Zawgyi – အာဆင္နယ္ ခံစစ္မွဴးေတြျဖစ္ၾကတဲ့ ဘယ္လာရင္၊ ဟိုးလ္ဒင္းနဲ႔ တီယာေနးတို႔ စပါးနဲ႕ လန္ဒန္ဒါဘီပြဲကို ဆက္လက္ လြဲေခ်ာ္ဦးမွာျဖစ္ၿပီး အိုေဇးလ္ ကေတာ့ ႀကံ့ခိုင္မႈ ျပည့္ဝေနၿပီ ျဖစ္ပါတယ္။

စပါးအသင္းဖက္က ေဝၚလ္ကာပီတာ၊ ဖို႔သ္၊ ဆက္ဆီႏြန္နဲ႔ အမ္ဒြန္ဘယ္လီတုိ႔ ေသခ်ာေပါက္လြဲေခ်ာ္မွာျဖစ္ၿပီး အလီကေတာ့ ဝင္ ကစားေကာင္း ကစားျဖစ္လိမ့္မယ္လို႔ သိရပါတယ္။

အာဆင္နယ္ ဂႏၲဝင္ ကစားသမားေဟာင္း ပီတစ္က ဒီရာသီမွာ အာဆင္နယ္နဲ႔ နည္းၿပ အူနိုင္း အမ္မရီ ၾကဳံေတြ႕ေနရတဲ့ ျပႆနာေလးရပ္ အျဖစ္ ခံစစ္ပိုင္း အမွားမ်ားေနျခင္း၊ အခုခ်ိန္ထိ ကစားကြက္ အတည္တက် မရွိေသးျခင္း၊ အေကာင္းဆုံး ပြဲထြက္ ၁၁ ေယာက္ကို တိတိက်က် မေရြးခ်ယ္ ရေသးျခင္း၊ ကစားကြက္မ်ိဳးစုံနဲ႔ အံဝင္ေအာင္ ကစားနိုင္တဲ့သူ မရွိျခင္း တို႔ကို ေထာက္ျပသြားခဲ့ပါတယ္။

အာဆင္နယ္ နဲ ့ ခ်ယ္ဆီးအသင္းတို ့ ပစ္မွတ္ထားေနတဲ့ တိုက္စစ္မွဴးဇာဟာက လာမယ့္ ဇန္န၀ါရီမွာ အသင္းေျပာင္းဖြယ္ရွိတယ္ လို ့ ခရစၥတယ္ ပဲေလစ့္ ဥကၠဌက ၀န္ခံ ေျပာဆိုလိုက္ပါတယ္။

တူရကီကလပ္ ဘီဆစ္တပ္ အသင္းကို အငွား ေျပာင္း​ေရႊ႕သြားခဲ့ၿပီ ျဖစ္တဲ့ အယ္နီနီက ဒီရာသီမွာ အာဆင္နယ္အသင္း ေအာင္ျမင္မွဳတြ ရယူနိုင္ပါေစလို႔ ဆုေတာင္း ေပးသြားခဲ့ၿပီး အစၥတန္ဘူလ္ကေန အာဆင္နယ္ အသင္းရဲ့ တိုးတက္မွုကို ​ေစာင့္ၾကည့္ အားေပးသြားမယ္လို႔ ဆိုခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္း ကင္းေထာက္ေတြဟာ အငွားေစလႊတ္ထားတဲ့ ဆီးဘယ္ေလာ့ေျခစြမ္းကို ေစာင့္ၾကည့္ဖို႔ အာဆင္နယ္ နဲ႔ စပါး အသင္းတို႔ရဲ႕ လန္ဒန္ဒါဘီပြဲစဥ္ကို လာေရာက္မယ္လို႔ သိရပါတယ္။

အာဆင္နယ္အသင္းဟာ စပါးနဲ႔ ပြဲၾကိဳ ထရိန္နင္ အစီအစဥ္မွာ ပါဝင္ေလ့က်င့္ဖို႔ လူငယ္ ေတာင္ပံကစားသမား ဘူကာယုိ ဆာကာနဲ႔ ဂါဘရီယယ္ မာတီနယ္လီတို႔ကို အာဆင္နယ္ ယူ-၂၃ အသင္းထံမွ ေခၚယူခဲ့တယ္လုိ႔ သိရပါတယ္။

Unicode –

အာဆင်နယ် ခံစစ်မှူးတွေဖြစ်ကြတဲ့ ဘယ်လာရင်၊ ဟိုးလ်ဒင်းနဲ့ တီယာနေးတို့ စပါးနဲ့ လန်ဒန်ဒါဘီပွဲကို ဆက်လက် လွဲချော်ဦးမှာဖြစ်ပြီး အိုဇေးလ် ကတော့ ကြံ့ခိုင်မှု ပြည့်ဝနေပြီ ဖြစ်ပါတယ်။

စပါးအသင်းဖက်က ဝေါ်လ်ကာပီတာ၊ ဖို့သ်၊ ဆက်ဆီနွန်နဲ့ အမ်ဒွန်ဘယ်လီတို့ သေချာပေါက်လွဲချော်မှာဖြစ်ပြီး အလီကတော့ ဝင် ကစားကောင်း ကစားဖြစ်လိမ့်မယ်လို့ သိရပါတယ်။

အာဆင်နယ် ဂန္တဝင် ကစားသမားဟောင်း ပီတစ်က ဒီရာသီမှာ အာဆင်နယ်နဲ့ နည်းပြ အူနိုင်း အမ်မရီ ကြုံတွေ့နေရတဲ့ ပြဿနာလေးရပ် အဖြစ် ခံစစ်ပိုင်း အမှားများနေခြင်း၊ အခုချိန်ထိ ကစားကွက် အတည်တကျ မရှိသေးခြင်း၊ အကောင်းဆုံး ပွဲထွက် ၁၁ ယောက်ကို တိတိကျကျ မရွေးချယ် ရသေးခြင်း၊ ကစားကွက်မျိုးစုံနဲ့ အံဝင်အောင် ကစားနိုင်တဲ့သူ မရှိခြင်း တို့ကို ထောက်ပြသွားခဲ့ပါတယ်။

အာဆင်နယ် နဲ့ ချယ်ဆီးအသင်းတို့ ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူးဇာဟာက လာမယ့် ဇန်နဝါရီမှာ အသင်းပြောင်းဖွယ်ရှိတယ် လို့ ခရစ္စတယ် ပဲလေစ့် ဥက္ကဌက ဝန်ခံ ပြောဆိုလိုက်ပါတယ်။

တူရကီကလပ် ဘီဆစ်တပ် အသင်းကို အငှား ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်တဲ့ အယ်နီနီက ဒီရာသီမှာ အာဆင်နယ်အသင်း အောင်မြင်မှုတွ ရယူနိုင်ပါစေလို့ ဆုတောင်း ပေးသွားခဲ့ပြီး အစ္စတန်ဘူလ်ကနေ အာဆင်နယ် အသင်းရဲ့ တိုးတက်မှုကို စောင့်ကြည့် အားပေးသွားမယ်လို့ ဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်း ကင်းထောက်တွေဟာ အငှားစေလွှတ်ထားတဲ့ ဆီးဘယ်လော့ခြေစွမ်းကို စောင့်ကြည့်ဖို့ အာဆင်နယ် နဲ့ စပါး အသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်ကို လာရောက်မယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ စပါးနဲ့ ပွဲကြို ထရိန်နင် အစီအစဉ်မှာ ပါဝင်လေ့ကျင့်ဖို့ လူငယ် တောင်ပံကစားသမား ဘူကာယို ဆာကာနဲ့ ဂါဘရီယယ် မာတီနယ်လီတို့ကို အာဆင်နယ် ယူ-၂၃ အသင်းထံမှ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။