မႏွစ္က ရာသီကုန္ကထက္ ဒီရာသီမွာ လီဗာပူးက ပေရာ္ဖက္ရွင္နယ္ ပိုမိ ပီသလာျပီး ႏုိင္ပြဲရသင့္တဲ့ အေနအထားေတြကို တုန္႔ျပန္ႏုိင္မႈေကာင္းေတြေၾကာင့္ ရာႏႈန္းျပည့္ ႏုိင္ပြဲကို ဆက္လက္ ထိန္းသိမ္းထားႏုိင္ခဲ့ျပီျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ပြဲ ၁၃ ပြဲဆက္တိုက္ ႏုိင္ပြဲရမႈဟာ ကလပ္အသင္းရဲ႕ စံခ်ိန္တင္မွတ္တမ္း ျဖစ္လာခဲ့သလို ကစားသမားတစ္ဦးက အထူးေျခစြမ္းျပေနေပမယ့္ သူဟာ ေဘာလံုးေဝဖန္ေရးေတြမွာနဲ႔ အသင္းပရိသတ္ေတြၾကားမွာ ေက်ာ္ၾကားလာျခင္းေတာ့ မရွိပါဘူး။ မေန႔ကပြဲမွာ အျမင့္ေဘာေတြကို တုန္႔ျပန္ႏုိင္ခဲ့ျပီး လီဗာပူးအားနည္းလွတဲ့ second ball ေတြကိုလည္း အေကာင္းဆံုး တုန္႔ျပန္ေပးခဲ့သူျဖစ္တယ္။

ဘန္ေလဘက္က ဘန္းနဲ႔ ခရစ္ဝုဒ္တို႔လို တိုက္စစ္သမားေတြ အခြင့္အေရးေကာင္း မရဖို႔နဲ႔ ျပိဳင္ဘက္တုိက္စစ္ကို ခုခံေပးခဲ့တဲ့ ဖာဘင္ညိဳဟာ ထိုက္တန္တဲ့ အသိအမွတ္ျပဳမႈေတြ မရေသးေပမယ့္လို႔ သူ႔ရဲ႕ေနရာမွာေတာ့ ဖာနန္ဒင္ဟိုကိုေက်ာ္ျပီး အေကာင္းဆံုး လိဂ္ကစားသမား ျဖစ္လာေနျပီလို႔ ကာေရဂါက ေျပာပါတယ္။

စကိုင္းမွ ဘာလံုးသံုးသပ္သူ ကာေရဂါက ” သူ႔ရဲ႕ေနရာမွာေတာ့ ဖာဘင္ညဳိက အေကာင္းဆံုးကစားသမားလို႔ က်ေနာ္ ထင္ပါတယ္။ ရိုဒရီေရာက္လာတဲ့ေနာက္ ဖာနန္ဒင္ဟိုက မန္စီးတီးမွာ ေနရာေပ်ာ္ေနခဲ့ေပမယ့္ ဖာဘင္ညိဳကေတာ့ ခရစ္စမတ္ကာလအျပီး လီဗာပူးလူစာရင္းထဲ ပါဝင္လာကတည္းက အေကာင္းဆံုး ကစားသမားျဖစ္ခဲ့ပါတယ္။

အခုခ်ိန္မွာေတာ့ သူက သူ႔ရဲ႕ေနရာမွာ အေကာင္းဆံုးကစားသမား ျဖစ္ေနပါျပီ။ လီဗာပူးက ေပါင္ ၄၀-၅၀ သန္းေလာက္ ေပးခဲ့ရျပီး ခက္ခဲတဲ့ အစကို ပိုင္ဆုိင္ခဲ့ေပမယ့္ ဒီရာသီမွာေတာ့ ကြင္းလယ္ခံစစ္မွာ လီဗာပူးက တိုးတက္လာပါျပီ။ မႏွစ္ကရာသီစမွာ လီဗာပူး ကစားပံု ေကာင္းခဲ့ေပမယ့္လို႔ သူတို႔ကြင္းလယ္မွာ ဖာဘင္ညိဳလို ကစားသမား မရွိခဲ့ပါဘူး ” လို႔ ထုတ္ေဖာ္ ခ်ီးက်ဴးသြားပါတယ္။

ဖာဘင္ညိဳဟာ လီဗာပူးရဲ႕ အသိအမွတ္ျပဳခံရမႈေတြ နည္းပါးေနေသးတဲ့ သူရဲေကာင္းတစ္ဦးျဖစ္မလား၊ အယူအဆေလးေတြ ေျပာျပခဲ့ၾကဖို႔ တိုက္တြန္းရပါတယ္။

UNICODE

မနှစ်က ရာသီကုန်ကထက် ဒီရာသီမှာ လီဗာပူးက ပရော်ဖက်ရှင်နယ် ပိုမိ ပီသလာပြီး နိုင်ပွဲရသင့်တဲ့ အနေအထားတွေကို တုန့်ပြန်နိုင်မှုကောင်းတွေကြောင့် ရာနှုန်းပြည့် နိုင်ပွဲကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲ ၁၃ ပွဲဆက်တိုက် နိုင်ပွဲရမှုဟာ ကလပ်အသင်းရဲ့ စံချိန်တင်မှတ်တမ်း ဖြစ်လာခဲ့သလို ကစားသမားတစ်ဦးက အထူးခြေစွမ်းပြနေပေမယ့် သူဟာ ဘောလုံးဝေဖန်ရေးတွေမှာနဲ့ အသင်းပရိသတ်တွေကြားမှာ ကျော်ကြားလာခြင်းတော့ မရှိပါဘူး။ မနေ့ကပွဲမှာ အမြင့်ဘောတွေကို တုန့်ပြန်နိုင်ခဲ့ပြီး လီဗာပူးအားနည်းလှတဲ့ second ball တွေကိုလည်း အကောင်းဆုံး တုန့်ပြန်ပေးခဲ့သူဖြစ်တယ်။

ဘန်လေဘက်က ဘန်းနဲ့ ခရစ်ဝုဒ်တို့လို တိုက်စစ်သမားတွေ အခွင့်အရေးကောင်း မရဖို့နဲ့ ပြိုင်ဘက်တိုက်စစ်ကို ခုခံပေးခဲ့တဲ့ ဖာဘင်ညိုဟာ ထိုက်တန်တဲ့ အသိအမှတ်ပြုမှုတွေ မရသေးပေမယ့်လို့ သူ့ရဲ့နေရာမှာတော့ ဖာနန်ဒင်ဟိုကိုကျော်ပြီး အကောင်းဆုံး လိဂ်ကစားသမား ဖြစ်လာနေပြီလို့ ကာရေဂါက ပြောပါတယ်။

စကိုင်းမှ ဘာလုံးသုံးသပ်သူ ကာရေဂါက ” သူ့ရဲ့နေရာမှာတော့ ဖာဘင်ညိုက အကောင်းဆုံးကစားသမားလို့ ကျနော် ထင်ပါတယ်။ ရိုဒရီရောက်လာတဲ့နောက် ဖာနန်ဒင်ဟိုက မန်စီးတီးမှာ နေရာပျော်နေခဲ့ပေမယ့် ဖာဘင်ညိုကတော့ ခရစ်စမတ်ကာလအပြီး လီဗာပူးလူစာရင်းထဲ ပါဝင်လာကတည်းက အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။

အခုချိန်မှာတော့ သူက သူ့ရဲ့နေရာမှာ အကောင်းဆုံးကစားသမား ဖြစ်နေပါပြီ။ လီဗာပူးက ပေါင် ၄၀-၅၀ သန်းလောက် ပေးခဲ့ရပြီး ခက်ခဲတဲ့ အစကို ပိုင်ဆိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ကွင်းလယ်ခံစစ်မှာ လီဗာပူးက တိုးတက်လာပါပြီ။ မနှစ်ကရာသီစမှာ လီဗာပူး ကစားပုံ ကောင်းခဲ့ပေမယ့်လို့ သူတို့ကွင်းလယ်မှာ ဖာဘင်ညိုလို ကစားသမား မရှိခဲ့ပါဘူး ” လို့ ထုတ်ဖော် ချီးကျူးသွားပါတယ်။

ဖာဘင်ညိုဟာ လီဗာပူးရဲ့ အသိအမှတ်ပြုခံရမှုတွေ နည်းပါးနေသေးတဲ့ သူရဲကောင်းတစ်ဦးဖြစ်မလား၊ အယူအဆလေးတွေ ပြောပြခဲ့ကြဖို့ တိုက်တွန်းရပါတယ်။