗာပူးးအတြက္ ပရီးမီးယားလိဂ္ မွာ ၁၃ ၾကိမ္ အပါအ၀င္ စုစုေပါင္း ဂိုးဖန္တီးမႈ ၁၅ ႀကိမ္ ျပဳလုပ္ေပးႏုိင္ခဲ့ပါတယ္။ အသက္ ၂၅ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေရာ္ဘတ္ဆန္ဟာ ၂၀၁၇ ခုနွစ္ ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ဟားလ္စီးတီးကေန လီဗာပူးကို ေပါင္ရွစ္သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့တာျဖစ္ပါတယ္။

” မႏွစ္ကရာသီဟာ ထရန္႔နဲ႔ ေရာ္ဘတ္ဆန္တို႔အတြက္ တကယ္ကို အမွတ္ရစရာေကာင္းတဲ့ ေဘာလံုးရာသီတစ္ခုပါပဲ။ ေရာ္ဘတ္ဆန္ဟာ ခံစစ္နဲ႔ တုိက္စစ္ကို ဟန္ခ်က္ညီေအာင္ ေကာင္းမြန္စြာ ကစားႏုိင္ပါတယ္။ သူ႔ေၾကာင့္ ခံစစ္မွာ ဟာကြက္မျဖစ္ေအာင္ အေကာင္းဆံုး ျဖည့္ကစားႏုိင္သလို တိုက္စစ္ကိုလည္း အေကာင္းဆံုး လိုက္ပါပံ့ပိုးႏုိင္ပါတယ္။ ”

” ကြင္းလယ္လူေတြရဲ႕ အကူအညီေပးမႈကိုလည္း အသိအမွတ္ျပဳရပါမယ္။ သူတုိ႔ဟာ ထရန္႔နဲ႔ ေရာ္ဘတ္ဆန္း ေရွ႕တက္ကစားႏုိင္ေအာင္ အေကာင္းဆံုး ျဖည့္ကစားေပးခဲ့ၾကသူေတြ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေရာ္ဘတ္ဆန္ဟာ ကမာၻ႔ အေကာင္းဆံုး ဘယ္ေနာက္ခံလူတစ္ေယာက္ပါပဲ ” လို႔ ဝါေနာ့ခ္က ေျပာၾကားခဲ့ပါတယ္။

လက္ရွိ ေဘာလံုးရာသီမွာလည္း လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၄ ပြဲကစားၿပီး ၄ ပြဲစလံုး အႏိုင္ရရွိထားကာ နုိင္ငံတကာ သီတင္းပတ္ မတိုင္ခင္ အမွတ္ေပးဇယား အဆင့္ ၁ မွာ ရပ္တည္ေနပါတယ္။

UNICODE – လီဗာပူး ခံစစ်မှူးဟောင်း စတီဖင် ဝါးနော့ခ်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူဟာ လီဗာပူး ဘယ်ခြမ်းခံစစ်မှူး အန်ဒီ ရော်ဘတ်ဆန် ဖြစ်တယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နှစ်နှစ်ဆက် တက်ရောက်နိုင်ပြီး မနှစ်က ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးအသင်းမှာ နောက်ခံအစွန်လူတွေဖြစ်ကြတဲ့ အာနိုးနဲ့ ရော်ဘတ်ဆန်တို့ရဲ့ အရေးပါမှုကို အများစုက ချီးကျူးနေကြပါတယ်။ ဒီထဲမှာ လီဗာပူး နောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ စတီဖင်ဝါနော့ခ်လည်း အပါအဝင်ဖြစ်ပြီး ရော်ဘတ်ဆန်ဟာ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူတစ်ယောက်ဖြစ်တယ်လို့ ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။

ရော်ဘတ်ဆန်ဟာ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာ လီဗာပူးးအတွက် ပရီးမီးယားလိဂ် မှာ ၁၃ ကြိမ် အပါအဝင် စုစုပေါင်း ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်ဘတ်ဆန်ဟာ ၂၀၁၇ ခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ ဟားလ်စီးတီးကနေ လီဗာပူးကို ပေါင်ရှစ်သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

” မနှစ်ကရာသီဟာ ထရန့်နဲ့ ရော်ဘတ်ဆန်တို့အတွက် တကယ်ကို အမှတ်ရစရာကောင်းတဲ့ ဘောလုံးရာသီတစ်ခုပါပဲ။ ရော်ဘတ်ဆန်ဟာ ခံစစ်နဲ့ တိုက်စစ်ကို ဟန်ချက်ညီအောင် ကောင်းမွန်စွာ ကစားနိုင်ပါတယ်။ သူ့ကြောင့် ခံစစ်မှာ ဟာကွက်မဖြစ်အောင် အကောင်းဆုံး ဖြည့်ကစားနိုင်သလို တိုက်စစ်ကိုလည်း အကောင်းဆုံး လိုက်ပါပံ့ပိုးနိုင်ပါတယ်။ ”

” ကွင်းလယ်လူတွေရဲ့ အကူအညီပေးမှုကိုလည်း အသိအမှတ်ပြုရပါမယ်။ သူတို့ဟာ ထရန့်နဲ့ ရော်ဘတ်ဆန်း ရှေ့တက်ကစားနိုင်အောင် အကောင်းဆုံး ဖြည့်ကစားပေးခဲ့ကြသူတွေ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ရော်ဘတ်ဆန်ဟာ ကမ္ဘာ့ အကောင်းဆုံး ဘယ်နောက်ခံလူတစ်ယောက်ပါပဲ ” လို့ ဝါနော့ခ်က ပြောကြားခဲ့ပါတယ်။

လက်ရှိ ဘောလုံးရာသီမှာလည်း လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲကစားပြီး ၄ ပွဲစလုံး အနိုင်ရရှိထားကာ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် အမှတ်ပေးဇယား အဆင့် ၁ မှာ ရပ်တည်နေပါတယ်။