ပရီးမီးယားလိဂ္တိုက္စစ္သမားေဟာင္းၾကီး ကက္စ္ကာရီႏုိက အဂၤလန္တိုက္စစ္သမား စတာလင္ဟာ ေနမာထက္ကို အက်ိဳးျပဳႏိုင္မႈ ပိုမ်ားျပီး ဘလြန္းဒီေအာ့ဆုမွာ ဘရာဇီးသားကို ေက်ာ္လြန္ျပီး အႏုိင္ရသင့္သူလို႔ ေထာက္ခံလိုက္ပါတယ္။

ႏုိင္ငံတကာသီတင္းပတ္မွာ စတာလင္ဟာ အဂၤလန္အသင္းအတြက္ ကိုယ္တုိင္ တစ္ဂိုးသြင္းၿပီး တစ္ဂိုး ဖန္တီးေပးႏုိင္ခဲ့ပါတယ္။ ေနမာဟာလည္း ဒဏ္ရာကေန ျပန္သက္သာလာျပီးေနာက္ ဘရာဇီးအတြက္ ျပန္လည္ကစားေပးရာမွာ တစ္ဂိုး သြင္း၊ တစ္ဂိုး ဖန္တီးေပးခဲ့ပါတယ္။

ကက္စ္ကာရီႏုိက “ ေနမာ နဲ႔ စတာလင္ ႏွစ္ဦးထဲက ဘလြန္ဒီေအာ့ဆုအတြက္ဆို ကၽြန္ေတာ္ကေတာ့ စတာလင္ကို ေရြးရလိမ့္မယ္လုိ႔ထင္ပါတယ္။ ေနမာ မကစားႏုိင္ေပမယ့္ စတာလင္က ေျခစြမ္းျပေနတယ္။ ေနမာရဲ႕ ကြင္းျပင္ပက စိတ္ပ်က္စရာ အေျခအေနေတြေၾကာင္း မဟုတ္ပဲ ကြင္းတြင္း ေျခစြမ္းသက္သက္ဆိုရင္ေတာင္ ကြ်န္ေတာ္ စတာလင္ကိုပဲ ေရြးမွာပါ။

ေနမာလုပ္ျပတဲ့ ျပကြက္မ်ိဳးေတြက တျခားေဘာလံုးသမားေတြ လုိက္မလုပ္ႏုိင္ေပမယ့္ သူ႔ကို သရုပ္ျပသမားလို႔ပဲ ျမင္မိတယ္။ အသင္းကုိ အက်ဳိးျဖစ္ျပီး ဂိုးေတြသြင္းတဲ့ ကစားသမားမ်ဳိး ေနမာလုိ လိမ္ေခါက္ ဆြဲေျပးတာေတြ လုပ္ျပႏိုင္တဲ့ ကစားသမားမ်ဳိးကုိ လုိခ်င္တယ္ဆုိရင္ေတာ့ စတာလင္ပါပဲ။

စတာလင္ဟာ ကမာၻ႔အေကာင္းဆံုး ကစားသမား ငါးဦးစာရင္းမွာ တစ္ဦးအျဖစ္ ပါဝင္လာေနပါျပီ။ သူ႔ရဲ႕ တုိးတက္မႈႏႈန္းကို ကြ်န္ေတာ္ သေဘာက်မိပါတယ္။ သူ႔ရဲ႕ေျခစြမ္းဟာ ဘလြန္းဒီေအာ့ဆုနဲ႔ ထုိက္တန္ပါတယ္ ” လို႔ ႏိႈင္းယွဥ္ကာ ေျပာၾကားခဲ့ပါတယ္။

UNICODE

ပရီးမီးယားလိဂ်တိုက်စစ်သမားဟောင်းကြီး ကက်စ်ကာရီနိုက အင်္ဂလန်တိုက်စစ်သမား စတာလင်ဟာ နေမာထက်ကို အကျိုးပြုနိုင်မှု ပိုများပြီး ဘလွန်းဒီအော့ဆုမှာ ဘရာဇီးသားကို ကျော်လွန်ပြီး အနိုင်ရသင့်သူလို့ ထောက်ခံလိုက်ပါတယ်။

နိုင်ငံတကာသီတင်းပတ်မှာ စတာလင်ဟာ အင်္ဂလန်အသင်းအတွက် ကိုယ်တိုင် တစ်ဂိုးသွင်းပြီး တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ နေမာဟာလည်း ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် ဘရာဇီးအတွက် ပြန်လည်ကစားပေးရာမှာ တစ်ဂိုး သွင်း၊ တစ်ဂိုး ဖန်တီးပေးခဲ့ပါတယ်။

ကက်စ်ကာရီနိုက “ နေမာ နဲ့ စတာလင် နှစ်ဦးထဲက ဘလွန်ဒီအော့ဆုအတွက်ဆို ကျွန်တော်ကတော့ စတာလင်ကို ရွေးရလိမ့်မယ်လို့ထင်ပါတယ်။ နေမာ မကစားနိုင်ပေမယ့် စတာလင်က ခြေစွမ်းပြနေတယ်။ နေမာရဲ့ ကွင်းပြင်ပက စိတ်ပျက်စရာ အခြေအနေတွေကြောင်း မဟုတ်ပဲ ကွင်းတွင်း ခြေစွမ်းသက်သက်ဆိုရင်တောင် ကျွန်တော် စတာလင်ကိုပဲ ရွေးမှာပါ။

နေမာလုပ်ပြတဲ့ ပြကွက်မျိုးတွေက တခြားဘောလုံးသမားတွေ လိုက်မလုပ်နိုင်ပေမယ့် သူ့ကို သရုပ်ပြသမားလို့ပဲ မြင်မိတယ်။ အသင်းကို အကျိုးဖြစ်ပြီး ဂိုးတွေသွင်းတဲ့ ကစားသမားမျိုး နေမာလို လိမ်ခေါက် ဆွဲပြေးတာတွေ လုပ်ပြနိုင်တဲ့ ကစားသမားမျိုးကို လိုချင်တယ်ဆိုရင်တော့ စတာလင်ပါပဲ။

စတာလင်ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ငါးဦးစာရင်းမှာ တစ်ဦးအဖြစ် ပါဝင်လာနေပါပြီ။ သူ့ရဲ့ တိုးတက်မှုနှုန်းကို ကျွန်တော် သဘောကျမိပါတယ်။ သူ့ရဲ့ခြေစွမ်းဟာ ဘလွန်းဒီအော့ဆုနဲ့ ထိုက်တန်ပါတယ် ” လို့ နှိုင်းယှဉ်ကာ ပြောကြားခဲ့ပါတယ်။