ခ်ယ္ဆီးအသင္းက ရွက္ဖီးအသင္းကို ၂-၀ နဲ႔ ဦးေဆာင္ထားေပမယ့္ ပြဲအျပီး ၂-၂ သေရရလဒ္ ထြက္ေပၚခဲ့အျပီးမွာ ကလပ္အသင္း ပရိသတ္ေတြက မန္ေနဂ်ာလမ္းပတ္ကို ခြင့္လႊတ္ေပးခဲ့ေပမယ့္ ေနရာတစ္ေနရာအတြက္ ေတာင္းဆိုမႈကို ျပဳလုပ္လာၾကျပီျဖစ္ပါတယ္။

တိုက္စစ္မွဴးေအဘရာဟမ္က ထူးခၽြန္တဲ့ သြင္းဂိုး ႏွစ္ဂိုးကို ရခဲ့ေပမယ့္ ဧည့္သည္အသင္းက တုန္႔ျပန္မႈေတြ ျပန္လုပ္ႏုိင္ခဲ့ကာ သေရပြဲျဖစ္ခဲ့တာပါ။ အသင္းသားေတြ ပြဲကို ထိန္းခ်ဳပ္ဖို႔ ရုန္းကန္ခဲ့ရသလို ျပိဳင္ဘက္ရဲ႕ ဘယ္ျခမ္းတိုက္စစ္ကို ထိန္းခ်ဳပ္ရတဲ့ ကီြတာ ေျခစြမ္း လိုအပ္ခ်က္မ်ားခဲ့ျခင္းကလည္း ျဖတ္တင္ေဘာေတြကို ခြင့္ျပဳခဲ့ရပါတယ္။

အသက္ ၃၀ အရြယ္ ခ်ယ္ဆီးအသင္းေခါင္းေဆာင္ရဲ႕ စြမ္းေဆာင္ရည္ဟာ ပရိသတ္ေတြအတြက္ေတာ့ ႏွစ္သက္ေစခဲ့တာ မဟုတ္ဘူး။ သူ႔ရဲ႕ ပြဲအတြင္း ေဘာလံုးပိုင္ဆုိင္မႈ အၾကိမ္ ၂၀ ထိေတာင္ ဆံုးရံွဴးျခင္းကလည္း ပရိသတ္ေတြကို အံ့အားသင့္မႈေတြ ျဖစ္ေစခဲ့ပါတယ္။

ရွက္ဖီးအသင္း ရခဲ့တဲ့ ေျခပဂိုးႏွစ္ဂိုးလံုးဟာ ကီြတာရဲ႕ ကာကြယ္မႈ လိုအပ္ခ်က္ မ်ားခဲ့ျခင္းကေန ျပိဳင္ဘက္က ျဖတ္တင္ေဘာေတြ လုပ္ႏုိင္ျပီး အခြင့္အေရးေတြ ရခဲ့ၾကတာျဖစ္တယ္။ သူ႔ေနရာမွာ လူငယ္ေလး ရိစ္ဂ်ိမ္းဆိုရင္ ဒီလို ရမွတ္ဆံုးရံွဴးတာ မျဖစ္ႏုိင္ဘူးဆိုတဲ့ အျမင္ေတြလည္း မ်ားျပားေနပါတယ္။

ရာသီၾကိဳမွာကတည္းက ဒဏ္ရာေၾကာင့္ စီနီယာလူစာရင္းနဲ႔ ပူးေပါင္းႏုိင္ျခင္း မရွိခဲ့တဲ့ ရိစ္ဂ်ိမ္းကိုေတာ့ ခ်ယ္ဆီးက ေရာင္းထုတ္ျခင္း အငွားခ်ျခင္းေတြ မလုပ္ခဲ့ပါဘူး။ ႏုိင္ငံတကာ သီတင္းပတ္အကုန္မွာ အဂၤလန္လူငယ္ေလး ေဘာလံုးျပန္ကစားဖို႔ အဆင္သင့္ျဖစ္ေနမယ္လို႔ ယံုၾကည္ရျပီး မန္ေနဂ်ာလမ္းပတ္ အခြင့္အေရးေပးဖို႔ အသင္းပရိသတ္ေတြက ေတာင္းဆိုမႈေတြ စတင္ေနတာျဖစ္ပါတယ္။

UNICODE

ချယ်ဆီးအသင်းက ရှက်ဖီးအသင်းကို ၂-၀ နဲ့ ဦးဆောင်ထားပေမယ့် ပွဲအပြီး ၂-၂ သရေရလဒ် ထွက်ပေါ်ခဲ့အပြီးမှာ ကလပ်အသင်း ပရိသတ်တွေက မန်နေဂျာလမ်းပတ်ကို ခွင့်လွှတ်ပေးခဲ့ပေမယ့် နေရာတစ်နေရာအတွက် တောင်းဆိုမှုကို ပြုလုပ်လာကြပြီဖြစ်ပါတယ်။

တိုက်စစ်မှူးအေဘရာဟမ်က ထူးချွန်တဲ့ သွင်းဂိုး နှစ်ဂိုးကို ရခဲ့ပေမယ့် ဧည့်သည်အသင်းက တုန့်ပြန်မှုတွေ ပြန်လုပ်နိုင်ခဲ့ကာ သရေပွဲဖြစ်ခဲ့တာပါ။ အသင်းသားတွေ ပွဲကို ထိန်းချုပ်ဖို့ ရုန်းကန်ခဲ့ရသလို ပြိုင်ဘက်ရဲ့ ဘယ်ခြမ်းတိုက်စစ်ကို ထိန်းချုပ်ရတဲ့ ကွီတာ ခြေစွမ်း လိုအပ်ချက်များခဲ့ခြင်းကလည်း ဖြတ်တင်ဘောတွေကို ခွင့်ပြုခဲ့ရပါတယ်။

အသက် ၃၀ အရွယ် ချယ်ဆီးအသင်းခေါင်းဆောင်ရဲ့ စွမ်းဆောင်ရည်ဟာ ပရိသတ်တွေအတွက်တော့ နှစ်သက်စေခဲ့တာ မဟုတ်ဘူး။ သူ့ရဲ့ ပွဲအတွင်း ဘောလုံးပိုင်ဆိုင်မှု အကြိမ် ၂၀ ထိတောင် ဆုံးရံှူးခြင်းကလည်း ပရိသတ်တွေကို အံ့အားသင့်မှုတွေ ဖြစ်စေခဲ့ပါတယ်။

ရှက်ဖီးအသင်း ရခဲ့တဲ့ ခြေပဂိုးနှစ်ဂိုးလုံးဟာ ကွီတာရဲ့ ကာကွယ်မှု လိုအပ်ချက် များခဲ့ခြင်းကနေ ပြိုင်ဘက်က ဖြတ်တင်ဘောတွေ လုပ်နိုင်ပြီး အခွင့်အရေးတွေ ရခဲ့ကြတာဖြစ်တယ်။ သူ့နေရာမှာ လူငယ်လေး ရိစ်ဂျိမ်းဆိုရင် ဒီလို ရမှတ်ဆုံးရံှူးတာ မဖြစ်နိုင်ဘူးဆိုတဲ့ အမြင်တွေလည်း များပြားနေပါတယ်။

ရာသီကြိုမှာကတည်းက ဒဏ်ရာကြောင့် စီနီယာလူစာရင်းနဲ့ ပူးပေါင်းနိုင်ခြင်း မရှိခဲ့တဲ့ ရိစ်ဂျိမ်းကိုတော့ ချယ်ဆီးက ရောင်းထုတ်ခြင်း အငှားချခြင်းတွေ မလုပ်ခဲ့ပါဘူး။ နိုင်ငံတကာ သီတင်းပတ်အကုန်မှာ အင်္ဂလန်လူငယ်လေး ဘောလုံးပြန်ကစားဖို့ အဆင်သင့်ဖြစ်နေမယ်လို့ ယုံကြည်ရပြီး မန်နေဂျာလမ်းပတ် အခွင့်အရေးပေးဖို့ အသင်းပရိသတ်တွေက တောင်းဆိုမှုတွေ စတင်နေတာဖြစ်ပါတယ်။