ချယ်ဆီးအသင်းဟာ တန်းတက်လာတဲ့ ရှက်ဖီးယူနိုက်တက်ကို စတန်းဖို့ဘရစ်ခ်ျမှာ ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပိုင်းမှာတင် အေဗရာဟမ် သွင်းဂိုး နှစ်ဂိုးနဲ့ ဦးဆောင်ထားခဲ့သော်လည်း ဒုတိယပိုင်းမှာ ရော်ဘင်ဆန်ရဲ့ ချေပဂိုးကို ခွင့်ပြုလိုက်ရတဲ့ အပြင် ဇူးမာကလည်း ပွဲပြီးခါနီး ကိုယ့်ဂိုးကိုယ် သွင်းခဲ့တာကြောင့် ၂-၂ သရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။
Unicode – ရှက်ဖီးကို သရေကျတဲ့ ပွဲအပြီးမှာ လမ်းပတ်က – ” ပွဲကို ကျနေ်ာတို့ ထိန်းချုပ်နိုင်ပြီး အသာစီး ရထားခဲ့ပေမယ့် သူတို့ကို ဂိုး လက်ဆောင် ပေးလိုက်တာ က ကျနော်တို့ အမှားပါ။ ဖြစ်နေကျ ထုံးစံလိုပါပဲ။ ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။
တိုမိုရီကို ကစားခွင့် ပေးခဲ့တာနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်မှုတွေ ရှိနေပေမယ့် လမ်းပတ်ကတော့ လူငယ်ခံစစ်မှူးဟာ ထရိန်နင်မှာ ခြေစွမ်း မြင့်မြင့်မားမား အစွမ်းပြနေပြီး ပွဲကစားခွင့်နဲ့ ထိုက်တန်ခဲ့ကာ ကောင်းစွာလည်း ကစားခဲ့တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ တန်းတက်လာတဲ့ ရှက်ဖီးယူနိုက်တက်ကို စတန်းဖို့ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပိုင်းမှာတင် အေဗရာဟမ် သွင်းဂိုး နှစ်ဂိုးနဲ့ ဦးဆောင်ထားခဲ့သော်လည်း ဒုတိယပိုင်းမှာ ရော်ဘင်ဆန်ရဲ့ ချေပဂိုးကို ခွင့်ပြုလိုက်ရတဲ့ အပြင် ဇူးမာကလည်း ပွဲပြီးခါနီး ကိုယ့်ဂိုးကိုယ် သွင်းခဲ့တာကြောင့် ၂-၂ သရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။
အာဆင်နယ် နဲ့ ချယ်ဆီးအသင်းတို့ ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူး ဇာဟာက လာမယ့် ဇန်နဝါရီမှာ အသင်းပြောင်းဖွယ်ရှိတယ် လို့ ခရစ္စတယ် ပဲလေစ့် ဥက္ကဌက ဝန်ခံ ပြောဆိုလိုက်ပါတယ်။
ချယ်ဆီးအသင်း ပရိတ်သတ်တွေဟာ ရှက်ဖီးလ် ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ ကိုယ့်ဂိုး ကိုယ်သွင်းယူခဲ့တဲ့ ခံစစ်မှူး ကတ် ဇူးမားကို လူမျိုးရေးခွဲခြား ရှုံ့ချမှုတွေ ပြုလုပ်နေကြပါတယ်။
ချယ်ဆီး နည်းပြ လမ်းပတ်က အဆိုပါ အပြုအမူတွေအပေါ် အကြီးအကျယ် စိတ်ဆိုး ဒေါသထွက်နေခဲ့ပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချခဲ့တယ် လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။