Zawgyi – အာဆင္နယ္နည္းျပ အမ္မရီဟာ ျပီးခဲ့တဲ့ေႏြက ေတာ္ရဲရား အစား ၄င္းနဲ႕ ဆီဗီလာမွာ လက္တြဲဖူးတဲ့ ျပင္သစ္သား ကြင္းလယ္ကစားသမား Nzonzi ကိုသာ ေခၚယူလိုခဲ့တယ္လို႔ သိရပါတယ္။

လန္ဒန္ဒါဘီပြဲမတိုင္ခင္မွာပဲ အမ္မရီက အာဆင္နယ္ဟာ ကြင္းလယ္ ကစားသမား အိုေဇးလ္ကို လိုအပ္ေၾကာင္း အထူးသျဖင့္ ေလ့က်င့္ေရးမွာ တည္ျငိမ္စြာ အစြမ္းျပနိုင္ျပီး ပြဲတိုင္း ကစားဖို႔ အသင့္ျဖစ္ေနတဲ့ အိုေဇးလ္ကို အသင္းက လိုအပ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လက္ရွိ လီဗာပူးအသင္းဟာ ေနာက္ သံုးေလးနွစ္ အတြင္း အာဆင္နယ္အသင္း ေရာက္ရွိလာနုိင္မယ့္ အေနအထားအတြက္ နမူနာေကာင္း ျဖစ္တယ္ လို႔ အာဆင္နယ္ အသင္းေခါင္းေဆာင္ ဇာခါက ေျပာဆိုလိုက္ပါတယ္။

စပါးအသင္း အေနနဲ႕ နယူးကာဆယ္ကို ရွံဳးတဲ့ ပြဲကေန ရုန္းထလာဖို႔ အာဆင္နယ္နဲ႕ ပြဲဟာ အေကာင္းဆံုး ပြဲ ျဖစ္တယ္လို႔ စပါး အသင္း ေခါင္းေဆာင္ ဂိုးသမား လိုရစ္က ေျပာၾကားလိုက္ပါတယ္။

အာဆင္နယ္နဲ႕ ရင္ဆိုင္ရမယ့္ ေျမာက္လန္ဒန္ ဒါဘီပြဲဟာ ဒီရာသီအတြက္ အၾကီးက်ယ္ဆံုး ပြဲျဖစ္တယ္လို႔ စပါးတိုက္စစ္မွဴး ကိန္းက ပြဲၾကိဳ စကား ဆိုလိုက္ပါတယ္။ တနဂၤေႏြေန႔ အမ္းမရိတ္ ကြင္းမွာ အာဆင္နယ္ ကို အႏိူင္ရရင္ ေရွ႕ဆက္ဖို႔အတြက္ ယုံၾကည္မႈေတြ ပိုတိုးေစလိမ့္မယ္ လို႔ ကိန္းက ယူဆထားတာပါ။

ေနာက္ဆံုး ကစားထားတဲ့ ပရီးမီးယားလိဂ္ ပြဲမွာ လီဗာပူးကုိ ဂုိးျပတ္႐ႈံးနိမ့္ခဲ့ေပမဲ့ စပါးနဲ႔ကစားရမယ့္ လန္ဒန္ဒါဘီပြဲမွာ စိတ္ေအးေအးထားၿပီး သူရဲေကာင္း စိတ္ဓာတ္ျပသၾကဖုိ႔ အာဆင္နယ္နည္းျပ အမ္မရီက အသင္းသားေတြအား တုိက္တြန္းခဲ့ပါတယ္။

ယူရိုပါလိဂ္အုပ္စု ပြဲစဥ္ေတြကို ၾကာသပေတးေန႔ညနဲ႔ ေသာၾကာေန႔ မနက္အေစာပိုင္းေတြမွာသာ ကစားေလ့ ရွိေပမယ့္ ေပၚတူဂီကလပ္ ဗီတိုးရီးယား အသင္းနဲ႔ အာဆင္နယ္ အသင္းတို႔ရဲ့ပြဲကိုေတာ့ နိုဝင္ဘာလ ၆ ရက္၊ ဗုဒၶဟူးေန႔ ျမန္မာစံေတာ္ခ်ိန္ ည ၁၀နာရီ ၂၀မိနစ္ ​ကစားဖို႔ အခ်ိန္ ေျပာင္းလဲ သတ္မွတ္လိုက္ပါတယ္။

Unicode –

အာဆင်နယ်နည်းပြ အမ်မရီဟာ ပြီးခဲ့တဲ့နွေက တော်ရဲရား အစား ၎င်းနဲ့ ဆီဗီလာမှာ လက်တွဲဖူးတဲ့ ပြင်သစ်သား ကွင်းလယ်ကစားသမား Nzonzi ကိုသာ ခေါ်ယူလိုခဲ့တယ်လို့ သိရပါတယ်။

လန်ဒန်ဒါဘီပွဲမတိုင်ခင်မှာပဲ အမ်မရီက အာဆင်နယ်ဟာ ကွင်းလယ် ကစားသမား အိုဇေးလ်ကို လိုအပ်ကြောင်း အထူးသဖြင့် လေ့ကျင့်ရေးမှာ တည်ငြိမ်စွာ အစွမ်းပြနိုင်ပြီး ပွဲတိုင်း ကစားဖို့ အသင့်ဖြစ်နေတဲ့ အိုဇေးလ်ကို အသင်းက လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိ လီဗာပူးအသင်းဟာ နောက် သုံးလေးနှစ် အတွင်း အာဆင်နယ်အသင်း ရောက်ရှိလာနိုင်မယ့် အနေအထားအတွက် နမူနာကောင်း ဖြစ်တယ် လို့ အာဆင်နယ် အသင်းခေါင်းဆောင် ဇာခါက ပြောဆိုလိုက်ပါတယ်။

စပါးအသင်း အနေနဲ့ နယူးကာဆယ်ကို ရှုံးတဲ့ ပွဲကနေ ရုန်းထလာဖို့ အာဆင်နယ်နဲ့ ပွဲဟာ အကောင်းဆုံး ပွဲ ဖြစ်တယ်လို့ စပါး အသင်း ခေါင်းဆောင် ဂိုးသမား လိုရစ်က ပြောကြားလိုက်ပါတယ်။

အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် မြောက်လန်ဒန် ဒါဘီပွဲဟာ ဒီရာသီအတွက် အကြီးကျယ်ဆုံး ပွဲဖြစ်တယ်လို့ စပါးတိုက်စစ်မှူး ကိန်းက ပွဲကြို စကား ဆိုလိုက်ပါတယ်။ တနင်္ဂနွေနေ့ အမ်းမရိတ် ကွင်းမှာ အာဆင်နယ် ကို အနိူင်ရရင် ရှေ့ဆက်ဖို့အတွက် ယုံကြည်မှုတွေ ပိုတိုးစေလိမ့်မယ် လို့ ကိန်းက ယူဆထားတာပါ။

နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ပွဲမှာ လီဗာပူးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမဲ့ စပါးနဲ့ကစားရမယ့် လန်ဒန်ဒါဘီပွဲမှာ စိတ်အေးအေးထားပြီး သူရဲကောင်း စိတ်ဓာတ်ပြသကြဖို့ အာဆင်နယ်နည်းပြ အမ်မရီက အသင်းသားတွေအား တိုက်တွန်းခဲ့ပါတယ်။

ယူရိုပါလိဂ်အုပ်စု ပွဲစဉ်တွေကို ကြာသပတေးနေ့ညနဲ့ သောကြာနေ့ မနက်အစောပိုင်းတွေမှာသာ ကစားလေ့ ရှိပေမယ့် ပေါ်တူဂီကလပ် ဗီတိုးရီးယား အသင်းနဲ့ အာဆင်နယ် အသင်းတို့ရဲ့ပွဲကိုတော့ နိုဝင်ဘာလ ၆ ရက်၊ ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် ည ၁၀နာရီ ၂၀မိနစ် ကစားဖို့ အချိန် ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။