မန္ယူဟာ ဒီအပတ္မွာေတာ့ ေဆာက္သမ္တန္ကြင္းထံ သြားေရာက္ျပီး အေဝးကြင္း ကစားခဲ့ရတာျဖစ္ကာ ဒန္နီရယ္ဂ်ိမ္းရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ခဲ့ေပမယ့္ ပြဲအျပီးမွာ သေရရလဒ္ပဲ ထြက္ေပၚခဲ့တာျဖစ္တယ္။

မန္ေနဂ်ာဆိုးရွာကေတာ့ အႏုိင္ရခဲ့သင့္တဲ့ ပြဲတစ္ပြဲျဖစ္ေပမယ့္ ရမွတ္သံုးမွတ္ မရခဲ့ျခင္းက အဆံုးသတ္ပိုင္း လိုအပ္ခ်က္ေတြေၾကာင့္လို႔ ပြဲအျပီးမွာ ေျပာဆိုပါတယ္။ ဒီကေန႔ပြဲမွာေတာ့ မာရွယ္ ဒဏ္ရာရေနလုိ႔ တိုက္စစ္ကို ရပ္ဖိုဒ့္က မာတာ၊ ဂ်ိမ္းတို႔နဲ႔ တြဲဘက္လာခဲ့ျပီး ေျခစြမ္းျပႏုိင္ခဲ့ျခင္း မရွိပါဘူး။

မန္ေနဂ်ာဆိုးရွားက ပြဲအျပီး ဘီဘီစီကို ေျပာရာမွာ ” က်ေနာ္တုိ႔ စုေပါင္းလုပ္ေဆာင္ႏုိင္တဲ့ သြင္ဂိုးအခ်ိဳ႕ ရဖို႔လိုပါတယ္။ ဒီေန႔ပြဲမွာ အသင္းက ႏုိင္ခဲ့သင့္တာပါ။ က်ေနာ္တုိ႔ လိုခ်င္တဲ့အတိုင္း ျဖစ္ခဲ့တဲ့ ပြဲတစ္ပြဲျဖစ္ခဲ့ေပမယ့္ အဆံုးသတ္ပိုင္းနဲ႔ ေနာက္ဆံုးေပးမႈပိုင္းေတြမွာ ဂရုမစိုက္ခဲ့ပါဘူး။

က်ေနာ္တုိ႔ စိန္႔ကို ဖိအားေတြေပး ဝိုင္းရံႏုိင္ခဲ့သလို တိုက္စစ္ဖြင့္မႈကေန အခြင့္အေရးေကာင္းေတြ လုပ္ႏုိင္ခဲ့ေပမယ့္ အဆံုးသတ္ေတြကေတာ့ အေကာင္းဆံုး အေနအထားမွာ ရွိမေနခဲ့ဘူး။ ဒီပြဲကို က်ေနာ္တုိ႔ ႏုိင္ခဲ့သင့္တာပါ။

ဒန္နီရယ္ဂ်ိမ္းကေတာ့ တကယ္ကို ထူးခၽြန္ပါတယ္။ ေကာင္းမြန္တဲ့ စိတ္ဓါတ္ပိုင္း ရွိထားသလို သင္ယူလိုစိတ္ရွိျပီး ဆာေလာင္ေနပါတယ္။ သူ႔ရဲ႕ ကစားသမားဘဝ အစမွာပဲ ရွိေသးေပမယ့္ ဒီအေလ့အထက အရမ္းေကာင္းပါတယ္။ အဆံုးသတ္ပိုင္းမွာ ပိုေကာင္းလာဖို႔ သူ႔ကို ကူညီလိုပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။

UNICODE

မန်ယူဟာ ဒီအပတ်မှာတော့ ဆောက်သမ်တန်ကွင်းထံ သွားရောက်ပြီး အဝေးကွင်း ကစားခဲ့ရတာဖြစ်ကာ ဒန်နီရယ်ဂျိမ်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ပွဲအပြီးမှာ သရေရလဒ်ပဲ ထွက်ပေါ်ခဲ့တာဖြစ်တယ်။

မန်နေဂျာဆိုးရှာကတော့ အနိုင်ရခဲ့သင့်တဲ့ ပွဲတစ်ပွဲဖြစ်ပေမယ့် ရမှတ်သုံးမှတ် မရခဲ့ခြင်းက အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကြောင့်လို့ ပွဲအပြီးမှာ ပြောဆိုပါတယ်။ ဒီကနေ့ပွဲမှာတော့ မာရှယ် ဒဏ်ရာရနေလို့ တိုက်စစ်ကို ရပ်ဖိုဒ့်က မာတာ၊ ဂျိမ်းတို့နဲ့ တွဲဘက်လာခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိပါဘူး။

မန်နေဂျာဆိုးရှားက ပွဲအပြီး ဘီဘီစီကို ပြောရာမှာ ” ကျနော်တို့ စုပေါင်းလုပ်ဆောင်နိုင်တဲ့ သွင်ဂိုးအချို့ ရဖို့လိုပါတယ်။ ဒီနေ့ပွဲမှာ အသင်းက နိုင်ခဲ့သင့်တာပါ။ ကျနော်တို့ လိုချင်တဲ့အတိုင်း ဖြစ်ခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းနဲ့ နောက်ဆုံးပေးမှုပိုင်းတွေမှာ ဂရုမစိုက်ခဲ့ပါဘူး။

ကျနော်တို့ စိန့်ကို ဖိအားတွေပေး ဝိုင်းရံနိုင်ခဲ့သလို တိုက်စစ်ဖွင့်မှုကနေ အခွင့်အရေးကောင်းတွေ လုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ်တွေကတော့ အကောင်းဆုံး အနေအထားမှာ ရှိမနေခဲ့ဘူး။ ဒီပွဲကို ကျနော်တို့ နိုင်ခဲ့သင့်တာပါ။

ဒန်နီရယ်ဂျိမ်းကတော့ တကယ်ကို ထူးချွန်ပါတယ်။ ကောင်းမွန်တဲ့ စိတ်ဓါတ်ပိုင်း ရှိထားသလို သင်ယူလိုစိတ်ရှိပြီး ဆာလောင်နေပါတယ်။ သူ့ရဲ့ ကစားသမားဘဝ အစမှာပဲ ရှိသေးပေမယ့် ဒီအလေ့အထက အရမ်းကောင်းပါတယ်။ အဆုံးသတ်ပိုင်းမှာ ပိုကောင်းလာဖို့ သူ့ကို ကူညီလိုပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။