မန္ယူမန္ေနဂ်ာဆိုးရွားက လက္ရွိ ကလပ္အသင္းသားေတြထဲမွာ အၾကိဳးစားဆံုး ကစားသမားက ဂ်ိမ္းျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ျပီး အသင္းသားေတြအားလံုး အတုယူသင့္တယ္လို႔ သတိေပးလိုက္ပါတယ္။

ဆိုးရွားက ဂ်ိမ္းကို ေနရာေပးေနရတာက သြင္းဂိုးေၾကာင့္ပဲ မဟုတ္ေၾကာင္းနဲ႔ ကစားသမားေလးဟာ ေလ့က်င့္ေရးမွာေကာ ကြင္းထဲမွာပါ စံနမူနာထားရေအာင္ ၾကိဳးစားလြန္းတာေၾကာင့္လို႔ ဆိုပါတယ္။ ဂ်ိမ္းဟာ ေႏြရာသီ အေျပာင္းအေရႊ႕ကာလမွာ ဆြမ္ဆီးကေန မန္ယူကို ေျပာင္းေရႊ႕ေၾကးေပါင္ ၁၅ သန္းနဲ႔ ေရာက္လာခဲ့သူျဖစ္ပါတယ္။

ဆုိးလ္ရွားက “ ဂ်ိမ္းစ္က အသင္းကို စေရာက္တဲ့ေန႔ကတည္းက ၾကိဳးစားေနခဲ့သူပါ။ ေလ့က်င့္ေရးကြင္းမွာ အေကာင္းဆံုးႀကိဳးစားသလုိ ပြဲခ်ိန္တြင္းမွာလည္း အစြမ္းကုန္ အားထုတ္ကစားေလ့ရွိသူပါ။ အခု သူဂိုးေတြသြင္းေနလို႔ အခြင့္အေရးေပးေနတာလို႔ လူေတြကထင္ၾကမယ္။ တကယ္ေတာ့ သူ႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ထက္ သူ႔ရဲ႕ရုိးသားႏွိမ့္ခ်မႈ၊ ႀကိဳးစားမႈေတြေၾကာင့္ပါ။

သူပိုုင္ဆိုင္တဲ့ အရည္အခ်င္းေကာင္းေတြေၾကာင့္ပဲ က်ေနာ္ သူ႔ကို သေဘာက်ရပါတယ္။ သူဟာ လက္ရွိ ကစားသမားေတြ အားလံုးအတြက္ စံနမူနာေကာင္းတစ္ရပ္ပါပဲ။ အျခားအသင္းေဖာ္ေတြအေနနဲ႔လည္း ဂ်ိမ္းစ္ကို အတုယူၿပီး ကိုယ္တာဝန္ကို အေကာင္းဆံုးလုပ္ေဆာင္ဖို႔ လိုပါမယ္” လို႔ အသင္းသားေတြကို တိုက္တြန္းစကား ေျပာဆိုခဲ့ပါတယ္။

မန္ယူဟာ ဒီႏွစ္ ပရီးမီးယားလိဂ္ပြဲစဥ္ ၄ ပြဲကစားၿပီးခ်ိန္မွာ သြင္းဂိုး ၇ ဂိုးရရွိထားပါတယ္။ ဂ်ိမ္းက ၃ ဂိုးသြင္းယူေပးထားၿပီး မာရွယ္နဲ႔ ရပ္ဖို႔ကေတာ့ ႏွစ္ဂုိးစီ သြင္းယူႏုိင္ခဲဲ့တာပါ။ လူငယ္ကစားသမားေလး ဂ်ိမ္းကေတာ့ ၄ ပြဲကစားၿပီးခ်ိန္မွာပဲ ဆန္းခ်က္ရဲ႕ သြင္းဂိုးမွတ္တမ္းကို လိုက္မီသြားခဲ့တာျဖစ္ပါတယ္။

UNICODE

မန်ယူမန်နေဂျာဆိုးရှားက လက်ရှိ ကလပ်အသင်းသားတွေထဲမှာ အကြိုးစားဆုံး ကစားသမားက ဂျိမ်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီး အသင်းသားတွေအားလုံး အတုယူသင့်တယ်လို့ သတိပေးလိုက်ပါတယ်။

ဆိုးရှားက ဂျိမ်းကို နေရာပေးနေရတာက သွင်းဂိုးကြောင့်ပဲ မဟုတ်ကြောင်းနဲ့ ကစားသမားလေးဟာ လေ့ကျင့်ရေးမှာကော ကွင်းထဲမှာပါ စံနမူနာထားရအောင် ကြိုးစားလွန်းတာကြောင့်လို့ ဆိုပါတယ်။ ဂျိမ်းဟာ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ဆွမ်ဆီးကနေ မန်ယူကို ပြောင်းရွှေ့ကြေးပေါင် ၁၅ သန်းနဲ့ ရောက်လာခဲ့သူဖြစ်ပါတယ်။

ဆိုးလ်ရှားက “ ဂျိမ်းစ်က အသင်းကို စရောက်တဲ့နေ့ကတည်းက ကြိုးစားနေခဲ့သူပါ။ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးကြိုးစားသလို ပွဲချိန်တွင်းမှာလည်း အစွမ်းကုန် အားထုတ်ကစားလေ့ရှိသူပါ။ အခု သူဂိုးတွေသွင်းနေလို့ အခွင့်အရေးပေးနေတာလို့ လူတွေကထင်ကြမယ်။ တကယ်တော့ သူ့ရဲ့ သွင်းဂိုးတွေကြောင့်ထက် သူ့ရဲ့ရိုးသားနှိမ့်ချမှု၊ ကြိုးစားမှုတွေကြောင့်ပါ။

သူပိုင်ဆိုင်တဲ့ အရည်အချင်းကောင်းတွေကြောင့်ပဲ ကျနော် သူ့ကို သဘောကျရပါတယ်။ သူဟာ လက်ရှိ ကစားသမားတွေ အားလုံးအတွက် စံနမူနာကောင်းတစ်ရပ်ပါပဲ။ အခြားအသင်းဖော်တွေအနေနဲ့လည်း ဂျိမ်းစ်ကို အတုယူပြီး ကိုယ်တာဝန်ကို အကောင်းဆုံးလုပ်ဆောင်ဖို့ လိုပါမယ်” လို့ အသင်းသားတွေကို တိုက်တွန်းစကား ပြောဆိုခဲ့ပါတယ်။

မန်ယူဟာ ဒီနှစ် ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၇ ဂိုးရရှိထားပါတယ်။ ဂျိမ်းက ၃ ဂိုးသွင်းယူပေးထားပြီး မာရှယ်နဲ့ ရပ်ဖို့ကတော့ နှစ်ဂိုးစီ သွင်းယူနိုင်ခဲ့တာပါ။ လူငယ်ကစားသမားလေး ဂျိမ်းကတော့ ၄ ပွဲကစားပြီးချိန်မှာပဲ ဆန်းချက်ရဲ့ သွင်းဂိုးမှတ်တမ်းကို လိုက်မီသွားခဲ့တာဖြစ်ပါတယ်။