လီဗာပူးအသင္းဟာ ရုပ္သံလြင့္ခအတြက္ အက်ိဳးခံစားမႈမွာ ပရီးမီးယားလိဂ္ကလပ္ေတြ အားလံုးနဲ႔ ဥေရာပကလပ္ေတြ အားလံုးထက္ သာလြန္တဲ့ အျမင့္ဆံုး ဝင္ေငြကို ပိုင္ဆုိင္သြားခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးဟာ အမွတ္ေပးလိဂ္မွာ ဒုတိယေနရာနဲ႔ပဲ ရာသီသိမ္းခဲ့ေပမယ့္ ဥေရာပဖလားကို ေအာင္ျမင္ခဲ့တာျဖစ္တယ္။ ရုပ္သံလြင့္ခ ေပါင္ သန္း ၁၅၀ ကို ေက်ာ္လြန္တဲ့ ကလပ္ႏွစ္သင္းဆိုလို႔ လီဗာပူးနဲ႔ မန္စီးတီးပဲ ရွိခဲ့တာျဖစ္ေပမယ့္ လီဗာပူးက ေပါင္ ၁၅၂ သန္းထိ ရခဲ့ကာ အမွတ္ေပးခ်န္ပီယံ မန္စီးတီးေတာင္မွ ေပါင္ ၁၅၁ သန္းပဲ ရခဲ့တာျဖစ္တယ္။

ဆြစ္ဇလန္အဖြဲ႔အစည္းက ထုတ္ျပန္မႈအရ ပရီးမီးယားလိဂ္ဟာ ရုပ္သံလြင့္ခေတြမွာ ပွ်မ္းမွ်အားျဖင့္ တစ္သင္းကို ေပါင္ ၁၂၃ သန္း ရခဲ့ျပီး လာလီဂါကေတာ့ တစ္သင္းကို ၅၆ သန္း၊ စီးရီးေအက ၅၂ သန္း၊ ဘြန္ဒက္လီဂါက ၅၂ သန္းနဲ႔ ျပင္သစ္လီဂူးက ေပါင္ ၂၇ သန္းတို႔ကိုပဲ ရခဲ့ၾကတာျဖစ္ပါတယ္။

ဥေရာပ ၾကီး ၅ ၾကီး လိဂ္ေတြထဲမွာေတာ့ လီဗာပူးက မည့္သည္ ဥေရာပလိဂ္ကလပ္ထက္မဆို ဝင္ေငြပိုင္း သာလြန္ခဲ့ျပီး အနီးကပ္ျပိဳင္ဘက္ မန္စီးတီးက ဒုတိယေနရာ ဥေရာပထိပ္သီးေတြျဖစ္တဲ့ ဘာစီလိုနာ (အဆင့္ ၇)၊ ရီးရဲလ္မက္ဒရစ္ (အဆင့္ ၁၀) တို႔ကို ေက်ာ္လြန္ျပီး ဥေရာပရဲ႕ ရုပ္သံလြင့္ခ အမ်ားဆံုးရ ကလပ္အသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ထူးျခားမႈကေတာ့ ပရီးမီးယားလိဂ္ အလယ္အလတ္အသင္းေတြျဖစ္တဲ့ အဲဗာတန္၊ ဝုဗ္တို႔ရဲ႕ ရုပ္သံဝင္ေငြဟာ ဘာစီလိုနာကို မွီဖို႔ထိ ျဖစ္ခဲ့သလို ရီးရဲလ္မက္ဒရစ္ထက္ေတာင္ ပိုရခဲ့တာျဖစ္ျပီး ပရီးမီးယားလိဂ္နဲ႔ ျပိဳင္ဘက္လိဂ္ေတြၾကားမွာ ရုပ္သံဝင္ေငြ ကြာဟခ်က္က ပိုမ်ားလာခဲ့ျပီျဖစ္ပါတယ္။

UNICODE

လီဗာပူးအသင်းဟာ ရုပ်သံလွင့်ခအတွက် အကျိုးခံစားမှုမှာ ပရီးမီးယားလိဂ်ကလပ်တွေ အားလုံးနဲ့ ဥရောပကလပ်တွေ အားလုံးထက် သာလွန်တဲ့ အမြင့်ဆုံး ဝင်ငွေကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးဟာ အမှတ်ပေးလိဂ်မှာ ဒုတိယနေရာနဲ့ပဲ ရာသီသိမ်းခဲ့ပေမယ့် ဥရောပဖလားကို အောင်မြင်ခဲ့တာဖြစ်တယ်။ ရုပ်သံလွင့်ခ ပေါင် သန်း ၁၅၀ ကို ကျော်လွန်တဲ့ ကလပ်နှစ်သင်းဆိုလို့ လီဗာပူးနဲ့ မန်စီးတီးပဲ ရှိခဲ့တာဖြစ်ပေမယ့် လီဗာပူးက ပေါင် ၁၅၂ သန်းထိ ရခဲ့ကာ အမှတ်ပေးချန်ပီယံ မန်စီးတီးတောင်မှ ပေါင် ၁၅၁ သန်းပဲ ရခဲ့တာဖြစ်တယ်။

ဆွစ်ဇလန်အဖွဲ့အစည်းက ထုတ်ပြန်မှုအရ ပရီးမီးယားလိဂ်ဟာ ရုပ်သံလွင့်ခတွေမှာ ပျှမ်းမျှအားဖြင့် တစ်သင်းကို ပေါင် ၁၂၃ သန်း ရခဲ့ပြီး လာလီဂါကတော့ တစ်သင်းကို ၅၆ သန်း၊ စီးရီးအေက ၅၂ သန်း၊ ဘွန်ဒက်လီဂါက ၅၂ သန်းနဲ့ ပြင်သစ်လီဂူးက ပေါင် ၂၇ သန်းတို့ကိုပဲ ရခဲ့ကြတာဖြစ်ပါတယ်။

ဥရောပ ကြီး ၅ ကြီး လိဂ်တွေထဲမှာတော့ လီဗာပူးက မည့်သည် ဥရောပလိဂ်ကလပ်ထက်မဆို ဝင်ငွေပိုင်း သာလွန်ခဲ့ပြီး အနီးကပ်ပြိုင်ဘက် မန်စီးတီးက ဒုတိယနေရာ ဥရောပထိပ်သီးတွေဖြစ်တဲ့ ဘာစီလိုနာ (အဆင့် ၇)၊ ရီးရဲလ်မက်ဒရစ် (အဆင့် ၁၀) တို့ကို ကျော်လွန်ပြီး ဥရောပရဲ့ ရုပ်သံလွင့်ခ အများဆုံးရ ကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ထူးခြားမှုကတော့ ပရီးမီးယားလိဂ် အလယ်အလတ်အသင်းတွေဖြစ်တဲ့ အဲဗာတန်၊ ဝုဗ်တို့ရဲ့ ရုပ်သံဝင်ငွေဟာ ဘာစီလိုနာကို မှီဖို့ထိ ဖြစ်ခဲ့သလို ရီးရဲလ်မက်ဒရစ်ထက်တောင် ပိုရခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ ပြိုင်ဘက်လိဂ်တွေကြားမှာ ရုပ်သံဝင်ငွေ ကွာဟချက်က ပိုများလာခဲ့ပြီဖြစ်ပါတယ်။