Zawgyi – ဘန္ေလကို နုိင္တဲ့ ပြဲအျပီးမွာ လီဗာပူးအသင္းဟာ ကလပ္စံခ်ိန္သစ္ တစ္ခု အျဖစ္ အသင္း သမုိင္းတစ္ေလွ်ာက္ ပထမဦးဆံုး ၁၃ ပြဲဆက္ လိဂ္နုိင္ပြဲကို ရယူႏုိင္ခဲ့ျပီး ကေလာ့ပ္က အလြန္ ေက်နပ္ေပ်ာ္ရႊင္ေနပါတယ္။

ဒီရာသီ ပထမဦးဆံုး clean sheet ၊ ကလပ္စံခ်ိန္တင္ ႏုိင္ပြဲဆက္ မွတ္တမ္း၊ ပရီးမီးယားလိဂ္ရဲ႕ ရာႏွဳန္းျပည့္ ႏုိင္ပြဲတုိ႕ဟာ လီဗာပူးကို အမွတ္ေပး ဇယားထိပ္မွာ ဆက္လက္ဦးေဆာင္ေစခဲ့ ပါတယ္။

မာေနးဟာ ကြင္းထဲကေန ေဒါသတၾကီး ထြက္လာခဲ့ျပီး အရန္ခံုမွာ ေပါက္ကြဲေနတာနဲ႕ ပတ္သတ္ကာ ယာဂင္ကေလာ့ပ္က –

” မာေနးက စိတ္ခံစားခ်က္ ျပင္းထန္သူပါ။ က်ေနာ္တုိ႔ အားလံုးက တစ္ဦးခ်င္း စုေပါင္းထားၾကတာျဖစ္တယ္။ တခါတေလေတာ့ ကိုယ္လိုခ်င္သလို ျဖစ္မလာပါဘူး။ အဲ့တာေၾကာင့္ လူစားလဲတာလည္း မဟုတ္ဘူး။ ဒီကိစၥကို အသင္းအဝတ္လဲခန္းမွာပဲ ရွင္းလင္းသြားမွာပါ။ ” လို႔ ပြဲ အျပီးမွာ ဆိုခဲ့တယ္။

ေဒါ့မြန္အသင္းဟာ လီဗာပူးအသင္း လူငယ္ ကစားသမားေလး ေဘာ္ဘီဒန္ကန္ကို ေခၚယူဖို႔ ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။ စတီဗင္ ဂ်ရတ္ရဲ႕ ညီ၀မ္းကြဲ ဒန္ကန္ဟာ (၁၈)ႏွစ္ပဲ ရွိေသးေပမယ့္ ေဒါ့မြန္က ကစားသမားကို ပြဲထြက္ခြင့္ေပးမယ့္အခ်က္နဲ႔ ကမ္းလွမ္းဖို႔ ရွိေနပါတယ္။

ဥေရာပ အေကာင္းဆံုး ကစားသမားဆုကို ပူပူေႏြးေႏြး ရရွိထားတဲ့ လီဗာပူး ခံစစ္မွဴး ဗန္ဒိုက္ရဲ႕ ကစားသမားဘ၀ စတင္ရာ ေဟာ္လန္ အ​ေပ်ာ္​တန္​းကလပ္​ WDS’19 အသင္းဟာ အသင္း ကြင္းအနီးမွာ ယခင္က `ဒီ​ေနရာဟာ ကမာၻ႔ ​ေစ်းအႀကီးဆံုး ​​ေနာက္​ခံ ကစားသမား စတင္​ ခဲ့တဲ့ ​ေနရာ ျဖစ္​တယ္​´ လို႔ Banner တစ္ခု ျပဳလုပ္ထားခဲ့ျပီး ယခုအခါ `ဥ​ေရာပရဲ႕ အ​ေကာင္​းဆံုး ကစားသမား´ လို႔ ေျပာင္းလဲရန္ ၾကံရြယ္ေနပါတယ္။

ဘန္ေလဘက္က ဘန္းနဲ႔ ခရစ္ဝုဒ္တို႔လို တိုက္စစ္သမားေတြ အခြင့္အေရးေကာင္း မရဖို႔နဲ႔ ျပိဳင္ဘက္တုိက္စစ္ကို ခုခံေပးခဲ့တဲ့ ဖာဘင္ညိဳဟာ ထိုက္တန္တဲ့ အသိအမွတ္ျပဳမႈေတြ မရေသးေပမယ့္လို႔ သူ႔ရဲ႕ေနရာမွာေတာ့ ဖာနန္ဒင္ဟိုကို ေက်ာ္ျပီး အေကာင္းဆံုး လိဂ္ ကစားသမား ျဖစ္လာေနျပီလို႔ ကာေရဂါက ေျပာၾကားလိုက္ပါတယ္။

Unicode –

ဘန်လေကို နိုင်တဲ့ ပွဲအပြီးမှာ လီဗာပူးအသင်းဟာ ကလပ်စံချိန်သစ် တစ်ခု အဖြစ် အသင်း သမိုင်းတစ်လျှောက် ပထမဦးဆုံး ၁၃ ပွဲဆက် လိဂ်နိုင်ပွဲကို ရယူနိုင်ခဲ့ပြီး ကလော့ပ်က အလွန် ကျေနပ်ပျော်ရွှင်နေပါတယ်။

ဒီရာသီ ပထမဦးဆုံး clean sheet ၊ ကလပ်စံချိန်တင် နိုင်ပွဲဆက် မှတ်တမ်း၊ ပရီးမီးယားလိဂ်ရဲ့ ရာနှုန်းပြည့် နိုင်ပွဲတို့ဟာ လီဗာပူးကို အမှတ်ပေး ဇယားထိပ်မှာ ဆက်လက်ဦးဆောင်စေခဲ့ ပါတယ်။

မာနေးဟာ ကွင်းထဲကနေ ဒေါသတကြီး ထွက်လာခဲ့ပြီး အရန်ခုံမှာ ပေါက်ကွဲနေတာနဲ့ ပတ်သတ်ကာ ယာဂင်ကလော့ပ်က –

” မာနေးက စိတ်ခံစားချက် ပြင်းထန်သူပါ။ ကျနော်တို့ အားလုံးက တစ်ဦးချင်း စုပေါင်းထားကြတာဖြစ်တယ်။ တခါတလေတော့ ကိုယ်လိုချင်သလို ဖြစ်မလာပါဘူး။ အဲ့တာကြောင့် လူစားလဲတာလည်း မဟုတ်ဘူး။ ဒီကိစ္စကို အသင်းအဝတ်လဲခန်းမှာပဲ ရှင်းလင်းသွားမှာပါ။ ” လို့ ပွဲ အပြီးမှာ ဆိုခဲ့တယ်။

ဒေါ့မွန်အသင်းဟာ လီဗာပူးအသင်း လူငယ် ကစားသမားလေး ဘော်ဘီဒန်ကန်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ စတီဗင် ဂျရတ်ရဲ့ ညီဝမ်းကွဲ ဒန်ကန်ဟာ (၁၈)နှစ်ပဲ ရှိသေးပေမယ့် ဒေါ့မွန်က ကစားသမားကို ပွဲထွက်ခွင့်ပေးမယ့်အချက်နဲ့ ကမ်းလှမ်းဖို့ ရှိနေပါတယ်။

ဥရောပ အကောင်းဆုံး ကစားသမားဆုကို ပူပူနွေးနွေး ရရှိထားတဲ့ လီဗာပူး ခံစစ်မှူး ဗန်ဒိုက်ရဲ့ ကစားသမားဘ၀ စတင်ရာ ဟော်လန် အပျော်တန်းကလပ် WDS’19 အသင်းဟာ အသင်း ကွင်းအနီးမှာ ယခင်က `ဒီနေရာဟာ ကမ္ဘာ့ ဈေးအကြီးဆုံး နောက်ခံ ကစားသမား စတင် ခဲ့တဲ့ နေရာ ဖြစ်တယ်´ လို့ Banner တစ်ခု ပြုလုပ်ထားခဲ့ပြီး ယခုအခါ `ဥရောပရဲ့ အကောင်းဆုံး ကစားသမား´ လို့ ပြောင်းလဲရန် ကြံရွယ်နေပါတယ်။

ဘန်လေဘက်က ဘန်းနဲ့ ခရစ်ဝုဒ်တို့လို တိုက်စစ်သမားတွေ အခွင့်အရေးကောင်း မရဖို့နဲ့ ပြိုင်ဘက်တိုက်စစ်ကို ခုခံပေးခဲ့တဲ့ ဖာဘင်ညိုဟာ ထိုက်တန်တဲ့ အသိအမှတ်ပြုမှုတွေ မရသေးပေမယ့်လို့ သူ့ရဲ့နေရာမှာတော့ ဖာနန်ဒင်ဟိုကို ကျော်ပြီး အကောင်းဆုံး လိဂ် ကစားသမား ဖြစ်လာနေပြီလို့ ကာရေဂါက ပြောကြားလိုက်ပါတယ်။