Zawgyi – ခ်ယ္ဆီးအသင္းဟာ တန္းတက္လာတဲ့ ရွက္ဖီးယူနိုက္တက္ကို စတန္းဖို႔ဘရစ္ခ်္မွာ ယွဥ္ျပိဳင္ကစားခဲ့ရာ ပထမပိုင္း မွာတင္ ေအဗရာဟမ္ သြင္းဂိုး နွစ္ဂိုးနဲ႕ ဦးေဆာင္ထားခဲ့ေသာ္လည္း ဒုတိယပိုင္းမွာ ေရာ္ဘင္ဆန္ရဲ႕ ေခ်ပဂိုးကို ခြင့္ျပဳလိုက္ရတဲ့ အျပင္ ဇူးမာကလည္း ပြဲျပီးခါနီး ကိုယ့္ဂိုးကိုယ္ သြင္းခဲ့တာေၾကာင့္ ၂-၂ သေရရလဒ္နဲ႕သာ ျပီးဆံုးခဲ့ပါတယ္။

နိုင္ပြဲရခဲ့သင့္လ်က္ မရခဲ့တဲ့ ထိုပြဲက ခ်ယ္ဆီးအသင္းသားေတြရဲ႕ စြမ္းေဆာင္ရည္ rating ေတြကို ေဖာ္ျပေပးလိုပါတယ္။

ကီပါ – ၅

ကီပါတစ္ေယာက္ ပထမပိုင္း တစ္ပိုင္းလံုး ဟုတ္တိပတ္တိ တစ္လံုးမွ မဖမ္းလုိက္ရပါဘူး။ ဒီပြဲအတြက္ သူ ပထမဆံုး လုပ္လိုက္ရတာ ကေတာ့ ရွက္ဖီးရဲ႕ ပထမ ေခ်ပဂိုးျဖစ္ခဲ့တဲ့ ေဘာလံုးကို ဂိုးပိုက္ထဲက သြားေကာက္ရတာပါပဲ။ အေဝးကန္ခ်က္ တစ္ႀကိမ္ကို ကာကြယ္ႏုိင္ခဲ့တာကလြဲလို႔ ေထြေထြထူးထူး ဘာမွကို မရွိခဲ့တာပါ။

အက္ပီလီက်ဴတာ – ၅

ပထမပိုင္းမွာ တုိက္စစ္လုိက္ပါကစားမႈေတြ အားေကာင္းခဲ့ၿပီး အက္ဘရာဟမ္ရဲ႕အဖြင့္ဂိုးအတြက္ အေရးပါတဲ့ အခန္း က႑ကေန ပါဝင္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့ ရွက္ဖီး ကစားသမားေတြဟာ သူ႔ဖက္ေတာင္ပံကေန အမ်ားဆံုး ထုိးေဖာက္ကစားခဲ့ၾကၿပီး ေကာ္လန္ ေရာ္ဘတ္ဆန္ကို လံုးဝ မထိန္းႏုိင္ခဲ့တာ ေတြ႕ရပါတယ္။

တိုမိုရီ – ၆

လူကြ်ံေဘာဖမ္းတဲ့ တစ္ႀကိမ္မွာ လုိအပ္ခ်က္ ရွိခဲ့တာကလြဲရင္ လက္ခံႏုိင္စရာရွိတဲ့ ကစားပံုကို ျပသႏုိင္ခဲ့ပါတယ္။ အခုေျခစြမ္းအတုိင္းသာ ဆုိရင္ေတာ့ ဒီထက္ပိုၿပီး ပြဲထြက္ခြင့္ေတြ ရလာစရာရွိပါတယ္။

ဇူးမား – ၆

ဇူးမား ေျခစြမ္းကို ေဝဖန္မႈေတြ ရွိေနခဲ့ေပမယ့္လည္း ထုိက္သင့္သေလာက္ စိတ္ခ်ထားႏုိင္တဲ့ ခံစစ္စြမ္းရည္ကို ျပသ နိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ရွက္ဖီးရဲ႕ေခ်ပဂိုးေတြကိုေတာ့ သူလည္း မတားႏုိင္ခဲ့ပါဘူး။

အီမာဆန္ – ၇

သူ ကစားေနက်ပံုစံအတုိင္းပဲ တုိက္စစ္ကို အေကာင္းဆံုး လုိက္ပါပံ့ပိုးေပးခဲ့ပါတယ္။ အထူးသျဖင့္ ပထမပိုင္းပြဲခ်ိန္ေတြမွာ သူ႔ရဲ႕ေျခစြမ္းက ပိုမို ေပၚလြင္ခဲ့တာပါ။ ဒုတိယပိုင္းမွာေတာ့ ခံစစ္ကို ပို အာရံုစိုက္ခဲ့တာလည္း ေတြ႕ရပါတယ္။

ေဂ်ာ္ဂ်င္ဟုိ – ၈

ခ်ယ္ဆီးရဲ႕ ကစားကြက္တစ္ခုလံုးကို ဦးဆာင္ပံုေဖာ္ခဲ့ပါတယ္။ ေအဘရာဟမ္ရဲ႕ ဒုတိယဂိုးမွာ သူ႔ရဲ႕အရည္အေသြးကို ေတြ႕ျမင္ရမွာပါ။

ကိုဗာဆစ္ – ၇

အပိုင္အခြင့္အေရးတစ္ႀကိမ္ လြဲေခ်ာ္ခဲ့တာကလြဲရင္ အေကာင္းဆံုး ပံုစံမွာ ရွိေနခဲ့သူပါ။

ဘာကေလ – ၅

သူ႔ရဲ႕အေဝးကန္ခ်က္ေတြက မလိုအပ္ဘဲ ေဘာလံုးျဖဳန္းသလို ျဖစ္ေနခဲ့ပါတယ္။ အသင္းအတြက္ ထိထိေရာက္ေရာက္ကူညီပံ့ပိုးႏုိင္မွႈလည္း မရွိခဲ့ပါဘူး။

ပူလီဆစ္ – ၅

အေတာ္ေလးႀကိဳးစားကစားခဲ့တာ ေတြ႕ရပါတယ္။ ဒါေပမယ့္လည္း အသင္းအေပၚ အက်ိဳးျဖစ္ထြန္းေစတာမ်ိဳးေတာ့ သိပ္မရွိခဲ့ပါဘူး။ သူ႔ေၾကာင့္ ျပစ္ဒဏ္ေဘာတစ္ႀကိမ္ ရခဲ့တာကလြဲရင္ တုိက္စစ္ကို ဟုတ္တိပတ္တိ ပံ့ပိုးႏုိင္ခဲ့ျခင္းမရွိတာ ေတြ႕ရပါတယ္။

ေအဘရာဟမ္ – ၉

လူငယ္ တိုုက္စစ္မွဴးေလးဟာ ဒီပြဲမွာ ႏွစ္ဂိုးသြင္းယူႏုိင္ခဲ့သလို ဟက္ထရစ္ရႏုိင္ေလာက္တဲ့ စြမ္းေဆာင္ရည္မ်ိဳးလည္း ရွိခဲ့ပါတယ္။ ယံုၾကည္မႈ ပိုမိုျပင္းထန္လာေနၿပီး အသင္းေဖာ္ေတြနဲ႔ ခ်ိတ္ဆက္ကစားႏုိင္မႈမွာလည္း သိသိသာသာ အားေကာင္းလာတာ ေတြ႕ရပါတယ္။

ေမဆန္ေမာင့္ – ၅

အသင္းရဲ႕တုိက္စစ္ကို ဦးေဆာင္ပံုေဖာ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဒီတစ္ပြဲမွာေတာ့ မေအာင္ျမင္ခဲ့ပါဘူး။ တခါတေလ အသင္း ကစားကြက္နဲ႔ သူနဲ႔က တျခားစီျဖစ္ေနတာကိုလည္း ေတြ႕ရပါတယ္။ ဒုတိယပိုင္းမွာ ကြင္းလယ္ထိ ဆင္းၿပီး  ကူညီဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း ထိေရာက္မႈ နည္းခဲ့ပါတယ္။

Unicode –

ချယ်ဆီးအသင်းဟာ တန်းတက်လာတဲ့ ရှက်ဖီးယူနိုက်တက်ကို စတန်းဖို့ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပိုင်း မှာတင် အေဗရာဟမ် သွင်းဂိုး နှစ်ဂိုးနဲ့ ဦးဆောင်ထားခဲ့သော်လည်း ဒုတိယပိုင်းမှာ ရော်ဘင်ဆန်ရဲ့ ချေပဂိုးကို ခွင့်ပြုလိုက်ရတဲ့ အပြင် ဇူးမာကလည်း ပွဲပြီးခါနီး ကိုယ့်ဂိုးကိုယ် သွင်းခဲ့တာကြောင့် ၂-၂ သရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။

နိုင်ပွဲရခဲ့သင့်လျက် မရခဲ့တဲ့ ထိုပွဲက ချယ်ဆီးအသင်းသားတွေရဲ့ စွမ်းဆောင်ရည် rating တွေကို ဖော်ပြပေးလိုပါတယ်။

ကီပါ – ၅

ကီပါတစ်ယောက် ပထမပိုင်း တစ်ပိုင်းလုံး ဟုတ်တိပတ်တိ တစ်လုံးမှ မဖမ်းလိုက်ရပါဘူး။ ဒီပွဲအတွက် သူ ပထမဆုံး လုပ်လိုက်ရတာ ကတော့ ရှက်ဖီးရဲ့ ပထမ ချေပဂိုးဖြစ်ခဲ့တဲ့ ဘောလုံးကို ဂိုးပိုက်ထဲက သွားကောက်ရတာပါပဲ။ အဝေးကန်ချက် တစ်ကြိမ်ကို ကာကွယ်နိုင်ခဲ့တာကလွဲလို့ ထွေထွေထူးထူး ဘာမှကို မရှိခဲ့တာပါ။

အက်ပီလီကျူတာ – ၅

ပထမပိုင်းမှာ တိုက်စစ်လိုက်ပါကစားမှုတွေ အားကောင်းခဲ့ပြီး အက်ဘရာဟမ်ရဲ့အဖွင့်ဂိုးအတွက် အရေးပါတဲ့ အခန်း ကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ရှက်ဖီး ကစားသမားတွေဟာ သူ့ဖက်တောင်ပံကနေ အများဆုံး ထိုးဖောက်ကစားခဲ့ကြပြီး ကော်လန် ရော်ဘတ်ဆန်ကို လုံးဝ မထိန်းနိုင်ခဲ့တာ တွေ့ရပါတယ်။

တိုမိုရီ – ၆

လူကျွံဘောဖမ်းတဲ့ တစ်ကြိမ်မှာ လိုအပ်ချက် ရှိခဲ့တာကလွဲရင် လက်ခံနိုင်စရာရှိတဲ့ ကစားပုံကို ပြသနိုင်ခဲ့ပါတယ်။ အခုခြေစွမ်းအတိုင်းသာ ဆိုရင်တော့ ဒီထက်ပိုပြီး ပွဲထွက်ခွင့်တွေ ရလာစရာရှိပါတယ်။

ဇူးမား – ၆

ဇူးမား ခြေစွမ်းကို ဝေဖန်မှုတွေ ရှိနေခဲ့ပေမယ့်လည်း ထိုက်သင့်သလောက် စိတ်ချထားနိုင်တဲ့ ခံစစ်စွမ်းရည်ကို ပြသ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရှက်ဖီးရဲ့ချေပဂိုးတွေကိုတော့ သူလည်း မတားနိုင်ခဲ့ပါဘူး။

အီမာဆန် – ၇

သူ ကစားနေကျပုံစံအတိုင်းပဲ တိုက်စစ်ကို အကောင်းဆုံး လိုက်ပါပံ့ပိုးပေးခဲ့ပါတယ်။ အထူးသဖြင့် ပထမပိုင်းပွဲချိန်တွေမှာ သူ့ရဲ့ခြေစွမ်းက ပိုမို ပေါ်လွင်ခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ ခံစစ်ကို ပို အာရုံစိုက်ခဲ့တာလည်း တွေ့ရပါတယ်။

ဂျော်ဂျင်ဟို – ၈

ချယ်ဆီးရဲ့ ကစားကွက်တစ်ခုလုံးကို ဦးဆာင်ပုံဖော်ခဲ့ပါတယ်။ အေဘရာဟမ်ရဲ့ ဒုတိယဂိုးမှာ သူ့ရဲ့အရည်အသွေးကို တွေ့မြင်ရမှာပါ။

ကိုဗာဆစ် – ၇

အပိုင်အခွင့်အရေးတစ်ကြိမ် လွဲချော်ခဲ့တာကလွဲရင် အကောင်းဆုံး ပုံစံမှာ ရှိနေခဲ့သူပါ။

ဘာကလေ – ၅

သူ့ရဲ့အဝေးကန်ချက်တွေက မလိုအပ်ဘဲ ဘောလုံးဖြုန်းသလို ဖြစ်နေခဲ့ပါတယ်။ အသင်းအတွက် ထိထိရောက်ရောက်ကူညီပံ့ပိုးနိုင်မှှုလည်း မရှိခဲ့ပါဘူး။

ပူလီဆစ် – ၅

အတော်လေးကြိုးစားကစားခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း အသင်းအပေါ် အကျိုးဖြစ်ထွန်းစေတာမျိုးတော့ သိပ်မရှိခဲ့ပါဘူး။ သူ့ကြောင့် ပြစ်ဒဏ်ဘောတစ်ကြိမ် ရခဲ့တာကလွဲရင် တိုက်စစ်ကို ဟုတ်တိပတ်တိ ပံ့ပိုးနိုင်ခဲ့ခြင်းမရှိတာ တွေ့ရပါတယ်။

အေဘရာဟမ် – ၉

လူငယ် တိုက်စစ်မှူးလေးဟာ ဒီပွဲမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့သလို ဟက်ထရစ်ရနိုင်လောက်တဲ့ စွမ်းဆောင်ရည်မျိုးလည်း ရှိခဲ့ပါတယ်။ ယုံကြည်မှု ပိုမိုပြင်းထန်လာနေပြီး အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားနိုင်မှုမှာလည်း သိသိသာသာ အားကောင်းလာတာ တွေ့ရပါတယ်။

မေဆန်မောင့် – ၅

အသင်းရဲ့တိုက်စစ်ကို ဦးဆောင်ပုံဖော်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီတစ်ပွဲမှာတော့ မအောင်မြင်ခဲ့ပါဘူး။ တခါတလေ အသင်း ကစားကွက်နဲ့ သူနဲ့က တခြားစီဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ ဒုတိယပိုင်းမှာ ကွင်းလယ်ထိ ဆင်းပြီး ကူညီဖို့ ကြိုးစားခဲ့ပေမယ့်လည်း ထိရောက်မှု နည်းခဲ့ပါတယ်။