မန္ယူအသင္းမွာ ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္ကစားလ်က္ရွိသူ တိုက္စစ္သမား ဆန္းခ်က္ဟာ စီးရီးေအကလပ္ အင္တာမီလန္အသင္းကို အငွားစာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕သြားခဲ့ၿပီျဖစ္တာေၾကာင့္ အသင္းလူစာရင္းမွာ ေက်ာနံပါတ္ ၇ က လစ္လပ္သြားခဲ့ျပီျဖစ္ပါတယ္။

ဆန္းခ်က္ကုိ အျပီးသတ္ ေရာင္းခ်လိုက္တာမဟုတ္ပဲ တစ္ရာသီ အငွားေစလႊတ္ခဲ့တာဆိုတဲ့ မန္ေနဂ်ာဆိုးရွားရဲ႕ စကားေၾကာင့္ ေက်ာနံပါတ္ ၇ ကို ဆန္းခ်က္ ျပန္လာတ့ဲအထိ ဒီအတုိင္း ဆက္ထားမလား၊ အသင္းမွာရွိတ့ဲ အျခားတစ္ေယာက္ေယာက္ကို ေပးဝတ္မလားဆိုတာက ေမးခြန္းတစ္ခုျဖစ္ေနပါတယ္။

ဒီအခ်ိန္မွာပဲ မန္ယူအသင္း အတြင္းပိုင္းကေန ထြက္လာတဲ့ သတင္းဆိုျပီး နာမည္ၾကီးေနတာကေတာ့ ကလပ္အသင္း အကယ္ဒမီထြက္ ကစားသမား ဂ်က္ဆီလင္ဂတ္ဟာ ဂႏၱဝင္ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္ခြင့္ရဖို႔ နည္းျပဆိုးရွားထံ ေတာင္းဆိုခဲ့တယ္လို႔ိ သိရပါတယ္။ ဒီရာသီ မန္ယူအသင္းအတြက္ ပြဲထြက္ကစားေပးတိုင္း ေျခစြမ္းေတြေပ်ာက္ဆံုးေနတဲ့ လင္ဂတ္ဟာ ပရိသတ္ေတြ အျမင္မၾကည္ျခင္း ခံေနရသူလည္း ျဖစ္ပါတယ္။

အဂၤလန္လက္ေရြးစင္မွာ ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္ကစားတဲ့ လင္ဂတ္ဟာ ကလပ္အသင္းမွာလည္း ေက်ာ္ၾကားတဲ့ နံပါတ္ကို ဆက္ခံခြင့္ ရလိုေနတာပါ။ ဂႏၱဝင္ၾကီးေတြျဖစ္ၾကတဲ့ ကန္တိုနာ၊ ေဒးဗစ္ဘက္ခမ္နဲ႔ စီေရာ္နယ္ဒိုတို႔ ဝတ္ဆင္ကစားခဲ့ၾကတဲ့ အဆိုပါ ေက်ာနံပါတ္ဟာ သရဲနီပရိသတ္ေတြအတြက္ အဓိပၸာယ္ အမ်ားၾကီးရွိတာျဖစ္ပါတယ္။

ကလပ္အသင္းဘက္က ေက်ာနံပါတ္ ၇ အား အသင္းသားတစ္ဦးဦးထံ ဆက္ခံခြင့္ေပးမလား၊ ဘယ္သူ႔ကိုမွ ေပးဝတ္ခြင့္မျပဳပဲ ထိန္းသိမ္းထားမလား စိတ္ဝင္စားစရာပါပဲ။ ေက်ာနံပါတ္ ၇ ကို လက္ရွိ အသင္းသားေတြထဲက ဘယ္သူဝတ္သင့္သလဲ ထင္ျမင္ခ်က္ေလးေတြ ေပးခဲ့ၾကပါဦး။

UNICODE

မန်ယူအသင်းမှာ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားလျက်ရှိသူ တိုက်စစ်သမား ဆန်းချက်ဟာ စီးရီးအေကလပ် အင်တာမီလန်အသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တာကြောင့် အသင်းလူစာရင်းမှာ ကျောနံပါတ် ၇ က လစ်လပ်သွားခဲ့ပြီဖြစ်ပါတယ်။

ဆန်းချက်ကို အပြီးသတ် ရောင်းချလိုက်တာမဟုတ်ပဲ တစ်ရာသီ အငှားစေလွှတ်ခဲ့တာဆိုတဲ့ မန်နေဂျာဆိုးရှားရဲ့ စကားကြောင့် ကျောနံပါတ် ၇ ကို ဆန်းချက် ပြန်လာတဲ့အထိ ဒီအတိုင်း ဆက်ထားမလား၊ အသင်းမှာရှိတဲ့ အခြားတစ်ယောက်ယောက်ကို ပေးဝတ်မလားဆိုတာက မေးခွန်းတစ်ခုဖြစ်နေပါတယ်။

ဒီအချိန်မှာပဲ မန်ယူအသင်း အတွင်းပိုင်းကနေ ထွက်လာတဲ့ သတင်းဆိုပြီး နာမည်ကြီးနေတာကတော့ ကလပ်အသင်း အကယ်ဒမီထွက် ကစားသမား ဂျက်ဆီလင်ဂတ်ဟာ ဂန္တဝင်ကျောနံပါတ် ၇ ကို ဝတ်ဆင်ခွင့်ရဖို့ နည်းပြဆိုးရှားထံ တောင်းဆိုခဲ့တယ်လို့ိ သိရပါတယ်။ ဒီရာသီ မန်ယူအသင်းအတွက် ပွဲထွက်ကစားပေးတိုင်း ခြေစွမ်းတွေပျောက်ဆုံးနေတဲ့ လင်ဂတ်ဟာ ပရိသတ်တွေ အမြင်မကြည်ခြင်း ခံနေရသူလည်း ဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်မှာ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားတဲ့ လင်ဂတ်ဟာ ကလပ်အသင်းမှာလည်း ကျော်ကြားတဲ့ နံပါတ်ကို ဆက်ခံခွင့် ရလိုနေတာပါ။ ဂန္တဝင်ကြီးတွေဖြစ်ကြတဲ့ ကန်တိုနာ၊ ဒေးဗစ်ဘက်ခမ်နဲ့ စီရော်နယ်ဒိုတို့ ဝတ်ဆင်ကစားခဲ့ကြတဲ့ အဆိုပါ ကျောနံပါတ်ဟာ သရဲနီပရိသတ်တွေအတွက် အဓိပ္ပာယ် အများကြီးရှိတာဖြစ်ပါတယ်။

ကလပ်အသင်းဘက်က ကျောနံပါတ် ၇ အား အသင်းသားတစ်ဦးဦးထံ ဆက်ခံခွင့်ပေးမလား၊ ဘယ်သူ့ကိုမှ ပေးဝတ်ခွင့်မပြုပဲ ထိန်းသိမ်းထားမလား စိတ်ဝင်စားစရာပါပဲ။ ကျောနံပါတ် ၇ ကို လက်ရှိ အသင်းသားတွေထဲက ဘယ်သူဝတ်သင့်သလဲ ထင်မြင်ချက်လေးတွေ ပေးခဲ့ကြပါဦး။