ပရီးမီးယားလိဂ္ ရာသီသစ္မွာ ပထမဆံုးအၾကိမ္အျဖစ္ ဘန္ေလနဲ႔ အေဝးကြင္းမွာမွ clean sheet ရခဲ့တာေၾကာင့္ လီဗာပူးခံစစ္ တည္ျငိမ္မႈအေပၚ ေမးခြန္းထုတ္ေနမႈနဲ႔ ပက္သက္ျပီး ဗန္ဒိုက္က အေၾကာင္းျပန္မႈ လုပ္လာခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးခံစစ္ဟာ မႏွစ္ကေလာက္ တည္ျငိမ္မႈမရွိဘူးလို႔ ေဘာလံုးသံုးသပ္သူ အမ်ားအျပားက ေမးခြန္းထုတ္ေနခဲ့ၾကတယ္။ ဘန္ေလနဲ႔ ပြဲအျပီးမွာေတာ့ ကလပ္အသင္း ဂႏၱဝင္ၾကီး ကာေရဂါက အသင္းရဲ႕ခံစစ္က မႏွစ္ကလို ေတာင့္တင္းမႈ ရွိမေနခဲ့တာ ဘာေၾကာင့္လည္းလို႔ ေမးခြန္းထုတ္ျခင္းကို ပြဲအျပီး အင္တာဗ်ဴးမွာ ဗန္ဒိုက္က ေျဖဆိုျခင္း ျဖစ္ပါတယ္။

ကာေရဂါက ” အာဆင္နယ္နဲ႔ပြဲမွာ ရဖို႔ နီးစပ္ခဲ့ေပမယ့္ ဘန္ေလနဲ႔ပြဲက ဒီရာသီအတြက္ ပထမဆံုး clean sheet ျဖစ္တယ္။ ရာသီစကတည္းက ဒီအေၾကာင္း ေျပာေနၾကတာျဖစ္ျပီး လီဗာပူးခံစစ္က ျမင့္ျမင့္တက္ကစားေနတာတယ္။ အဲ့တာက မွန္ရဲ႕လား? VAR စနစ္ ပါလာတာေၾကာင့္လား? အျခားကိစၥေၾကာင့္လား? ” လို႔ ေမးခဲ့တာပါ။

ဗန္ဒိုက္ကေတာ့ ” ဒါေတြက ခင္ဗ်ားတို႔ဘာသာ ေျပာေနတဲ့ ကိစၥပါ။ က်ေနာ္တို႔ ဂိုးေပးခံရတာေတြကို ၾကည့္မယ္ဆိုရင္ ဂိုးမေပးရေအာင္ ပိုေကာင္းေကာင္းလုပ္ႏုိင္ခဲ့သင့္တာပါ။ ဒါကို က်ေနာ္တုိ႔လည္း သိၾကပါတယ္။

ခံစစ္ကို အရင္လိုမဟုတ္ပဲ ေရွ႔ပိုတက္ကစားေနလုိ႔ ဂိုးေတြေပးေနရတယ္လုိ႔ က်ေနာ္ မထင္ဘူး။ အာရံုစူးစရိုက္မႈ ပိုလုပ္ဖို႔ လိုအပ္ခဲ့တာျဖစ္ျပီး ပိုေကာင္းစြာ လုပ္ႏုိင္မယ္ဆိုတာလည္း က်ေနာ္တုိ႔ သိတယ္။ ဒီေတာ့ တိုးတက္လာေအာင္ လုပ္ရမွာျဖစ္ျပီး ဘန္ေလနဲ႔ပြဲမွာ က်ေနာ္တုိ႔ လုပ္ျပႏုိင္ခဲ့တယ္ ” လို႔ တုန္႔ျပန္သြားခဲ့ပါတယ္။

UNICODE

ပရီးမီးယားလိဂ် ရာသီသစ်မှာ ပထမဆုံးအကြိမ်အဖြစ် ဘန်လေနဲ့ အဝေးကွင်းမှာမှ clean sheet ရခဲ့တာကြောင့် လီဗာပူးခံစစ် တည်ငြိမ်မှုအပေါ် မေးခွန်းထုတ်နေမှုနဲ့ ပက်သက်ပြီး ဗန်ဒိုက်က အကြောင်းပြန်မှု လုပ်လာခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးခံစစ်ဟာ မနှစ်ကလောက် တည်ငြိမ်မှုမရှိဘူးလို့ ဘောလုံးသုံးသပ်သူ အများအပြားက မေးခွန်းထုတ်နေခဲ့ကြတယ်။ ဘန်လေနဲ့ ပွဲအပြီးမှာတော့ ကလပ်အသင်း ဂန္တဝင်ကြီး ကာရေဂါက အသင်းရဲ့ခံစစ်က မနှစ်ကလို တောင့်တင်းမှု ရှိမနေခဲ့တာ ဘာကြောင့်လည်းလို့ မေးခွန်းထုတ်ခြင်းကို ပွဲအပြီး အင်တာဗျူးမှာ ဗန်ဒိုက်က ဖြေဆိုခြင်း ဖြစ်ပါတယ်။

ကာရေဂါက ” အာဆင်နယ်နဲ့ပွဲမှာ ရဖို့ နီးစပ်ခဲ့ပေမယ့် ဘန်လေနဲ့ပွဲက ဒီရာသီအတွက် ပထမဆုံး clean sheet ဖြစ်တယ်။ ရာသီစကတည်းက ဒီအကြောင်း ပြောနေကြတာဖြစ်ပြီး လီဗာပူးခံစစ်က မြင့်မြင့်တက်ကစားနေတာတယ်။ အဲ့တာက မှန်ရဲ့လား? VAR စနစ် ပါလာတာကြောင့်လား? အခြားကိစ္စကြောင့်လား? ” လို့ မေးခဲ့တာပါ။

ဗန်ဒိုက်ကတော့ ” ဒါတွေက ခင်ဗျားတို့ဘာသာ ပြောနေတဲ့ ကိစ္စပါ။ ကျနော်တို့ ဂိုးပေးခံရတာတွေကို ကြည့်မယ်ဆိုရင် ဂိုးမပေးရအောင် ပိုကောင်းကောင်းလုပ်နိုင်ခဲ့သင့်တာပါ။ ဒါကို ကျနော်တို့လည်း သိကြပါတယ်။

ခံစစ်ကို အရင်လိုမဟုတ်ပဲ ရှေ့ပိုတက်ကစားနေလို့ ဂိုးတွေပေးနေရတယ်လို့ ကျနော် မထင်ဘူး။ အာရုံစူးစရိုက်မှု ပိုလုပ်ဖို့ လိုအပ်ခဲ့တာဖြစ်ပြီး ပိုကောင်းစွာ လုပ်နိုင်မယ်ဆိုတာလည်း ကျနော်တို့ သိတယ်။ ဒီတော့ တိုးတက်လာအောင် လုပ်ရမှာဖြစ်ပြီး ဘန်လေနဲ့ပွဲမှာ ကျနော်တို့ လုပ်ပြနိုင်ခဲ့တယ် ” လို့ တုန့်ပြန်သွားခဲ့ပါတယ်။