စိန္႔နဲ႔ပြဲမွာ ႏုိင္ပြဲမရခဲ့ပဲ တစ္ေယာက္ေလ်ာ့ အေနအထားကိုေတာင္ သြင္းဂိုး ထပ္မံမရယူႏုိင္ခဲ့ကာ သေရရလဒ္ပဲ ထြက္ေပၚတဲ့ေနာက္ ဆုဖလားေတြကို စိန္ေခၚႏုိင္ဖုိ႔ မန္ယူအသင္းဟာ ႏွစ္ႏွစ္ေလာက္ အခ်ိန္ယူရမယ္လုိ႔ ကြင္းလယ္ေဟာင္းၾကီး ေပါစခိုးက သံုးသပ္ခဲ့ပါတယ္။

ပရီးမီးယားလိိဂ္ အဖြင့္ပြဲစဥ္မွာ ခ်ယ္ဆီးအသင္းကို ေလးဂိုးျပတ္ အႏုိင္ရခဲ့တဲ့ မန္ယူဟာ အဆိုပါပြဲအျပီး ယွဥ္ျပိဳင္ကစားရတဲ့ အမွတ္ေပးပြဲ သံုးပြဲမွာ တစ္ပြဲမွ အႏုိင္မရထားပါဘူး။ ဝုဗ္၊ စိန္႔တို႔ကို သေရက်ခဲ့သလို အိမ္ကြင္းမွာ ပဲေလစ့္ကို အေရးနိမ့္ထားတာျဖစ္တယ္။ စခိုးကေတာ့ လာမယ့္ ႏွစ္ႏွစ္ေလာက္ထိ မန္ယူဟာ ဆုဖလားေတြကို စိန္ေခၚႏုိင္မွာ မဟုတ္ဘူးလို႔ ျပတ္သားစြာ ေျပာဆိုပါတယ္။

မန္ယူအသင္းသားေဟာင္းၾကီးက “ စိန္႔ပြဲကေန က်ေနာ္တုိ႔ ျမင္ခဲ့တာကေတာ့ အသင္းဟာ ေနရာမွန္ျပန္ေရာက္ဖုိ႔ အခ်ိန္အေတာ္ၾကာပါဦးမယ္။ သူတို႔အေနနဲ႔ အရည္အခ်င္းရွိ ကစားသမားေတြ အမ်ားႀကီး ထပ္မံအားျဖည့္ရပါလိမ့္မယ္။ ေႏြမွာေခၚယူထားတဲ့ ဘစ္ဆာကာ၊ မက္ဂြဲရား တို႔ဟာ အသင္းကိုအေကာင္းဆံုးပံ့ပိုးေပးေနၾကတာပါ။

လက္ရွိ ရလဒ္ေတြအရ သူတို႔နဲ႔တင္ မလံုေလာက္ေသးတာကို ေတြ႕ရပါလိမ့္မယ္။ အသင္းအေနနဲ႔ ေနာက္တစ္ႏွစ္၊ ႏွစ္ႏွစ္ေလာက္အခ်ိန္ယူၿပီး အသင္းကို ျပန္လည္တည္ေဆာက္သြားရဦးမွာျဖစ္ပါတယ္။ ၿပိဳင္ဖက္အသင္းေတြအေနနဲ႔လည္း လာမယ့္ တစ္ႏွစ္၊ ႏွစ္ႏွစ္အတြင္း မန္ယူကို ခ်န္ပီယံဆု စိန္ေခၚႏုိင္တဲ့အသင္း စာရင္းထဲကေန ထုတ္ထားလို႔ရပါတယ္” လို႔ သံုးသပ္သြားခဲ့ပါတယ္။

ႏုိင္ငံတကာသီတင္းပတ္ေၾကာင့္ ဒီအပတ္အျပီးမွာ ပရီးမီးယားလိဂ္ပြဲေတြ ရပ္နားထားမွာပါ။ ပြဲစဥ္ ၅ မွာေတာ့ မန္ယူဟာ လက္စတာအသင္းကို အိမ္ကြင္းမွာ ဧည့္ခံ ယွဥ္ျပိဳင္ရမွာပဲျဖစ္ပါတယ္။

UNICODE

စိန့်နဲ့ပွဲမှာ နိုင်ပွဲမရခဲ့ပဲ တစ်ယောက်လျော့ အနေအထားကိုတောင် သွင်းဂိုး ထပ်မံမရယူနိုင်ခဲ့ကာ သရေရလဒ်ပဲ ထွက်ပေါ်တဲ့နောက် ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ မန်ယူအသင်းဟာ နှစ်နှစ်လောက် အချိန်ယူရမယ်လို့ ကွင်းလယ်ဟောင်းကြီး ပေါစခိုးက သုံးသပ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ချယ်ဆီးအသင်းကို လေးဂိုးပြတ် အနိုင်ရခဲ့တဲ့ မန်ယူဟာ အဆိုပါပွဲအပြီး ယှဉ်ပြိုင်ကစားရတဲ့ အမှတ်ပေးပွဲ သုံးပွဲမှာ တစ်ပွဲမှ အနိုင်မရထားပါဘူး။ ဝုဗ်၊ စိန့်တို့ကို သရေကျခဲ့သလို အိမ်ကွင်းမှာ ပဲလေစ့်ကို အရေးနိမ့်ထားတာဖြစ်တယ်။ စခိုးကတော့ လာမယ့် နှစ်နှစ်လောက်ထိ မန်ယူဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်မှာ မဟုတ်ဘူးလို့ ပြတ်သားစွာ ပြောဆိုပါတယ်။

မန်ယူအသင်းသားဟောင်းကြီးက “ စိန့်ပွဲကနေ ကျနော်တို့ မြင်ခဲ့တာကတော့ အသင်းဟာ နေရာမှန်ပြန်ရောက်ဖို့ အချိန်အတော်ကြာပါဦးမယ်။ သူတို့အနေနဲ့ အရည်အချင်းရှိ ကစားသမားတွေ အများကြီး ထပ်မံအားဖြည့်ရပါလိမ့်မယ်။ နွေမှာခေါ်ယူထားတဲ့ ဘစ်ဆာကာ၊ မက်ဂွဲရား တို့ဟာ အသင်းကိုအကောင်းဆုံးပံ့ပိုးပေးနေကြတာပါ။

လက်ရှိ ရလဒ်တွေအရ သူတို့နဲ့တင် မလုံလောက်သေးတာကို တွေ့ရပါလိမ့်မယ်။ အသင်းအနေနဲ့ နောက်တစ်နှစ်၊ နှစ်နှစ်လောက်အချိန်ယူပြီး အသင်းကို ပြန်လည်တည်ဆောက်သွားရဦးမှာဖြစ်ပါတယ်။ ပြိုင်ဖက်အသင်းတွေအနေနဲ့လည်း လာမယ့် တစ်နှစ်၊ နှစ်နှစ်အတွင်း မန်ယူကို ချန်ပီယံဆု စိန်ခေါ်နိုင်တဲ့အသင်း စာရင်းထဲကနေ ထုတ်ထားလို့ရပါတယ်” လို့ သုံးသပ်သွားခဲ့ပါတယ်။

နိုင်ငံတကာသီတင်းပတ်ကြောင့် ဒီအပတ်အပြီးမှာ ပရီးမီးယားလိဂ်ပွဲတွေ ရပ်နားထားမှာပါ။ ပွဲစဉ် ၅ မှာတော့ မန်ယူဟာ လက်စတာအသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။