ဒီရာသီ ပထမဆံုးရာထူးကေန ထုတ္ပယ္ခံရတဲ့ ပရီးမီးယားလိဂ္မန္ေနဂ်ာအျဖစ္ ဝတ္ဖိုဒ့္မန္ေနဂ်ာက ရင္ဆုိင္ခဲ့ရတဲ့ေနာက္ ေနာက္ထပ္ ရာထူးက ထုတ္ပယ္ခံရမယ့္ မန္ေနဂ်ာမ်ားစာရင္းကို သံုးသပ္မႈေတြ ရွိလာခဲ့ျပီျဖစ္တယ္။

မန္ယူမန္ေနဂ်ာဆိုးရွားဟာလည္း ရာထူးက ထုတ္ပယ္ခံရႏုိင္တဲ့ မန္ေနဂ်ာစာရင္းမွာ ပါဝင္ေနျပီး ဒီအေျခအေနဆိုးက လြတ္ေျမာက္ဖို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာကို စိန္ေခၚႏုိင္ဖုိ႔ လိုပါမယ္လို႔ ေထာက္ျပမႈ ထြက္လာပါတယ္။ မန္ယူဟာ ေႏြမွာ မက္ဂြိဳင္းယား၊ ဘစ္ဆာကာတို႔ကို ေခၚယူထားေပမယ့္ ခံစစ္က ျပသနာေတြ ရွိေနေသးတာပါ။

ေမာ္ရင္ဟို ထုတ္ပယ္ခံရၿပီးေနာက္ အစားထိုးခန္႔အပ္ခံခဲ့ရတဲ့ ဆိုးရွားဟာ သူ႔ရဲ႕ ယူႏိုက္တက္မန္ေနဂ်ာဘဝာ ပထမဆုံးအႀကိမ္ ရာသီျပည့္ စတင္ကိုင္တြယ္ေနတာျဖစ္ျပီး ရလဒ္မေကာင္းမႈအတြက္ ေဝဖန္မႈေတြလည္း ရွိလာေနခဲ့တာျဖစ္ပါတယ္။

နီကိုးကပဲ ” ရာထူးကေန ထုတ္ပယ္ခံရဖို႔ မန္ေနဂ်ာသံုးဦးေလာက္က အႏၱရာယ္အေျခအေနမွာ ရွိေနပါတယ္။ သူတို႔ထဲမွာ ယူႏုိက္တက္ မန္ေနဂ်ာလည္း ပါေနပါတယ္။ မန္ေနဂ်ာဆိုးရွားက ကလပ္အသင္းအတြက္ လုပ္ျပႏုိင္တာေတြ အမ်ားၾကီး မရွိေသးေပမယ့္ ယူႏုိက္တက္မွာ သူေအာင္ျမင္ႏုိင္ပါေသးတယ္။

ခရစ္စမတ္ကာလေရာက္လို႔ ယူႏုိက္တက္က ထိပ္ဆံုး ေလးေနရာကို စိန္ေခၚႏုိင္ျခင္း မရွိဘူးဆိုရင္ေတာ့ ဆိုးရွားက ရာထူးက ထုတ္ပယ္ခံရတဲ့ အေနအထားကို ေရာက္ပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

UNICODE

ဒီရာသီ ပထမဆုံးရာထူးကနေ ထုတ်ပယ်ခံရတဲ့ ပရီးမီးယားလိဂ်မန်နေဂျာအဖြစ် ဝတ်ဖိုဒ့်မန်နေဂျာက ရင်ဆိုင်ခဲ့ရတဲ့နောက် နောက်ထပ် ရာထူးက ထုတ်ပယ်ခံရမယ့် မန်နေဂျာများစာရင်းကို သုံးသပ်မှုတွေ ရှိလာခဲ့ပြီဖြစ်တယ်။

မန်ယူမန်နေဂျာဆိုးရှားဟာလည်း ရာထူးက ထုတ်ပယ်ခံရနိုင်တဲ့ မန်နေဂျာစာရင်းမှာ ပါဝင်နေပြီး ဒီအခြေအနေဆိုးက လွတ်မြောက်ဖို့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို စိန်ခေါ်နိုင်ဖို့ လိုပါမယ်လို့ ထောက်ပြမှု ထွက်လာပါတယ်။ မန်ယူဟာ နွေမှာ မက်ဂွိုင်းယား၊ ဘစ်ဆာကာတို့ကို ခေါ်ယူထားပေမယ့် ခံစစ်က ပြသနာတွေ ရှိနေသေးတာပါ။

မော်ရင်ဟို ထုတ်ပယ်ခံရပြီးနောက် အစားထိုးခန့်အပ်ခံခဲ့ရတဲ့ ဆိုးရှားဟာ သူ့ရဲ့ ယူနိုက်တက်မန်နေဂျာဘဝာ ပထမဆုံးအကြိမ် ရာသီပြည့် စတင်ကိုင်တွယ်နေတာဖြစ်ပြီး ရလဒ်မကောင်းမှုအတွက် ဝေဖန်မှုတွေလည်း ရှိလာနေခဲ့တာဖြစ်ပါတယ်။

နီကိုးကပဲ ” ရာထူးကနေ ထုတ်ပယ်ခံရဖို့ မန်နေဂျာသုံးဦးလောက်က အန္တရာယ်အခြေအနေမှာ ရှိနေပါတယ်။ သူတို့ထဲမှာ ယူနိုက်တက် မန်နေဂျာလည်း ပါနေပါတယ်။ မန်နေဂျာဆိုးရှားက ကလပ်အသင်းအတွက် လုပ်ပြနိုင်တာတွေ အများကြီး မရှိသေးပေမယ့် ယူနိုက်တက်မှာ သူအောင်မြင်နိုင်ပါသေးတယ်။

ခရစ်စမတ်ကာလရောက်လို့ ယူနိုက်တက်က ထိပ်ဆုံး လေးနေရာကို စိန်ခေါ်နိုင်ခြင်း မရှိဘူးဆိုရင်တော့ ဆိုးရှားက ရာထူးက ထုတ်ပယ်ခံရတဲ့ အနေအထားကို ရောက်ပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။