Zawgyi – မန္ယူ ကြင္းလယ္ ကစားသမားေဟာင္းၾကီး ေပါစခိုးလ္က ၄င္း ကလပ္အသင္းေဟာင္းဟာ ပံုစံေကာင္းျပန္ရဖို႔ ေနာက္ထပ္ ၂ နွစ္ေလာက္ အခ်ိန္ယူ ရဦးမယ္လို႔ ေျပာဆိုခဲ့ပါတယ္။ မန္ယူ အသင္းဟာ ေဆာက္သမ္တန္ကို အနိုင္မကန္နုိင္ခဲ့ဘဲ တစ္ဂိုးစီ သေရနဲ႕သာ ပြဲျပီးဆံုးခဲ့ပါတယ္။

မန္ေနဂ်ာဆိုးရွားက စိန္႔နဲ႕ ပြဲအျပီးမွာ ” က်ေနာ္တုိ႔ စိန္႔ကို ဖိအားေတြေပး ဝိုင္းရံႏုိင္ခဲ့သလို တိုက္စစ္ဖြင့္မႈကေန အခြင့္အေရး ေကာင္းေတြ လုပ္ႏုိင္ခဲ့ေပမယ့္ အဆံုးသတ္ေတြကေတာ့ အေကာင္းဆံုး အေနအထားမွာ ရွိမေနခဲ့ဘူး။ ဒီပြဲကို က်ေနာ္တုိ႔ ႏုိင္ခဲ့သင့္တာပါ။ ” လို႔ ဘီဘီစီမွာ ေျဖၾကားခဲ့ပါတယ္။

မန္ယူအသင္း အေနနဲ႕ လိုအပ္တဲ့ အနိုင္ရမွတ္ကို မယူနိုင္ခဲ့ေသာ္လည္း ဒီေႏြမွာ ေခၚယူခဲ့တဲ့ ၀မ္ ဘစ္ဆာကာ ေျခစြမ္းျပနိုင္ခဲ့ျပီး ဒီေႏြ အသင္းရဲ႕ အထိုက္တန္ဆံုး ကစားသမား ေခၚယူမႈလို႔ ဆိုနုိင္ေလာက္ေအာင္ ရွိခဲ့ပါတယ္။

စိန္႔နဲ႕ပြဲမွာ မန္ယူ အတြက္ အားတက္စရာ လင္းေရာင္ျခည္ အျဖစ္ ဒန္နီရယ္ ဂ်ိမ္းစ္ရဲ႕ ေတာက္ပလာတဲ့ ေျခစြမ္းကို မန္ယူ ကစားသမားေဟာင္း ဖာဒီနန္က ခ်ီးက်ဴး ေျပာဆိုသြားပါတယ္။ ဂ်ိမ္းစ္က ေဆာက္သမ္တန္ဘက္သို႔ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ပါတယ္။

ေဆာက္သမ္တန္ကို သေရက်တဲ့ပြဲမွာ မန္ယူ ကြင္းလယ္ကစားသမား ေပါ့ဘာက ေျခစြမ္းအေကာင္းဆံုး အေနအထားမွာ မရွိခဲ့ဘဲ ၄င္းရဲ႕ ေဘာလံုး ေပးပို႔မႈေတြက အစ ေမးခြန္းထုတ္စရာ ျဖစ္ခဲ့ပါတယ္။ ထိုပြဲမွာ ေပါ့ဘာက မိနစ္ ၉၀ ျပည့္ ကစားသြားေပမယ့္ ပြဲအျပီးမွာ ေပါ့ဘာက ဒဏ္ရာ ရသြားဟန္ ထြက္ခြာသြားခဲ့တာ ေတြ႔ရပါတယ္။

ဂ်ိမ္းစ္ကို ခ်ီးက်ဴးခဲ့ေပမယ့္ ဖာဒီနန္က ဂိုးလိုင္းကို ေကာင္းေကာင္း မကာကြယ္ႏိုင္ခဲ့ဘူးလို႔ ထင္ခံခဲ့ရတဲ့ ဗဟိုခံစစ္မႉး လင္ဒီေအာ့ဖ္ ကေတာ့ ေဝဖန္ခဲ့ပါတယ္။ ဗဟိုခံစစ္ တစ္ေယာက္ အေနနဲ႔ ေျခာက္ကိုက္ ဧရိယာအတြင္း ရွိေနၿပီး ကာကြယ္ဖို႔ တာ၀န္ယူဖို႔ လိုအပ္ေၾကာင္း ဖာဒီနန္က ေထာက္ျပခဲ့ပါတယ္။

မန္ယူအသင္းမွာ ေအာင္ျမင္မႈ မရခဲ့ေပမယ့္ ဆန္းခ်က္ဟာ အင္​တာမီလန္​ ကို အငွါး ထြက္​ကစားတဲ့ အခ်ိန္​မွာ​ေတာ့ ကစားသမားဘ၀ တိုးတက္ ေျပာင္းလဲကာ တဖန္ ရွင္သန္လာလိမ့္မယ္လုိ႔ စီးတီးနည္းျပ ဂြာဒီယိုလာက မွတ္ခ်က္ျပဳလိုက္ပါတယ္။

မန္ယူနည္းျပ အိုလီ ဂန္နား ဆုိးလ္ရွားက လူကာကူနဲ့ ဆန္းခ်က္တို႔ အင္တာမီလန္အသင္းဆီ ထြက္ခြာသြားတဲ့ေနာက္ အသင္းဟာ ဂိုးသြင္း ေကာင္းမြန္တဲ့ ကစားသမားေတြကို ဆံုးရွံဳးခ့ဲရျပီ ျဖစ္တယ္လို႔ ၀န္ခံစကား ဆိုခဲ့ပါတယ္။

Unicode – မန်ယူ ကွင်းလယ် ကစားသမားဟောင်းကြီး ပေါစခိုးလ်က ၎င်း ကလပ်အသင်းဟောင်းဟာ ပုံစံကောင်းပြန်ရဖို့ နောက်ထပ် ၂ နှစ်လောက် အချိန်ယူ ရဦးမယ်လို့ ပြောဆိုခဲ့ပါတယ်။ မန်ယူ အသင်းဟာ ဆောက်သမ်တန်ကို အနိုင်မကန်နိုင်ခဲ့ဘဲ တစ်ဂိုးစီ သရေနဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။

မန်နေဂျာဆိုးရှားက စိန့်နဲ့ ပွဲအပြီးမှာ ” ကျနော်တို့ စိန့်ကို ဖိအားတွေပေး ဝိုင်းရံနိုင်ခဲ့သလို တိုက်စစ်ဖွင့်မှုကနေ အခွင့်အရေး ကောင်းတွေ လုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ်တွေကတော့ အကောင်းဆုံး အနေအထားမှာ ရှိမနေခဲ့ဘူး။ ဒီပွဲကို ကျနော်တို့ နိုင်ခဲ့သင့်တာပါ။ ” လို့ ဘီဘီစီမှာ ဖြေကြားခဲ့ပါတယ်။

မန်ယူအသင်း အနေနဲ့ လိုအပ်တဲ့ အနိုင်ရမှတ်ကို မယူနိုင်ခဲ့သော်လည်း ဒီနွေမှာ ခေါ်ယူခဲ့တဲ့ ဝမ် ဘစ်ဆာကာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဒီနွေ အသင်းရဲ့ အထိုက်တန်ဆုံး ကစားသမား ခေါ်ယူမှုလို့ ဆိုနိုင်လောက်အောင် ရှိခဲ့ပါတယ်။

စိန့်နဲ့ပွဲမှာ မန်ယူ အတွက် အားတက်စရာ လင်းရောင်ခြည် အဖြစ် ဒန်နီရယ် ဂျိမ်းစ်ရဲ့ တောက်ပလာတဲ့ ခြေစွမ်းကို မန်ယူ ကစားသမားဟောင်း ဖာဒီနန်က ချီးကျူး ပြောဆိုသွားပါတယ်။ ဂျိမ်းစ်က ဆောက်သမ်တန်ဘက်သို့ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဆောက်သမ်တန်ကို သရေကျတဲ့ပွဲမှာ မန်ယူ ကွင်းလယ်ကစားသမား ပေါ့ဘာက ခြေစွမ်းအကောင်းဆုံး အနေအထားမှာ မရှိခဲ့ဘဲ ၎င်းရဲ့ ဘောလုံး ပေးပို့မှုတွေက အစ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ ထိုပွဲမှာ ပေါ့ဘာက မိနစ် ၉၀ ပြည့် ကစားသွားပေမယ့် ပွဲအပြီးမှာ ပေါ့ဘာက ဒဏ်ရာ ရသွားဟန် ထွက်ခွာသွားခဲ့တာ တွေ့ရပါတယ်။

ဂျိမ်းစ်ကို ချီးကျူးခဲ့ပေမယ့် ဖာဒီနန်က ဂိုးလိုင်းကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့ဘူးလို့ ထင်ခံခဲ့ရတဲ့ ဗဟိုခံစစ်မှူး လင်ဒီအော့ဖ် ကတော့ ဝေဖန်ခဲ့ပါတယ်။ ဗဟိုခံစစ် တစ်ယောက် အနေနဲ့ ခြောက်ကိုက် ဧရိယာအတွင်း ရှိနေပြီး ကာကွယ်ဖို့ တာဝန်ယူဖို့ လိုအပ်ကြောင်း ဖာဒီနန်က ထောက်ပြခဲ့ပါတယ်။

မန်ယူအသင်းမှာ အောင်မြင်မှု မရခဲ့ပေမယ့် ဆန်းချက်ဟာ အင်တာမီလန် ကို အငှါး ထွက်ကစားတဲ့ အချိန်မှာတော့ ကစားသမားဘ၀ တိုးတက် ပြောင်းလဲကာ တဖန် ရှင်သန်လာလိမ့်မယ်လို့ စီးတီးနည်းပြ ဂွာဒီယိုလာက မှတ်ချက်ပြုလိုက်ပါတယ်။

မန်ယူနည်းပြ အိုလီ ဂန်နား ဆိုးလ်ရှားက လူကာကူနဲ့ ဆန်းချက်တို့ အင်တာမီလန်အသင်းဆီ ထွက်ခွာသွားတဲ့နောက် အသင်းဟာ ဂိုးသွင်း ကောင်းမွန်တဲ့ ကစားသမားတွေကို ဆုံးရှုံးခဲ့ရပြီ ဖြစ်တယ်လို့ ဝန်ခံစကား ဆိုခဲ့ပါတယ်။