လီဗာပူးအသင္းဟာ ဘန္ေလကို အေ၀းကြင္း သြားေရာက္ ရင္ဆုိင္ ကစားခဲ့ရာ သံုးဂိုး ဂိုးမရွိနဲ႕ ဂိုးျပတ္ အနိုင္ရရွိခဲ့ပါတယ္။ လီဗာပူးအတြက္ ဂိုးေတြကို ခရစၥ၀ုဒ္ (own goal)၊ မာေနးနဲ႕ ဖာမီနိုတို႔ အသီးသီး သြင္းယူေပးခဲ့တာပါ။

ဘန္ေလနဲ႕ ပြဲမွာ ဂိုးသြင္းခဲ့တဲ့ လီဗာပူးတိုက္စစ္မွဴး ဖာမီနိုဟာ ပရီးမီးယားလိဂ္ သြင္းဂိုး ၅၀ ျပည့္သြားတဲ့ ပထမဆံုး ဘရာဇီးသား ျဖစ္လာခဲ့ပါတယ္။ သူဟာ လီဗာပူးအသင္းအတြက္ ပရီးမီးယားလိဂ္ဂိုး ၅၀ သြင္းယူႏုိင္တဲ့ ၉ ဦးေျမာက္ ကစားသမားလည္း ျဖစ္လာပါတယ္။

ဂိုးသမား အက္ဒရီယန္က လီဗာပူးအသင္းဟာ ကလပ္အသင္းသစ္ ျဖစ္ေပမယ့္ သူ႔အတြက္ မိသားစု တစ္ခုလို ျဖစ္ေနျပီျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ကာ clean sheet ရဖို႔ ဦးစားေပး ၾကိဳးစားသြားမယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ဘန္ေလနဲ႔ပြဲမွာ လူစားလဲမခံရခင္ အပိုင္အခြင့္အေရးကို ဆာလက္က ေဘာလံုးခင္းေပးျခင္း မရွိခဲ့တာေၾကာင့္ မာေနး အေတာ္ ေဒါသထြက္ခဲ့ပါတယ္။ အရန္ခံုေရာက္ခဲ့တာေတာင္ ေဒါသ မေျပႏုိင္ေသးပဲ ေဒါသတၾကီး ေရရြတ္ေနခဲ့တာပါ။

ဘန္ေလနဲ႔ပြဲမွာ လီဗာပူးခံစစ္မွဴး ဗန္ဒိုက္ရဲ႕ ကြင္းတြင္း အျမင့္ဆံုး စြမ္းေဆာင္ရည္မ်ားမွာေတာ့ ထိခ်က္အမ်ားဆံုး (၉၃ ၾကိမ္)၊ ေပးမႈအမ်ားဆံုး (အၾကိမ္ ၈၀)၊ ရွင္းထုတ္မႈ အမ်ားဆံုး (၁၁ ၾကိမ္)၊ အျမင့္ေဘာေအာင္ႏုိင္မႈ (၁၀) ၾကိမ္ တို႔ျဖစ္ပါတယ္။

ဘန္ေလကို အႏုိင္ရခဲ့တဲ့ လီဗာပူးအသင္းဟာ အမွတ္ေပးပြဲ ၁၃ ပြဲဆက္တုိက္ ႏုိင္ပြဲရခဲ့ျပီျဖစ္တယ္။ ဒါဟာ ကလပ္အသင္းရဲ႕ ၁၂၇ ႏွစ္ သမိုင္းေၾကာင္းမွာ ပထမဆံုးအၾကိမ္လည္း ျဖစ္ပါတယ္။

ဘန္ေလနဲ႔ပြဲမွာ ဂိုးေပါက္ကို အေကာင္းဆံုး ကာကြယ္ႏုိင္ခဲ့တဲ့ အတ္ဒရီယန္ဟာ လီဗာပူးဂိုးသမားဘဝ ပထမဆံုး clean sheet ကို ပိုင္ဆိုင္ခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးမန္ေနဂ်ာယာဂင္ကေလာ့ပ္က မာေနးဟာ စိတ္ခံစားမႈ ၾကီးမားသူျဖစ္လုိ႔ သူ႔ရဲ႕ ခံစားခ်က္ကို မထိန္းခ်ဳပ္ႏုိင္ခဲ့ျခင္းလို႔ ေျပာဆိုခဲ့ျပီး ဆာလက္နဲ႔ ျဖစ္ပြားခဲ့မႈဟာ အဝတ္လဲခန္းတြင္းမွာပဲ ေျပလည္မႈ ရခဲ့ပါလိမ့္မယ္လို႔ ပြဲအျပီး ေျပာဆိုပါတယ္။

UNICODE

လီဗာပူးအသင်းဟာ ဘန်လေကို အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားခဲ့ရာ သုံးဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ လီဗာပူးအတွက် ဂိုးတွေကို ခရစ္စဝုဒ် (own goal)၊ မာနေးနဲ့ ဖာမီနိုတို့ အသီးသီး သွင်းယူပေးခဲ့တာပါ။

ဘန်လေနဲ့ ပွဲမှာ ဂိုးသွင်းခဲ့တဲ့ လီဗာပူးတိုက်စစ်မှူး ဖာမီနိုဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၅၀ ပြည့်သွားတဲ့ ပထမဆုံး ဘရာဇီးသား ဖြစ်လာခဲ့ပါတယ်။ သူဟာ လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ်ဂိုး ၅၀ သွင်းယူနိုင်တဲ့ ၉ ဦးမြောက် ကစားသမားလည်း ဖြစ်လာပါတယ်။

ဂိုးသမား အက်ဒရီယန်က လီဗာပူးအသင်းဟာ ကလပ်အသင်းသစ် ဖြစ်ပေမယ့် သူ့အတွက် မိသားစု တစ်ခုလို ဖြစ်နေပြီဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ကာ clean sheet ရဖို့ ဦးစားပေး ကြိုးစားသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဘန်လေနဲ့ပွဲမှာ လူစားလဲမခံရခင် အပိုင်အခွင့်အရေးကို ဆာလက်က ဘောလုံးခင်းပေးခြင်း မရှိခဲ့တာကြောင့် မာနေး အတော် ဒေါသထွက်ခဲ့ပါတယ်။ အရန်ခုံရောက်ခဲ့တာတောင် ဒေါသ မပြေနိုင်သေးပဲ ဒေါသတကြီး ရေရွတ်နေခဲ့တာပါ။

ဘန်လေနဲ့ပွဲမှာ လီဗာပူးခံစစ်မှူး ဗန်ဒိုက်ရဲ့ ကွင်းတွင်း အမြင့်ဆုံး စွမ်းဆောင်ရည်များမှာတော့ ထိချက်အများဆုံး (၉၃ ကြိမ်)၊ ပေးမှုအများဆုံး (အကြိမ် ၈၀)၊ ရှင်းထုတ်မှု အများဆုံး (၁၁ ကြိမ်)၊ အမြင့်ဘောအောင်နိုင်မှု (၁၀) ကြိမ် တို့ဖြစ်ပါတယ်။

ဘန်လေကို အနိုင်ရခဲ့တဲ့ လီဗာပူးအသင်းဟာ အမှတ်ပေးပွဲ ၁၃ ပွဲဆက်တိုက် နိုင်ပွဲရခဲ့ပြီဖြစ်တယ်။ ဒါဟာ ကလပ်အသင်းရဲ့ ၁၂၇ နှစ် သမိုင်းကြောင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

ဘန်လေနဲ့ပွဲမှာ ဂိုးပေါက်ကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့တဲ့ အတ်ဒရီယန်ဟာ လီဗာပူးဂိုးသမားဘဝ ပထမဆုံး clean sheet ကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးမန်နေဂျာယာဂင်ကလော့ပ်က မာနေးဟာ စိတ်ခံစားမှု ကြီးမားသူဖြစ်လို့ သူ့ရဲ့ ခံစားချက်ကို မထိန်းချုပ်နိုင်ခဲ့ခြင်းလို့ ပြောဆိုခဲ့ပြီး ဆာလက်နဲ့ ဖြစ်ပွားခဲ့မှုဟာ အဝတ်လဲခန်းတွင်းမှာပဲ ပြေလည်မှု ရခဲ့ပါလိမ့်မယ်လို့ ပွဲအပြီး ပြောဆိုပါတယ်။