ခ်ယ္ဆီးအသင္းအတြက္ ျပသနာတစ္ရပ္ကေတာ့ ႏုိင္ငံတကာ သီတင္းပတ္အတြင္း အီတလီနဲ႔ ဖင္လန္တို႔ ယွဥ္ျပိဳင္ကစားတဲ့ပြဲ ပြဲခ်ိန္ ၇ မိနစ္မွာတင္ အစြန္လူ အီမာဆန္ဟာ ဒဏ္ရာေၾကာင့္ ကြင္းထဲက ထြက္ခြာခဲ့ရျခင္းပဲျဖစ္ပါတယ္။

ယူရို ၂၀၂၀ ေျခစစ္ပြဲအတြက္ ဖင္လန္နဲ႔ ယွဥ္ျပိဳင္ရာမွာ ၾကြက္သားဒဏ္ရာ ရသြားခဲ့တဲ့ အီမာဆန္ဟာ ပြဲအစ ၁၀ မိနစ္ေလာက္မွာတင္ လူစားလဲခဲ့ရတာျဖစ္တယ္။ အေသးစိတ္ ဒဏ္ရာအေျခအေနေတြ ထြက္ေပၚမလာေသးေပမယ့္ ခ်ယ္ဆီးအတြက္ေတာ့ သတင္းဆိုး ျဖစ္လာခဲ့ပါတယ္။

မန္ေနဂ်ာလမ္းပတ္ဟာ ဘယ္အစြန္ေနရာအတြက္ အလြန္ဆိုကို ေက်ာ္ျပီး အီတလီသား ခံစစ္သမားကို အသံုးျပဳရာမွာ စြမ္းေဆာင္ရည္ေကာင္းေတြ ပိုင္ဆိုင္ေနတာပါ။ ဒါေပမယ့္ ဒီထိခိုက္မႈေၾကာင့္ အီမာဆန္ဟာ လာမယ့္အပတ္ ယွဥ္ျပိဳင္ရမယ့္ ဝုဗ္နဲ႔ပြဲမွာ ပါဝင္ေပးႏုိင္ဖို႔ မေသခ်ာေတာ့တာျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ တိုက္စစ္ကစားပံုကို အသားေပးလာျပီး ကစားပံု ေကာင္းေပမယ့္လို႔ ခံစစ္က ယိုေပါက္ေတြ မ်ားေနခဲ့တာပါ။ ကီြတာ စြမ္းေဆာင္ရည္က်ေနျပီး ဇူးမား အမွားမ်ားေနတဲ့ အေနအထားမွာ အီမာဆန္ရဲ႕ မာေၾကာမႈက ခ်ယ္ဆီးအတြက္ အားတက္စရာ ျဖစ္ေနခဲ့တာျဖစ္တယ္။

အီမာဆန္ ဒဏ္ရာရတဲ့အေၾကာင္း သိျပီးခ်င္းမွာပဲ ခ်ယ္ဆီးပရိသတ္ေတြကေတာ့ အျမဲလိုလို ဒဏ္ရာရမႈေတြက တစ္ျပိဳင္နက္ အမ်ားအျပားျဖစ္ျခင္းကို စိတ္ပ်က္ေၾကာင္း ေျပာဆိုခဲ့ၾကတယ္။ လူမႈကြန္ယက္ကေနတစ္ဆင့္ပဲ ကီြတာနဲ႔ အလြန္ဆိုတို႔ကို ဝုဗ္လိုအသင္းနဲ႔ ယွဥ္ျပိဳင္တဲ့ပြဲမွာ တစ္ျပိဳင္နက္ပြဲထုတ္မွာက ထိတ္လန္႔မိေစပါတယ္လို႔ ေျပာဆိုမႈေတြ ရွိေနခဲ့ပါတယ္။

UNICODE

ချယ်ဆီးအသင်းအတွက် ပြသနာတစ်ရပ်ကတော့ နိုင်ငံတကာ သီတင်းပတ်အတွင်း အီတလီနဲ့ ဖင်လန်တို့ ယှဉ်ပြိုင်ကစားတဲ့ပွဲ ပွဲချိန် ၇ မိနစ်မှာတင် အစွန်လူ အီမာဆန်ဟာ ဒဏ်ရာကြောင့် ကွင်းထဲက ထွက်ခွာခဲ့ရခြင်းပဲဖြစ်ပါတယ်။

ယူရို ၂၀၂၀ ခြေစစ်ပွဲအတွက် ဖင်လန်နဲ့ ယှဉ်ပြိုင်ရာမှာ ကြွက်သားဒဏ်ရာ ရသွားခဲ့တဲ့ အီမာဆန်ဟာ ပွဲအစ ၁၀ မိနစ်လောက်မှာတင် လူစားလဲခဲ့ရတာဖြစ်တယ်။ အသေးစိတ် ဒဏ်ရာအခြေအနေတွေ ထွက်ပေါ်မလာသေးပေမယ့် ချယ်ဆီးအတွက်တော့ သတင်းဆိုး ဖြစ်လာခဲ့ပါတယ်။

မန်နေဂျာလမ်းပတ်ဟာ ဘယ်အစွန်နေရာအတွက် အလွန်ဆိုကို ကျော်ပြီး အီတလီသား ခံစစ်သမားကို အသုံးပြုရာမှာ စွမ်းဆောင်ရည်ကောင်းတွေ ပိုင်ဆိုင်နေတာပါ။ ဒါပေမယ့် ဒီထိခိုက်မှုကြောင့် အီမာဆန်ဟာ လာမယ့်အပတ် ယှဉ်ပြိုင်ရမယ့် ဝုဗ်နဲ့ပွဲမှာ ပါဝင်ပေးနိုင်ဖို့ မသေချာတော့တာဖြစ်ပါတယ်။

ချယ်ဆီးဟာ တိုက်စစ်ကစားပုံကို အသားပေးလာပြီး ကစားပုံ ကောင်းပေမယ့်လို့ ခံစစ်က ယိုပေါက်တွေ များနေခဲ့တာပါ။ ကွီတာ စွမ်းဆောင်ရည်ကျနေပြီး ဇူးမား အမှားများနေတဲ့ အနေအထားမှာ အီမာဆန်ရဲ့ မာကြောမှုက ချယ်ဆီးအတွက် အားတက်စရာ ဖြစ်နေခဲ့တာဖြစ်တယ်။

အီမာဆန် ဒဏ်ရာရတဲ့အကြောင်း သိပြီးချင်းမှာပဲ ချယ်ဆီးပရိသတ်တွေကတော့ အမြဲလိုလို ဒဏ်ရာရမှုတွေက တစ်ပြိုင်နက် အများအပြားဖြစ်ခြင်းကို စိတ်ပျက်ကြောင်း ပြောဆိုခဲ့ကြတယ်။ လူမှုကွန်ယက်ကနေတစ်ဆင့်ပဲ ကွီတာနဲ့ အလွန်ဆိုတို့ကို ဝုဗ်လိုအသင်းနဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ တစ်ပြိုင်နက်ပွဲထုတ်မှာက ထိတ်လန့်မိစေပါတယ်လို့ ပြောဆိုမှုတွေ ရှိနေခဲ့ပါတယ်။