အာဆင္နယ္နဲ႕ စပါးအသင္းတို႔ဟာ ေျမာက္လန္ဒန္ဒါဘီပြဲ အျဖစ္ အမ္းမရိတ္မွာ တနဂၤေႏြညက ယွဥ္ျပိဳင္ကစားခဲ့ရာ တစ္ဖက္ ၂ဂိုးစီ သေရရလဒ္နဲ႕ပဲ ျပီးဆံုးခဲ့ပါတယ္။ အာဆင္နယ္ အတြက္ လာကာဇက္တီနဲ႕ အူဘာမီးယန္းတို႔က ဂိုးသြင္းခဲ့ျပီး စပါးအတြက္ေတာ့ အဲရစ္ဆန္နဲ႕ ကိန္း (ပင္နယ္တီ)တို႔ သြင္းယူခဲ့တာပါ။

ေျမာက္လန္ဒန္ဒါဘီမွာ အေကာင္းဆံုးကစားသမား ျဖစ္ခဲ့သူက ဂူရန္ေဒါင္ဇီပါ။ ဒီလူငယ္ေလးဟာ အျခားေသာ ဝါရင့္ ကြင္းလယ္ေတြထက္ ပိုမိုေျခစြမ္းျပခဲ့ျပီး သြင္းဂိုးေတြမွာလည္း ပါဝင္ပက္သက္ခဲ့သူျဖစ္ပါတယ္။

အာဆင္နယ္ တိုက္စစ္သမား အူဘာမီးယန္းကေတာ့ အမ္းမရိတ္မွာ ပြဲထြက္ ကစားတဲ့ ၇ ပြဲ ဆက္တိုက္ ဂိုးသြင္းယူနိုင္ခဲ့တာ ျဖစ္ျပီး အြန္နရီ ဟိုက္ဘူရီမွာ ၉ပြဲဆက္ ဂိုးသြင္းခဲ့တဲ့ စံခ်ိန္ေနာက္ပိုင္း အေကာင္းဆံုး မွတ္တမ္း ျဖစ္လာပါတယ္။

အူနုိင္း အမ္မရီရဲ႕ အာဆင္နယ္အသင္းဟာ အခုခ်ိန္ထိ အသင္း ကိုယ္ပိုင္ဟန္နဲ႕ အသက္၀ိဥာဥ္ကို ရွာေဖြဆဲ အေနအထား ျဖစ္ေနတယ္လို႔ ဂါးဒီးယန္း သတင္းစာက သံုးသပ္သြားပါတယ္။

စပါးအသင္းဟာ အာဆင္နယ္နဲ႕ သေရပြဲ အျပီးမွာ ပရီးမီးယားလိဂ္ အေ၀းကြင္းပြဲစဥ္ ၈ ပြဲ ဆက္တိုက္ နိုင္ပြဲ ေပ်ာက္ခဲ့တာ ျဖစ္ကာ ဒီဇင္ဘာ ၂၀၁၁ ကေန ဧျပီ ၂၀၁၂ ၾကား ဟယ္ရီရက္နက္နဲ႕ အေ၀းကြင္း ပြဲဆက္ နုိင္ပြဲေပ်ာက္ခဲ့ျပီး ေနာက္ပိုင္း ပထမဆံုးအၾကိမ္ အေျခအေနဆိုး ၾကံဳလာတာ ျဖစ္ပါတယ္။ ပိုခ်က္တီနိုရဲ႕ စပါးဟာ ထို အေ၀းကြင္း ၈ ပြဲမွာ ၂ မွတ္သာ ရခဲ့တာပါ။

အာဆင္နယ္ဘက္သို႔ ပင္နယ္တီဂိုး သြင္းယူခဲ့တဲ့ ကိန္းဟာ အာဆင္နယ္ စပါး နွစ္သင္းၾကား ပရီးမီးယားလိဂ္ ဒါဘီပြဲေတြမွာ သြင္းဂိုး ၁ဝ ဂိုးထိ ရွိလာခဲ့ျပီ ျဖစ္ကာ အမ်ားဆံုး သြင္းဂိုးရွင္ ျဖစ္လာခဲ့ပါတယ္။

ပီတာခ်က္ရဲ႕ ပြဲထြက္ဂိုးသမားေနရာကို စတင္ျပီးရခဲ႔တဲ႔ လီႏိုဟာ မႏွစ္ကေန စတင္ျပီးေရတြက္ပါက အမွားအမ်ားဆံုး ၆ ၾကိမ္ ထိ က်ဴးလြန္ထားတဲ႕ ဂိုးသမားတဦးအျဖစ္ ပရီးမီးယားလိဂ္မွာ ရပ္တည္ေနတယ္လို႔ opta ရဲ႕မွတ္တမ္းေတြက ေဖာ္ျပပါတယ္။

နည္းျပ ပိုခ်က္တီႏိုက သူတို႔ ရဲ႕ အသင္းဟာ ရာသီအစက အဆင္မေျပမႈေတြကို ေက်ာ္လႊားႏုိင္ခဲ့ၿပီလို႔ ခံစားမိေၾကာင္း အာဆင္နယ္ နဲ႔ ေျမာက္လန္ဒန္ ဒါဘီပြဲမွာ ေျပာဆိုသြားခဲ့ပါတယ္။ စပါးဟာ ရမွတ္ ၅ မွတ္ပဲ ရွိေသးေပမယ့္ မန္စီးတီး၊ အာဆင္နယ္တို႔ကို အေဝးကြင္းေတြမွာ ကစားခဲ့ျပီးျဖစ္ပါတယ္။

UNICODE

အာဆင်နယ်နဲ့ စပါးအသင်းတို့ဟာ မြောက်လန်ဒန်ဒါဘီပွဲ အဖြစ် အမ်းမရိတ်မှာ တနင်္ဂနွေညက ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် ၂ဂိုးစီ သရေရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။ အာဆင်နယ် အတွက် လာကာဇက်တီနဲ့ အူဘာမီးယန်းတို့က ဂိုးသွင်းခဲ့ပြီး စပါးအတွက်တော့ အဲရစ်ဆန်နဲ့ ကိန်း (ပင်နယ်တီ)တို့ သွင်းယူခဲ့တာပါ။

မြောက်လန်ဒန်ဒါဘီမှာ အကောင်းဆုံးကစားသမား ဖြစ်ခဲ့သူက ဂူရန်ဒေါင်ဇီပါ။ ဒီလူငယ်လေးဟာ အခြားသော ဝါရင့် ကွင်းလယ်တွေထက် ပိုမိုခြေစွမ်းပြခဲ့ပြီး သွင်းဂိုးတွေမှာလည်း ပါဝင်ပက်သက်ခဲ့သူဖြစ်ပါတယ်။

အာဆင်နယ် တိုက်စစ်သမား အူဘာမီးယန်းကတော့ အမ်းမရိတ်မှာ ပွဲထွက် ကစားတဲ့ ၇ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး အွန်နရီ ဟိုက်ဘူရီမှာ ၉ပွဲဆက် ဂိုးသွင်းခဲ့တဲ့ စံချိန်နောက်ပိုင်း အကောင်းဆုံး မှတ်တမ်း ဖြစ်လာပါတယ်။

အူနိုင်း အမ်မရီရဲ့ အာဆင်နယ်အသင်းဟာ အခုချိန်ထိ အသင်း ကိုယ်ပိုင်ဟန်နဲ့ အသက်ဝိဉာဉ်ကို ရှာဖွေဆဲ အနေအထား ဖြစ်နေတယ်လို့ ဂါးဒီးယန်း သတင်းစာက သုံးသပ်သွားပါတယ်။

စပါးအသင်းဟာ အာဆင်နယ်နဲ့ သရေပွဲ အပြီးမှာ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ် ၈ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ခဲ့တာ ဖြစ်ကာ ဒီဇင်ဘာ ၂၀၁၁ ကနေ ဧပြီ ၂၀၁၂ ကြား ဟယ်ရီရက်နက်နဲ့ အဝေးကွင်း ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် အခြေအနေဆိုး ကြုံလာတာ ဖြစ်ပါတယ်။ ပိုချက်တီနိုရဲ့ စပါးဟာ ထို အဝေးကွင်း ၈ ပွဲမှာ ၂ မှတ်သာ ရခဲ့တာပါ။

အာဆင်နယ်ဘက်သို့ ပင်နယ်တီဂိုး သွင်းယူခဲ့တဲ့ ကိန်းဟာ အာဆင်နယ် စပါး နှစ်သင်းကြား ပရီးမီးယားလိဂ် ဒါဘီပွဲတွေမှာ သွင်းဂိုး ၁ဝ ဂိုးထိ ရှိလာခဲ့ပြီ ဖြစ်ကာ အများဆုံး သွင်းဂိုးရှင် ဖြစ်လာခဲ့ပါတယ်။

ပီတာချက်ရဲ့ ပွဲထွက်ဂိုးသမားနေရာကို စတင်ပြီးရခဲ့တဲ့ လီနိုဟာ မနှစ်ကနေ စတင်ပြီးရေတွက်ပါက အမှားအများဆုံး ၆ ကြိမ် ထိ ကျူးလွန်ထားတဲ့ ဂိုးသမားတဦးအဖြစ် ပရီးမီးယားလိဂ်မှာ ရပ်တည်နေတယ်လို့ opta ရဲ့မှတ်တမ်းတွေက ဖော်ပြပါတယ်။

နည်းပြ ပိုချက်တီနိုက သူတို့ ရဲ့ အသင်းဟာ ရာသီအစက အဆင်မပြေမှုတွေကို ကျော်လွှားနိုင်ခဲ့ပြီလို့ ခံစားမိကြောင်း အာဆင်နယ် နဲ့ မြောက်လန်ဒန် ဒါဘီပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။ စပါးဟာ ရမှတ် ၅ မှတ်ပဲ ရှိသေးပေမယ့် မန်စီးတီး၊ အာဆင်နယ်တို့ကို အဝေးကွင်းတွေမှာ ကစားခဲ့ပြီးဖြစ်ပါတယ်။