Zawgyi – မန္ယူကြင္းလယ္ကစားသမား ေပါ့ဘာဘက္က အျမဲလို ကာကြယ္ေပးေလ့ရွိတဲ့ နည္းျပ ဆုိးရွားက ေဆက္သမ္တန္နဲ႕ ပြဲမွာေတာ့ ေပါ့ဘာ ေျခစြမ္း အေပၚ စိတ္တိုင္း မက် ျဖစ္ေနခဲ့ပါတယ္။

” က်ေနာ္တို႔ အသင္းက ေဘာလံုးကို ျဖစ္သလို ကစားခဲ့ျပီး အဲဒီထဲမွာ ေပါ့ဘာလည္း ပါခဲ့တယ္။ တျခားကစားသမားေတြနဲ႕ ကြဲျပားတဲ့ ကစားဟန္ သူ မျပသနိုင္ခဲ့ဘူး။” လို႔ ဆိုးရွားက ပြဲ အျပီးမွာ ဖြင့္ဟ ေျပာဆိုခဲ့ပါတယ္။

မန္ယူ နည္းျပ အိုလီဂန္နာ ဆိုးရွားက ေဆာက္သမ္တန္အသင္းကို သေရက်ခဲ့တဲ့ ပြဲစဥ္ဟာ အႏုိင္ရသင့္လ်က္နဲ႔ သေရက်ခဲ့တဲ့ ပြဲစဥ္ တစ္ပြဲ ျဖစ္တယ္လုိ႔ ညည္းတြားေျပာဆိုလုိက္ပါတယ္။

လတ္တေလာ မန္ယူအသင္းရဲ႕ ရလဒ္ဆိုးရြားမႈေတြနဲ႔အတူ ေဝဖန္မႈေတြနဲ႔ ရင္ဆုိင္ေနရေပမယ့္ ဂ်က္ဆီ လင္ဂတ္ဟာ ဂႏၱဝင္ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္ခြင့္ရဖို႔ နည္းျပဆိုးရွားထံ ေတာင္းဆိုခဲ့ေၾကာင္း သိရပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ ဂႏၱဝင္ ကြင္းလယ္ကစားသမား ေပါလ္စခိုးလ္က မန္ယူအသင္းဟာ ေနရာမွန္ျပန္ေရာက္ဖို႔ အေတာ္ ၾကာဦးမယ္လို႔ သံုးသပ္သြားခဲ့ပါတယ္။ အသင္းဟာ ေနာက္ထပ္ နွစ္နွစ္ေလာက္ ျပသနာေတြနဲ႕ ရွိေနဦးမယ္လို႔ ၄င္းက ယူဆထားပါတယ္။

အင္တာမီလန္သို႔ ေျပာင္းေရႊ႕သြားျပီ ျဖစ္တဲ့ မန္ယူတိုက္စစ္မွဴးေဟာင္း လူကာကူက မန္ခ်က္စတာမွာ ဘာလို႔ ေျခစြမ္းမျပနိုင္ခဲ့လဲ သူလည္း နားမလည္နိုင္ ျဖစ္ရေၾကာင္းနဲ႕ ဘာပဲျဖစ္ျဖစ္ မန္ယူအသင္းကို အျမဲေလးစားေနမွာ ျဖစ္တယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

မန္ယူ ခံစစ္မွူး စေမာလင္းဟာ ႐ုိးမားအသင္းထံ တစ္ရာသီ အငွားစာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕သြားၿပီျဖစ္ၿပီး ႐ုိးမားအသင္းမွာ ေက်ာနံပါတ္(၆)ကုိ ၀တ္ဆင္ ကစားသြားမွာ ျဖစ္ပါတယ္။

မန္ယူႏိုက္တက္အသင္းရဲ႕ ကစားသမားမ်ား အီတလီကို ေျပာင္းေရႊ႕ေနတာဟာ ဆက္လက္ျဖစ္ေပၚေနျပီး ယခုအခါ ဒါမီးယန္း ကလည္း ပါးမားအသင္းထံ ေပါင္ ၂ သန္း နဲ႔ ေျပာင္းေရႊ႕ရန္ သေဘာတူလိုက္ျပီျဖစ္ပါတယ္။

ဆိုးရွား ကိုင္တြယ္ေနတဲ့ မန္ယူအသင္းဟာ ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၃ ပြဲမွာ ၃ ပြဲသာႏုိင္ပြဲရရွိထားျပီး ၄ ပြဲ သေရက်ကာ ၆ ပြဲ ရံႈးနိမ့္ထားျပီး နည္းျပလည္း ဖိအား၀င္လာျပီ ျဖစ္ပါတယ္။

ဒီရာသီအတြက္ ပရီးမီးယားလိဂ္ကေန ထုတ္ပယ္ခံရဖို႔ ေရပန္းအစားဆံုး မန္ေနဂ်ာမ်ားစာရင္းမွာ ဝတ္ဖိုဒ့္နည္းျပ၊ ခ်ယ္ဆီးနည္းျပနဲ႔အတူ မန္ယူနည္းျပျဖစ္သူ ဆိုးရွားလည္း ပါဝင္လာခဲ့ျပီျဖစ္ပါတယ္။

UNICODE – မန်ယူကွင်းလယ်ကစားသမား ပေါ့ဘာဘက်က အမြဲလို ကာကွယ်ပေးလေ့ရှိတဲ့ နည်းပြ ဆိုးရှားက ဆေက်သမ်တန်နဲ့ ပွဲမှာတော့ ပေါ့ဘာ ခြေစွမ်း အပေါ် စိတ်တိုင်း မကျ ဖြစ်နေခဲ့ပါတယ်။

” ကျနော်တို့ အသင်းက ဘောလုံးကို ဖြစ်သလို ကစားခဲ့ပြီး အဲဒီထဲမှာ ပေါ့ဘာလည်း ပါခဲ့တယ်။ တခြားကစားသမားတွေနဲ့ ကွဲပြားတဲ့ ကစားဟန် သူ မပြသနိုင်ခဲ့ဘူး။” လို့ ဆိုးရှားက ပွဲ အပြီးမှာ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

မန်ယူ နည်းပြ အိုလီဂန်နာ ဆိုးရှားက ဆောက်သမ်တန်အသင်းကို သရေကျခဲ့တဲ့ ပွဲစဉ်ဟာ အနိုင်ရသင့်လျက်နဲ့ သရေကျခဲ့တဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်တယ်လို့ ညည်းတွားပြောဆိုလိုက်ပါတယ်။

လတ်တလော မန်ယူအသင်းရဲ့ ရလဒ်ဆိုးရွားမှုတွေနဲ့အတူ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် ဂျက်ဆီ လင်ဂတ်ဟာ ဂန္တဝင်ကျောနံပါတ် ၇ ကို ဝတ်ဆင်ခွင့်ရဖို့ နည်းပြဆိုးရှားထံ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကွင်းလယ်ကစားသမား ပေါလ်စခိုးလ်က မန်ယူအသင်းဟာ နေရာမှန်ပြန်ရောက်ဖို့ အတော် ကြာဦးမယ်လို့ သုံးသပ်သွားခဲ့ပါတယ်။ အသင်းဟာ နောက်ထပ် နှစ်နှစ်လောက် ပြသနာတွေနဲ့ ရှိနေဦးမယ်လို့ ၎င်းက ယူဆထားပါတယ်။

အင်တာမီလန်သို့ ပြောင်းရွှေ့သွားပြီ ဖြစ်တဲ့ မန်ယူတိုက်စစ်မှူးဟောင်း လူကာကူက မန်ချက်စတာမှာ ဘာလို့ ခြေစွမ်းမပြနိုင်ခဲ့လဲ သူလည်း နားမလည်နိုင် ဖြစ်ရကြောင်းနဲ့ ဘာပဲဖြစ်ဖြစ် မန်ယူအသင်းကို အမြဲလေးစားနေမှာ ဖြစ်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

မန်ယူ ခံစစ်မှူး စမောလင်းဟာ ရိုးမားအသင်းထံ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားပြီဖြစ်ပြီး ရိုးမားအသင်းမှာ ကျောနံပါတ်(၆)ကို ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းရဲ့ ကစားသမားများ အီတလီကို ပြောင်းရွှေ့နေတာဟာ ဆက်လက်ဖြစ်ပေါ်နေပြီး ယခုအခါ ဒါမီးယန်း ကလည်း ပါးမားအသင်းထံ ပေါင် ၂ သန်း နဲ့ ပြောင်းရွှေ့ရန် သဘောတူလိုက်ပြီဖြစ်ပါတယ်။

ဆိုးရှား ကိုင်တွယ်နေတဲ့ မန်ယူအသင်းဟာ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ပွဲမှာ ၃ ပွဲသာနိုင်ပွဲရရှိထားပြီး ၄ ပွဲ သရေကျကာ ၆ ပွဲ ရှုံးနိမ့်ထားပြီး နည်းပြလည်း ဖိအားဝင်လာပြီ ဖြစ်ပါတယ်။

ဒီရာသီအတွက် ပရီးမီးယားလိဂ်ကနေ ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး မန်နေဂျာများစာရင်းမှာ ဝတ်ဖိုဒ့်နည်းပြ၊ ချယ်ဆီးနည်းပြနဲ့အတူ မန်ယူနည်းပြဖြစ်သူ ဆိုးရှားလည်း ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။