ဆာဒီယို မာေနးနဲ႕ ဆာလက္ၾကားမွာ ဘယ္လို မေက်လည္မႈမွ ရွိမေနဘူးလို႔ လီဗာပူးအသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္က ေျပာၾကားလိုက္ပါတယ္။ မာေနးဟာ ဘန္ေလနဲ႕ပြဲ ကြင္းထဲက ထြက္လာအျပီး ေဒါသတၾကီး ေပါက္ကြဲေနမႈကို ေတြ႔ခဲ့ရပါတယ္။

အေျပာင္းအေရႊ႕ ပိတ္ခါနီးမွ အီတလီ စီးရီးေအကလပ္ ဂ်ဴဗင္တပ္ဟာ ဒဏ္ရာရသြားတဲ့ ခ်ီလီနီ ေနရာ အစားထိုးဖို႔ အတြက္ လီဗာပူး ခံစစ္မွဴး လိုဗရန္နဲ႕ ဘိုင္ယန္ျမဴးနစ္မွ ဘိုတန္တို႔ကို ေခၚယူရန္ ပစ္မွတ္ထားလာပါတယ္။

ဘန္ေလနဲ႕ ပြဲမွာ ထရန္႔ အလက္ဇႏၵါးအာနိုးရဲ႕ ကန္တင္ခ်က္ကေန လွလွပပ ဂိုး၀င္သြားေပမယ့္ ခရစၥ၀ုဒ္နဲ႕ ထိခဲ့လို႔ သူ႔ သြင္းဂိုး အျဖစ္ သတ္မွတ္ေပးျခင္း မရွိခဲ့တဲ့ အေပၚ ထရန္႕က ဘယ္လိုမွ အာရံုထားမေနဘဲ သူ႔ဂိုး ျဖစ္ေစ own goal ျဖစ္ေစ ျပႆနာ မရွိဘူးလို႔ ေျပာဆိုိခဲ့ပါတယ္။

လီဗာပူး ခံစစ္မွဴးေဟာင္းတစ္ေယာက္ျဖစ္တဲ့ စတီဖင္ဝါးေနာ့ခ္ကေတာ့ လက္ရွိအခ်ိန္မွာေတာ့ လီဗာပူး ဘယ္ျခမ္း ခံစစ္မွဴး ေရာ္ဘတ္ဆန္ဟာ ကမာၻ႔အေကာင္းဆံုး ဘယ္ေနာက္ခံလူျဖစ္တယ္လို႔ ခ်ီးက်ဴးလိုက္ပါတယ္။

ဗန္​ဒိုက္​ ေဘာလံုးစကစားခဲ့ရာ ၎ရဲ႕ ပထမဦးဆံုး ကလပ္​ဟာ `ဥ​ေရာပရဲ႕ အ​ေကာင္​းဆံုး ကစားသမား ဒီေနရာကေန စခဲ့တယ္´ ဆိုတဲ့ ေဆာင္ပုဒ္အသစ္ကို ျပဳလုပ္ျပီး ၄င္းတို႔ကြင္းထဲမွာ ခ်ိတ္ဆြဲမယ္လို႔ ေၾကညာခဲ့ပါတယ္။

လီဗာပူး၊ မန္စီးတီးနဲ႔ လန္ဒန္အသင္းေတြကို ဒါဘီျပိဳင္ဘက္အျဖစ္ ရင္ဆိုင္ခဲ့ဖူးတဲ့ ေမာ္ရင္ညိဳက ဒါဘီပြဲ မတိုင္ခင္ေတြမွာ အသင္းသားေတြလုိပဲစားေသာက္သလို တူညီတဲ့ဝတ္စံုနဲ႔ ေနထိုင္ကာ ဒါဘီပြဲ အေငြ႕အသက္ကို ကိုယ္ဘာသာ ေမြးဖြားတယ္လို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

ဘယ္အစြန္လူ ေရာ္ဘတ္ဆန္က ကမၻာေပၚမွာ တိုက္စစ္သမားမ်ားစြာ ရွိေပမယ့္ ဖာမင္ႏိုက လီဗာပူးအတြက္ တကယ္ကို ျပင္းထန္တဲ့ ၾကိဳးစားႏႈန္ရွိျပီး သူမပါရင္ လီဗာပူးဟာ လက္ရွိအေနအထားကို ေရာက္ေနမွာ မဟုတ္ဘူးလို႔ ခ်ီးက်ဴးခဲ့ျပီး ကမၻာအဆင့္တိုက္စစ္မွဴးအျဖစ္ ညႊန္းဆိုခဲ့ပါတယ္။

UNICODE

ဆာဒီယို မာနေးနဲ့ ဆာလက်ကြားမှာ ဘယ်လို မကျေလည်မှုမှ ရှိမနေဘူးလို့ လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က ပြောကြားလိုက်ပါတယ်။ မာနေးဟာ ဘန်လေနဲ့ပွဲ ကွင်းထဲက ထွက်လာအပြီး ဒေါသတကြီး ပေါက်ကွဲနေမှုကို တွေ့ခဲ့ရပါတယ်။

အပြောင်းအရွှေ့ ပိတ်ခါနီးမှ အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်ဟာ ဒဏ်ရာရသွားတဲ့ ချီလီနီ နေရာ အစားထိုးဖို့ အတွက် လီဗာပူး ခံစစ်မှူး လိုဗရန်နဲ့ ဘိုင်ယန်မြူးနစ်မှ ဘိုတန်တို့ကို ခေါ်ယူရန် ပစ်မှတ်ထားလာပါတယ်။

ဘန်လေနဲ့ ပွဲမှာ ထရန့် အလက်ဇန္ဒါးအာနိုးရဲ့ ကန်တင်ချက်ကနေ လှလှပပ ဂိုးဝင်သွားပေမယ့် ခရစ္စဝုဒ်နဲ့ ထိခဲ့လို့ သူ့ သွင်းဂိုး အဖြစ် သတ်မှတ်ပေးခြင်း မရှိခဲ့တဲ့ အပေါ် ထရန့်က ဘယ်လိုမှ အာရုံထားမနေဘဲ သူ့ဂိုး ဖြစ်စေ own goal ဖြစ်စေ ပြဿနာ မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူး ခံစစ်မှူးဟောင်းတစ်ယောက်ဖြစ်တဲ့ စတီဖင်ဝါးနော့ခ်ကတော့ လက်ရှိအချိန်မှာတော့ လီဗာပူး ဘယ်ခြမ်း ခံစစ်မှူး ရော်ဘတ်ဆန်ဟာ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။

ဗန်ဒိုက် ဘောလုံးစကစားခဲ့ရာ ၎င်းရဲ့ ပထမဦးဆုံး ကလပ်ဟာ `ဥရောပရဲ့ အကောင်းဆုံး ကစားသမား ဒီနေရာကနေ စခဲ့တယ်´ ဆိုတဲ့ ဆောင်ပုဒ်အသစ်ကို ပြုလုပ်ပြီး ၎င်းတို့ကွင်းထဲမှာ ချိတ်ဆွဲမယ်လို့ ကြေညာခဲ့ပါတယ်။

လီဗာပူး၊ မန်စီးတီးနဲ့ လန်ဒန်အသင်းတွေကို ဒါဘီပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ဖူးတဲ့ မော်ရင်ညိုက ဒါဘီပွဲ မတိုင်ခင်တွေမှာ အသင်းသားတွေလိုပဲစားသောက်သလို တူညီတဲ့ဝတ်စုံနဲ့ နေထိုင်ကာ ဒါဘီပွဲ အငွေ့အသက်ကို ကိုယ်ဘာသာ မွေးဖွားတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

ဘယ်အစွန်လူ ရော်ဘတ်ဆန်က ကမ္ဘာပေါ်မှာ တိုက်စစ်သမားများစွာ ရှိပေမယ့် ဖာမင်နိုက လီဗာပူးအတွက် တကယ်ကို ပြင်းထန်တဲ့ ကြိုးစားနှုန်ရှိပြီး သူမပါရင် လီဗာပူးဟာ လက်ရှိအနေအထားကို ရောက်နေမှာ မဟုတ်ဘူးလို့ ချီးကျူးခဲ့ပြီး ကမ္ဘာအဆင့်တိုက်စစ်မှူးအဖြစ် ညွှန်းဆိုခဲ့ပါတယ်။