ပရီးမီးယားလိဂ္ မန္ေနဂ်ာေဟာင္း အာဆင္ဝင္းဂါးက မန္စီးတီး လီဗာပူးတို႔ကို ယွဥ္ျပိဳင္ျပီး အမွတ္ေပးဖလားကို စိန္ေခၚႏုိင္မယ့္ အဓိက အသင္းက အာဆင္နယ္ျဖစ္တယ္လို႔ ဆိုပါတယ္။ ယူႏုိက္တက္က ေျခစြမ္းပိုင္း မတည္ျငိမ္ပဲ လမ္းေၾကာင္းမွန္ေပၚ ရပ္တည္ႏုိင္ဖုိ႔ ၾကိဳးစားေနရကာ ခ်ယ္ဆီးကေတာ့ ဝါနလြန္းတယ္လုိ႔ သံုးသပ္သြားခဲ့တယ္။

ပရီးမီးယားလိဂ္တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အိုဝင္က မန္ယူဟာ လီဗာပူးအသင္းေနာက္ကို အမ်ားေျပာသေလာက္ ျပတ္က်န္ေနတာ မဟုတ္ပဲ အခ်ိန္မွီ ျပင္ဆင္ႏုိင္ရင္ အမွတ္ေပးဖလားကို စိန္ေခၚႏုိင္လိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

အဂၤလန္ကြင္းလယ္လူ လင္ဂတ္က အဖ်ားေၾကာင့္ လက္ေရြးစင္ပြဲ ႏွစ္ပြဲကို မကစားရပဲ အသင္းလူစာရင္းကေန ႏုတ္ထြက္ခဲ့ရတာအတြက္ စိတ္ပ်က္မိတယ္လို႔ ေျပာဆိုပါတယ္။ လင္ဂတ္ဟာ လာမယ့္အပတ္ မန္ယူပြဲကို ပါဝင္ကစားဖို႔လည္း မေသခ်ာေသးတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ ရာသီအစပဲ ရွိေသးေပမယ့္ မန္ယူဟာ လာမယ့္ရာသီအတြက္ အေဝးကြင္းဒီဇုိင္းကို ၾကိဳတင္ကာ စီစဥ္ေနျပီျဖစ္ျပီး အနက္ေရာင္ကို အဓိက အသားေပးကာ အျဖဴစင္းေတြ ပါဝင္မယ့္ ဒီဇိုင္းျဖစ္တယ္လို႔ သတင္းထြက္လာပါတယ္။

မန္ေနဂ်ာေဟာင္း ေမာ္ရင္ညိဳဟာ မန္ယူအသင္းထံ ေရာက္ရွိစဥ္ ပထမဆံုး ေခၚယူမႈအတြက္ သူဦးစားေပး ေရြးခ်ယ္ခဲ့တဲ့ ခံစစ္မွဴးက ရီးရဲလ္မက္ဒရစ္မွ ဗာရိန္းျဖစ္တယ္လို႔ သိရပါတယ္။

မန္ယူပရိသတ္ေတြဟာ ေပါ့ဘာနဲ႔ တြဲဘက္ကစားရမယ့္ ကြင္းလယ္တစ္ေနရာအတြက္ ေတာ္မီေနးကို ေက်ာ္ျပီး ဖရန္ကို မဲေပးမႈေတြ ျမင့္တက္ေနပါတယ္။ စေကာ့သား ကြင္းလယ္လူဟာ ေနာက္ပိုင္းပြဲေတြမွာ ပံုမွန္ေျခစြမ္းေအာက္ ေရာက္ေနလို႔ ေဝဖန္မႈေတြ စတင္ပိုင္ဆုိင္ေနတာျဖစ္ပါတယ္။

ဖာဂူဆန္မရွိတဲ့ေနာက္ပိုင္း မန္ယူအသင္း ကစားသမား ေခၚယူမႈေတြထဲက ကလပ္အသင္းအတြက္ အက်ိဳးအျဖစ္ဆံုးမွာ တိုက္စစ္မွဴး အီဘရာဟီမိုဗစ္ကို ေခၚယူမႈျဖစ္တယ္လို႔ စစ္တမ္းေတြက ေဖာ္ျပေနပါတယ္။

မန္ယူအစြန္လူ ဘစ္ဆာကာဟာ တစ္ပြဲကို ျဖတ္လုမႈ ၆.၅ ၾကိမ္ ျပဳလုပ္ထားျပီး ဥေရာပ ထိပ္တန္းလိဂ္ၾကီး ၅ ခုမွာ အျမင့္ဆံုး ျပဳလုပ္ထားႏုိင္တဲ့ ကစားသမားအျဖစ္ မွတ္တမ္းဝင္ပါတယ္။

ေႏြအေျပာင္းအေရႊ႔တုန္းက မန္ယူအသင္းနဲ႔ သတင္းၾကီးေတြ ထြက္ေပၚထားတဲ့ စီးရီးေအကလပ္ လာဇီယိုအသင္း ကြင္းလယ္လူ ဆာဗစ္ဟာ ေရာမအေျခစိုက္ ကလပ္အသင္းနဲ႔ သက္တမ္းတိုးဖို႔ အေတာ္ေလး နီးစပ္ေနျပီပဲျဖစ္ပါတယ္။

UNICODE

ပရီးမီးယားလိဂ် မန်နေဂျာဟောင်း အာဆင်ဝင်းဂါးက မန်စီးတီး လီဗာပူးတို့ကို ယှဉ်ပြိုင်ပြီး အမှတ်ပေးဖလားကို စိန်ခေါ်နိုင်မယ့် အဓိက အသင်းက အာဆင်နယ်ဖြစ်တယ်လို့ ဆိုပါတယ်။ ယူနိုက်တက်က ခြေစွမ်းပိုင်း မတည်ငြိမ်ပဲ လမ်းကြောင်းမှန်ပေါ် ရပ်တည်နိုင်ဖို့ ကြိုးစားနေရကာ ချယ်ဆီးကတော့ ဝါနလွန်းတယ်လို့ သုံးသပ်သွားခဲ့တယ်။

ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က မန်ယူဟာ လီဗာပူးအသင်းနောက်ကို အများပြောသလောက် ပြတ်ကျန်နေတာ မဟုတ်ပဲ အချိန်မှီ ပြင်ဆင်နိုင်ရင် အမှတ်ပေးဖလားကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်ကွင်းလယ်လူ လင်ဂတ်က အဖျားကြောင့် လက်ရွေးစင်ပွဲ နှစ်ပွဲကို မကစားရပဲ အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ရတာအတွက် စိတ်ပျက်မိတယ်လို့ ပြောဆိုပါတယ်။ လင်ဂတ်ဟာ လာမယ့်အပတ် မန်ယူပွဲကို ပါဝင်ကစားဖို့လည်း မသေချာသေးတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ရာသီအစပဲ ရှိသေးပေမယ့် မန်ယူဟာ လာမယ့်ရာသီအတွက် အဝေးကွင်းဒီဇိုင်းကို ကြိုတင်ကာ စီစဉ်နေပြီဖြစ်ပြီး အနက်ရောင်ကို အဓိက အသားပေးကာ အဖြူစင်းတွေ ပါဝင်မယ့် ဒီဇိုင်းဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။

မန်နေဂျာဟောင်း မော်ရင်ညိုဟာ မန်ယူအသင်းထံ ရောက်ရှိစဉ် ပထမဆုံး ခေါ်ယူမှုအတွက် သူဦးစားပေး ရွေးချယ်ခဲ့တဲ့ ခံစစ်မှူးက ရီးရဲလ်မက်ဒရစ်မှ ဗာရိန်းဖြစ်တယ်လို့ သိရပါတယ်။

မန်ယူပရိသတ်တွေဟာ ပေါ့ဘာနဲ့ တွဲဘက်ကစားရမယ့် ကွင်းလယ်တစ်နေရာအတွက် တော်မီနေးကို ကျော်ပြီး ဖရန်ကို မဲပေးမှုတွေ မြင့်တက်နေပါတယ်။ စကော့သား ကွင်းလယ်လူဟာ နောက်ပိုင်းပွဲတွေမှာ ပုံမှန်ခြေစွမ်းအောက် ရောက်နေလို့ ဝေဖန်မှုတွေ စတင်ပိုင်ဆိုင်နေတာဖြစ်ပါတယ်။

ဖာဂူဆန်မရှိတဲ့နောက်ပိုင်း မန်ယူအသင်း ကစားသမား ခေါ်ယူမှုတွေထဲက ကလပ်အသင်းအတွက် အကျိုးအဖြစ်ဆုံးမှာ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို ခေါ်ယူမှုဖြစ်တယ်လို့ စစ်တမ်းတွေက ဖော်ပြနေပါတယ်။

မန်ယူအစွန်လူ ဘစ်ဆာကာဟာ တစ်ပွဲကို ဖြတ်လုမှု ၆.၅ ကြိမ် ပြုလုပ်ထားပြီး ဥရောပ ထိပ်တန်းလိဂ်ကြီး ၅ ခုမှာ အမြင့်ဆုံး ပြုလုပ်ထားနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ပါတယ်။

နွေအပြောင်းအရွှေ့တုန်းက မန်ယူအသင်းနဲ့ သတင်းကြီးတွေ ထွက်ပေါ်ထားတဲ့ စီးရီးအေကလပ် လာဇီယိုအသင်း ကွင်းလယ်လူ ဆာဗစ်ဟာ ရောမအခြေစိုက် ကလပ်အသင်းနဲ့ သက်တမ်းတိုးဖို့ အတော်လေး နီးစပ်နေပြီပဲဖြစ်ပါတယ်။