အယ္လီဆန္နဲ႔ ကီတာတို႔ဟာ အေျခအေန ေကာင္းေနေပမယ့္ တစ္ပတ္နဲ႔ သီတင္းပတ္ ႏွစ္ပတ္ေလာက္ အသီးသီး အနားယူရမွာျဖစ္ကာ ကလုိင္းကေတာ့ ျပန္ကစားႏုိင္ဖုိ႔ မျဖစ္ႏုိင္ေသးဘူးလို႔ ယာဂင္ကေလာ့ပ္က ထုတ္ေဖာ္ေျပာဆိုပါတယ္။

လီဗာပူးကစားသမားေဟာင္းၾကီး ဂၽြန္အဲဒရစ္ခ်္က အသင္း တိုက္စစ္မွဴး နွစ္ေယာက္ျဖစ္တဲ့ ဆာလက္နဲ႕ မာေနးအၾကား ဆက္ႏြယ္မႈမွာ အေျပာင္းအလဲေတြ ရွိေနျပီး ထိုအေနအထားကို ယာဂင္ကေလာ့ပ္ ၾကပ္မတ္ ကိုင္တြယ္ရန္ လိုအပ္ေၾကာင္း သတိေပးလိုက္ပါတယ္။

အာဆင္ဝင္းဂါးက ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားကို လီဗာပူးနဲ႔ မန္စီးတီးတို႔ အျပိဳင္လုရမယ္လို႔ ဆိုပါတယ္။ မန္စီးတီးမွာ နည္းစနစ္ပိုင္း သာလြန္တဲ့ အားသာခ်က္ရွိေနျပီး လီဗာပူးမွာေတာ့ တိုက္စစ္၊ ခံစစ္ေတာင့္တင္းကာ ဖန္တီးမႈ အားနည္းေပမယ့္ ကိုယ္အလုပ္ကို အေကာင္းဆံုးလုပ္ႏုိင္မယ့္ ကြင္းလယ္ကို ပိုင္ဆုိင္ထားတယ္လုိ႔ သံုးသပ္ခဲ့တယ္။

လီဗာပူး ကြင္းလယ္ခံစစ္သမား ဖာဘင္ညိဳဟာ ျပိဳင္ဘက္ေတြကို ဖိအားေပးတာ၊ ပြဲအေျခအေနကို သံုးသပ္တာနဲ႕ ျပိဳင္ဘက္ တိုက္စစ္ကို ဖ်က္ဆီးတဲ့ေနရာမွာ ထူးခၽြန္လွျပီး လီဗာပူးအသင္းအတြက္ မီးျပတိုက္လို အဓိက ကစားသမား ျဖစ္လာေနတယ္လို႔ လီဗာပူး အေျခစိုက္ TIA သတင္းဌာနက သံုးသပ္ခ်ီးက်ဴးသြားပါတယ္။

ဒဏ္ရာေၾကာင့္ ကာလရွည္ ေဘာလံုး မကစားနုိင္ ျဖစ္ခဲ့ရတဲ့ လီဗာပူး ကြင္းလယ္တိုက္စစ္သမား ခ်ိန္ဘာလိန္ဟာ အဂၤလန္ရဲ႕ ဘူလ္ေဂးရီးယား ၄-၀ နဲ႕ သက္ေတာင့္သက္သာ နုိင္တဲ့ပြဲမွာ နုိင္ငံအတြက္ ျပန္လည္ ပါ၀င္ကစားခြင့္ရခဲ့ကာ သတိျပဳေလာက္မိဖြယ္ ေျခစြမ္းေကာင္းမ်ား ျပသနိုင္ခဲ့ပါတယ္။

ဆယ္ဆုႏွစ္အတြင္း လီဗာပူးအသင္းရဲ႕ မွားယြင္းတဲ့ ေခၚယူမႈေတြထဲက အညံ့ဆံုး ေခၚယူမႈေတြကေတာ့ ကာရိုး၊ မာကိုဗစ္နဲ႔ ကြန္ခ်က္စကီးတို႔ျဖစ္တယ္လို႔ မာေဆးဆိုဒ္သတင္းက ေဖာ္ျပခဲ့ပါတယ္။

လီဗာပူးေတာင္ပံသမား မာေနးဟာ ၂၀၁၉ ခုႏွစ္မွာ တန္ေၾကး ၆၀% တိုးတက္လာခဲ့ျပီး လက္ရွိေစ်းကြက္တန္ေၾကး ေပါင္ ၁၀၈ သန္းျဖစ္ကာ အစြန္လူ အာႏိုးက ၇၇% တိုးတက္လာျပီး ေပါင္ ၇၂ သန္း တန္ေၾကးရွိတယ္လို႔ Transfermarkt က ေဖာ္ျပသြားပါတယ္။

မာေနးနဲ႔ ဆာလက္တို႔ကို ျပင္းျပင္းထန္ထန္ ေဝဖန္ျပီး ေသြးကြဲစကားေတြ ေျပာဆိုေနၾကသူေတြဟာ လီဗာပူးပြဲေတြကို မၾကည့္သူ (သို႔) လီဗာပူးရဲ႕ အသင္းလိုက္ စိတ္ဓါတ္ကို ျပိဳင္ကြဲေစသူေတြလည္း ျဖစ္ႏုိင္တယ္လို႔ တုန္႔ျပန္ ေဝဖန္ခဲ့ပါတယ္။

လီဗာပူးရဲ႕ ခ်န္ပီယံလိဂ္အုပ္စုတြင္းျပိဳင္ဘက္ ဂ်န္႔အသင္း တိုက္စစ္သမား Mbwana Samatta က ဥေရာပခ်န္ပီယံေတြကို ယွဥ္ျပိဳင္ဖို႔ အဆင္သင့္ျဖစ္ေနေၾကာင္း သတိေပးလိုက္ျပီး အန္ဖီးမွာကစားခြင့္ဆိုတဲ့ အိပ္မက္ကို အေကာင္အထည့္ေဖာ္ႏုိင္မွာအတြက္ ေက်နပ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုပါတယ္။

UNICODE

အယ်လီဆန်နဲ့ ကီတာတို့ဟာ အခြေအနေ ကောင်းနေပေမယ့် တစ်ပတ်နဲ့ သီတင်းပတ် နှစ်ပတ်လောက် အသီးသီး အနားယူရမှာဖြစ်ကာ ကလိုင်းကတော့ ပြန်ကစားနိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ယာဂင်ကလော့ပ်က ထုတ်ဖော်ပြောဆိုပါတယ်။

လီဗာပူးကစားသမားဟောင်းကြီး ဂျွန်အဲဒရစ်ချ်က အသင်း တိုက်စစ်မှူး နှစ်ယောက်ဖြစ်တဲ့ ဆာလက်နဲ့ မာနေးအကြား ဆက်နွယ်မှုမှာ အပြောင်းအလဲတွေ ရှိနေပြီး ထိုအနေအထားကို ယာဂင်ကလော့ပ် ကြပ်မတ် ကိုင်တွယ်ရန် လိုအပ်ကြောင်း သတိပေးလိုက်ပါတယ်။

အာဆင်ဝင်းဂါးက ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို လီဗာပူးနဲ့ မန်စီးတီးတို့ အပြိုင်လုရမယ်လို့ ဆိုပါတယ်။ မန်စီးတီးမှာ နည်းစနစ်ပိုင်း သာလွန်တဲ့ အားသာချက်ရှိနေပြီး လီဗာပူးမှာတော့ တိုက်စစ်၊ ခံစစ်တောင့်တင်းကာ ဖန်တီးမှု အားနည်းပေမယ့် ကိုယ်အလုပ်ကို အကောင်းဆုံးလုပ်နိုင်မယ့် ကွင်းလယ်ကို ပိုင်ဆိုင်ထားတယ်လို့ သုံးသပ်ခဲ့တယ်။

လီဗာပူး ကွင်းလယ်ခံစစ်သမား ဖာဘင်ညိုဟာ ပြိုင်ဘက်တွေကို ဖိအားပေးတာ၊ ပွဲအခြေအနေကို သုံးသပ်တာနဲ့ ပြိုင်ဘက် တိုက်စစ်ကို ဖျက်ဆီးတဲ့နေရာမှာ ထူးချွန်လှပြီး လီဗာပူးအသင်းအတွက် မီးပြတိုက်လို အဓိက ကစားသမား ဖြစ်လာနေတယ်လို့ လီဗာပူး အခြေစိုက် TIA သတင်းဌာနက သုံးသပ်ချီးကျူးသွားပါတယ်။

ဒဏ်ရာကြောင့် ကာလရှည် ဘောလုံး မကစားနိုင် ဖြစ်ခဲ့ရတဲ့ လီဗာပူး ကွင်းလယ်တိုက်စစ်သမား ချိန်ဘာလိန်ဟာ အင်္ဂလန်ရဲ့ ဘူလ်ဂေးရီးယား ၄-၀ နဲ့ သက်တောင့်သက်သာ နိုင်တဲ့ပွဲမှာ နိုင်ငံအတွက် ပြန်လည် ပါဝင်ကစားခွင့်ရခဲ့ကာ သတိပြုလောက်မိဖွယ် ခြေစွမ်းကောင်းများ ပြသနိုင်ခဲ့ပါတယ်။

ဆယ်ဆုနှစ်အတွင်း လီဗာပူးအသင်းရဲ့ မှားယွင်းတဲ့ ခေါ်ယူမှုတွေထဲက အညံ့ဆုံး ခေါ်ယူမှုတွေကတော့ ကာရိုး၊ မာကိုဗစ်နဲ့ ကွန်ချက်စကီးတို့ဖြစ်တယ်လို့ မာဆေးဆိုဒ်သတင်းက ဖော်ပြခဲ့ပါတယ်။

လီဗာပူးတောင်ပံသမား မာနေးဟာ ၂၀၁၉ ခုနှစ်မှာ တန်ကြေး ၆၀% တိုးတက်လာခဲ့ပြီး လက်ရှိဈေးကွက်တန်ကြေး ပေါင် ၁၀၈ သန်းဖြစ်ကာ အစွန်လူ အာနိုးက ၇၇% တိုးတက်လာပြီး ပေါင် ၇၂ သန်း တန်ကြေးရှိတယ်လို့ Transfermarkt က ဖော်ပြသွားပါတယ်။

မာနေးနဲ့ ဆာလက်တို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြီး သွေးကွဲစကားတွေ ပြောဆိုနေကြသူတွေဟာ လီဗာပူးပွဲတွေကို မကြည့်သူ (သို့) လီဗာပူးရဲ့ အသင်းလိုက် စိတ်ဓါတ်ကို ပြိုင်ကွဲစေသူတွေလည်း ဖြစ်နိုင်တယ်လို့ တုန့်ပြန် ဝေဖန်ခဲ့ပါတယ်။

လီဗာပူးရဲ့ ချန်ပီယံလိဂ်အုပ်စုတွင်းပြိုင်ဘက် ဂျန့်အသင်း တိုက်စစ်သမား Mbwana Samatta က ဥရောပချန်ပီယံတွေကို ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း သတိပေးလိုက်ပြီး အန်ဖီးမှာကစားခွင့်ဆိုတဲ့ အိပ်မက်ကို အကောင်အထည့်ဖော်နိုင်မှာအတွက် ကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။