အေျပာင္းအေရႊ႕ သတင္းေတြ က်ယ္ျပန္႔စြာ ထြက္ခဲ့ေပမယ့္ ယူနိုက္တက္ ကြင္းလယ္ကစား ေပါ့ဘာဟာ မန္္ခ်က္စတာ ကလပ္နဲ႕ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ ခိုင္မာတဲ့ သေဘာထား ရွိေနျပီး စိတ္အားထက္သန္ေနတယ္လို႔ သတင္းထြက္လာျပန္ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားက အသင္းနဲ႕အတူ ေျခစြမ္းျပ ဂိုးေတြ သြင္းယူေနတဲ့ လူငယ္ ေတာင္ပံတိုက္စစ္သမား ဒန္နီရယ္ ဂ်ိမ္းစ္ကို ခ်ီးက်ဴးစကား ဆိုလိုက္ျပီး အသင္းမွာ ရွိတဲ့သူတိုင္းက ဂ်ိမ္းစ္ကို နံမူနာေကာင္း ယူသင့္ောကာင္း ေျပာၾကားလိုက္ပါတယ္။

ဒန္နီရယ္ဂ်ိမ္းစ္ဟာ ဒီရာသီမွာ မန္ယူ အသင္းအတြက္ ဂိုးကန္သြင္းခြင့္ ၃ႀကိမ္သာ ရရွိခဲ့ရာ ၃ႀကိမ္စလုံးကို ဂိုးအျဖစ္ ေျပာင္းလဲထားႏိုင္ခဲ့ျပီး ဒီရာသီ မန္ယူရဲ႕ သြင္းဂိုးအမ်ားဆံုး ကစားသမားလည္း ျဖစ္ေနပါတယ္။

မန္ယူအသင္း ပရိတ္သတ္ေတြဟာ ေဆာက္သမ္တန္အသင္းနဲ႔ ပြဲစဥ္မွာကစားခဲ့တဲ့ ခံစစ္မွဴး လင္ဒီေလာ့ဖ္ရဲ႕ ေျခစြမ္းကို ေဝဖန္ခဲ့ၾကပါတယ္။ လင္ဒီေလာ့ဖ္ဟာပဲေလ့နဲ႔ပြဲစဥ္တုန္းကလည္း အဖြင့္ဂိုး ေပးလိုက္ရတဲ့ အမွားကို က်ဴးလြန္ခဲ့မိခဲ့လို႔ ေဝဖန္မႈခံခဲ့ရသူျဖစ္ပါတယ္။

ယူနိုက္တက္ ကစားသမားေဟာင္းၾကီး ဂယ္ရီ နဗီးလ္က လူကာကူ အသင္းက ထြက္ခြာသြားတာကို ၀မ္းေျမာက္ေၾကာင္း ပြင့္ပြင့္လင္းလင္း ဆိုလိုက္ျပီး အသင္းထက္ ကစားသမားက ၾကီးျမတ္တဲ့ ယူဆေနတဲ့သူေတြ အသင္းက မခြာမခ်င္း သူ မေပ်ာ္နိုင္ ျဖစ္ေနမွာလို႔ ဆိုလိုက္ပါတယ္။

မန္ယူ အစြန္ခံစစ္မွဴး ၀မ္ ဘစ္ဆာကာဟာ ေဆာက္သမ္တန္နဲ႔ ပြဲစဥ္မွာ ေဘာလုံးလုယူမႈ ၁၀ ႀကိမ္အထိ ျပဳလုပ္ ထားႏိုင္ခဲ့ပါတယ္။ ဘစ္ဆာကာ ဟာ တစ္ပြဲတည္းမွာ ေဘာလုံးလုယူမႈ ၁ ႀကိမ္ အထိ ျပဳလုပ္ႏိုင္ခဲ့တဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ္ ကစားသမား ျဖစ္လာခဲ့ပါတယ္။

မန္ယူနည္းျပ ဆိုးရွားက စေမာလင္း ထြက္ခြာၿပီးေနာက္ ဒါမီယန္လည္း အသင္းကေန ေနာက္ထပ္ထြက္ခြာမယ္လို႔ ေျပာၾကားခဲ့ၿပီး ႐ိုဂ်ိဳ ကေတာ့ အသင္းမွာပဲ ဆက္လက္ရွိေနမွာျဖစ္တယ္လို႔ အတည္ျပဳေျပာၾကားခဲ့ပါတယ္။

မန္ယူ ကစားသမားေဟာင္း အို၀င္ ဟားဂေရ႕ဗ္ကေတာ့ ဆိုးရွားနဲ႔ မန္ယူအသင္းဟာ ေဆာက္သမ္တန္လို အသင္းမ်ိဳးကိုေတာင္ အႏိုင္ မကစားႏိုင္ခဲ့တဲ့ အတြက္ လက္ရွိရာသီမွာ အေတာ္ေလး ခက္ခဲၿပီး ႐ုန္းကန္သြားရမွာ ျဖစ္တယ္လို႔ သံုးသပ္သြားခဲ့ပါတယ္။

UNICODE

အပြောင်းအရွှေ့ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ခဲ့ပေမယ့် ယူနိုက်တက် ကွင်းလယ်ကစား ပေါ့ဘာဟာ မန်ချက်စတာ ကလပ်နဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ ခိုင်မာတဲ့ သဘောထား ရှိနေပြီး စိတ်အားထက်သန်နေတယ်လို့ သတင်းထွက်လာပြန်ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားက အသင်းနဲ့အတူ ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေတဲ့ လူငယ် တောင်ပံတိုက်စစ်သမား ဒန်နီရယ် ဂျိမ်းစ်ကို ချီးကျူးစကား ဆိုလိုက်ပြီး အသင်းမှာ ရှိတဲ့သူတိုင်းက ဂျိမ်းစ်ကို နံမူနာကောင်း ယူသင့်ောကာင်း ပြောကြားလိုက်ပါတယ်။

ဒန်နီရယ်ဂျိမ်းစ်ဟာ ဒီရာသီမှာ မန်ယူ အသင်းအတွက် ဂိုးကန်သွင်းခွင့် ၃ကြိမ်သာ ရရှိခဲ့ရာ ၃ကြိမ်စလုံးကို ဂိုးအဖြစ် ပြောင်းလဲထားနိုင်ခဲ့ပြီး ဒီရာသီ မန်ယူရဲ့ သွင်းဂိုးအများဆုံး ကစားသမားလည်း ဖြစ်နေပါတယ်။

မန်ယူအသင်း ပရိတ်သတ်တွေဟာ ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာကစားခဲ့တဲ့ ခံစစ်မှူး လင်ဒီလော့ဖ်ရဲ့ ခြေစွမ်းကို ဝေဖန်ခဲ့ကြပါတယ်။ လင်ဒီလော့ဖ်ဟာပဲလေ့နဲ့ပွဲစဉ်တုန်းကလည်း အဖွင့်ဂိုး ပေးလိုက်ရတဲ့ အမှားကို ကျူးလွန်ခဲ့မိခဲ့လို့ ဝေဖန်မှုခံခဲ့ရသူဖြစ်ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်းကြီး ဂယ်ရီ နဗီးလ်က လူကာကူ အသင်းက ထွက်ခွာသွားတာကို ဝမ်းမြောက်ကြောင်း ပွင့်ပွင့်လင်းလင်း ဆိုလိုက်ပြီး အသင်းထက် ကစားသမားက ကြီးမြတ်တဲ့ ယူဆနေတဲ့သူတွေ အသင်းက မခွာမချင်း သူ မပျော်နိုင် ဖြစ်နေမှာလို့ ဆိုလိုက်ပါတယ်။

မန်ယူ အစွန်ခံစစ်မှူး ဝမ် ဘစ်ဆာကာဟာ ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ ဘောလုံးလုယူမှု ၁၀ ကြိမ်အထိ ပြုလုပ် ထားနိုင်ခဲ့ပါတယ်။ ဘစ်ဆာကာ ဟာ တစ်ပွဲတည်းမှာ ဘောလုံးလုယူမှု ၁ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် ကစားသမား ဖြစ်လာခဲ့ပါတယ်။

မန်ယူနည်းပြ ဆိုးရှားက စမောလင်း ထွက်ခွာပြီးနောက် ဒါမီယန်လည်း အသင်းကနေ နောက်ထပ်ထွက်ခွာမယ်လို့ ပြောကြားခဲ့ပြီး ရိုဂျို ကတော့ အသင်းမှာပဲ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

မန်ယူ ကစားသမားဟောင်း အိုဝင် ဟားဂရေ့ဗ်ကတော့ ဆိုးရှားနဲ့ မန်ယူအသင်းဟာ ဆောက်သမ်တန်လို အသင်းမျိုးကိုတောင် အနိုင် မကစားနိုင်ခဲ့တဲ့ အတွက် လက်ရှိရာသီမှာ အတော်လေး ခက်ခဲပြီး ရုန်းကန်သွားရမှာ ဖြစ်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။