ဆယ်စုနှစ်အတွင်း လီဗာပူးဟာ ကစားသမားပေါင်းများစွာကို ခေါ်ယူမှု လုပ်ခဲ့ပြီး အောင်မြင်တဲ့ အပြောင်းအရွှေ့တွေ အများကြီးကိုလည်း ပိုင်ဆိုင်ခဲ့တာဖြစ်တယ်။



ဒါကြောင့် ဆယ်စုနှစ်အတွင်း လီဗာပူးအသင်း ခေါ်ယူခဲ့ပြီး အသင်းအတွက် ကွင်းတွင်း၊ ကွင်းပြင် အကျိုးဖြစ်မှု များခဲ့တဲ့ ကစားသမားတွေကို မာဆေးဆိုဒ် သတင်းဌာနက ထိပ်ဆုံး ၁၀ ဦးစာရင်း ရွေးချယ်စိစစ်ခဲ့ရာမှာ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။


UNICODE

ဆယ်ဆုနှစ်အတွင်း လီဗာပူးဟာ ကစားသမားပေါင်းများစွာကို ခေါ်ယူမှု လုပ်ခဲ့ပြီး အောင်မြင်တဲ့ အပြောင်းအရွှေ့တွေ အများကြီးကိုလည်း ပိုင်ဆိုင်ခဲ့တာဖြစ်တယ်။

၂၀၁၆ ခုနှစ်ကနေ စတင်ကာ လီဗာပူးအသင်း ခေါ်ယူခဲ့တဲ့ ကစားသမား အများအပြားဟာ ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ်ဖလား အနိုင်ရဖို့ ကြီးစွာ ထောက်ပံ့မှုတွေ ပေးနိုင်ခဲ့ပါတယ်။ အဆိုပါ ကစားသမားတွေထဲမှာ ဝိုက်နယ်ဒမ်၊ မာတစ်၊ မာနေး၊ ရော်ဘတ်ဆန်၊ ဆာလက်၊ အယ်လီဆန်၊ ဗန်ဒိုက်၊ ဖာဘင်ညိုတို့လည်း ပါဝင်ခဲ့တာပါ။

လီဗာပူးဟာ သူတို့မတိုင်ခင်နဲ့ မန်နေဂျာယာဂင်ကလော့ပ် လက်ထက် မတိုင်ခင်မှာလည်း ကစားသမားတွေ အများအပြား ခေါ်ယူခဲ့ပြီး အောင်မြင်တဲ့ အပြောင်းအရွှေ့တွေလည်း ရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က ဂိုးမက်စ်ကို ပေါင် ၃.၅ သန်းနဲ့တင် ခေါ်ယူခဲ့ပေမယ့် အင်္ဂလန် လက်ရွေးစင်က ထူးချွန်တဲ့ ကစားသမားအဖြစ် လီဗာပူးအတွက် အကျိုးဖြစ်နေပါပြီ။

ဒါကြောင့် ဆယ်ဆုနှစ်အတွင်း လီဗာပူးအသင်း ခေါ်ယူခဲ့ပြီး အသင်းအတွက် ကွင်းတွင်း၊ ကွင်းပြင် အကျိုးဖြစ်မှု များခဲ့တဲ့ ကစားသမားတွေကို မာဆေးဆိုဒ် သတင်းဌာနက ထိပ်ဆုံး ၁၀ ဦးစာရင်း ရွေးချယ်စိစစ်ခဲ့ရာမှာ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • 10) Jordan Henderson (Sunderland, £20m, 2011)
  • 9) James Milner (Free transfer, 2015)
  • 8) Philippe Coutinho (Inter Milan, £8m, 2013)
  • 7) Andy Robertson (Hull City, £8m, 2018)
  • 6) Sadio Mane (Southampton, £34m, 2016)
  • 5) Luis Suarez (Ajax, £23m, 2011)
  • 4) Roberto Firmino (Hoffenheim, £29m, 2015)
  • 3) Alisson Becker (AS Roma, £67m, 2018)
  • 2) Virgil van Dijk (Southampton, £75m, 2018)
  • 1) Mohamed Salah (AS Roma, £34m, 2017)