ZAWGYI – မန္ယူ ခံစစ္ကစားသမား ႐ိုဂ်ိဳ ဟာ ပြဲထြက္ကစားခြင့္ရဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ အသင္းကေန ထြက္ခြာဖို႔ ျပင္ဆင္ေနပါတယ္။ ႐ိုဂ်ိဳ ကိုေခၚယူဖို႔ အက္စတြန္ဗီလာ အသင္းကေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္လို႔လည္း သိရပါတယ္။

စပိန္ လက္ေရြးစင္အသင္းနည္းျပ ေရာ္ဘတ္တို မုိရီႏိုက ဖာရိုးအသင္းနဲ႔ပြဲစဥ္မွာ လက္စြမ္းျပသႏုိင္ခဲ့တဲ့ ဂိုးသမား ဒီဂီယာ ကို ခ်ီးက်ဴး ေျပာဆို လိုက္ပါတယ္။

ခ်ယ္ဆီး ဂိုးသမား ကီပါနဲ႔ မန္ယူမွ ဒီဂီယာတို႔ရဲ႕ ပြဲထြက္ ေနရာအတြက္ ျပိဳင္ဆုိင္မႈကို ပရိတ္သတ္ေတြလည္း သေဘာက်ၾကလိမ့္မယ္ လုိ႔ မုိရီႏိုက ဆိုခဲ့ပါတယ္။

မန္ယူနဲ႔ မန္စီးတီး အသင္းတို႔ဟာ ေပၚတူဂီကလပ္ ဘင္ဖီကာအသင္းရဲ႕ အသက္ ၂၀ အ႐ြယ္ ကြင္းလယ္ၾကယ္ပြင့္ေလး ဖေလာ္ရန္တီႏို လူးဝစ္ကို ေခၚယူဖို႔ အၿပိဳင္ ၾကိဳးပမ္းေနၾကတယ္ လို႔ သိရပါတယ္။

ေဆာက္သမ္တန္ တုိက္စစ္မွဴးေဟာင္း တယ္လီစီယာက မန္ယူနည္းျပ ဆိုးရွား ပင္နယ္တီကန္သြင္းသူ ေရြးခ်ယ္သတ္မွတ္ပံု က မရင့္က်က္တဲ့ပံုစံ ေပါက္ေနတယ္လို႔ ေ၀ဖန္လိုက္ပါတယ္။

မန္ယူအသင္းဟာ လာမယ့္ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ေပၚတူဂီသား ကြင္းလယ္သမား ဘရူႏို ဖာနန္ဒက္စ္နဲ႕ စပါးနဲ႕ စာခ်ဳပ္ကုန္ေတာ့မယ့္ ဒိန္းမတ္ကြင္းလယ္ကစားသမား အဲရစ္ဆန္ တို႔ကို ေခၚယူဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

လာဇီယိုအသင္းဟာ မန္ယူ၊ ဂ်ဴဗင္တပ္နဲ႔ ပီအက္စ္ဂ်ီတို႔ ရဲ႕ ပစ္မွတ္ထားျခင္း ခံေနရတဲ့ ကြင္းလယ္ကစားသမား မီလန္ကိုဗစ္ ဆာဗစ္ကို သက္တမ္း တိုး စာခ်ဳပ္ ခ်ဳပ္ဆိုႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ ၅ နွစ္ သက္တမ္းတိုးမယ့္ စာခ်ဳပ္သစ္မွာ စာခ်ဳပ္ဖ်က္သိမ္းခ ယူရို သန္း ၁၀၀ ပါ၀င္မယ္ လို႔လည္း သိရပါတယ္။

မန္ယူ ကစားသမားေတြ ဟာ အလက္ဆစ္ ဆန္းခ်က္အေပၚ ပုဂၢဳိလ္ေရးအရ မုန္းတီးမႈမရွိဘဲ ကလပ္အသင္းက လုပ္ခလစာ အလြန္အမင္း ေပးခဲ့မႈ အေပၚသာ မေက်မနပ္ ျဖစ္ခဲ့ၾကတယ္ လုိ႔ သိရပါတယ္။

မန္ယူကြင္းလယ္ ၾကယ္ပြင့္ ကစားသမား ေပါ့ဘာဟာ Adidas နဲ႔ ခ်ဳပ္ဆိုထားတဲ့ ေပါင္သန္း ၁၅၀ တန္ စပြန္ဆာ စာခ်ဳပ္ေၾကာင့္ ရီးရဲလ္ မက္ဒရစ္ထံ ေျပာင္းဖို႔ထက္ မန္ခ်က္စတာမွာဘဲ ဆက္ေနဖို႔ ေရြးခ်ယ္ဖြယ္ ရွိပါတယ္။

Myan News

UNICODE – မန်ယူ ခံစစ်ကစားသမား ရိုဂျို ဟာ ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။ ရိုဂျို ကိုခေါ်ယူဖို့ အက်စတွန်ဗီလာ အသင်းကခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။

စပိန် လက်ရွေးစင်အသင်းနည်းပြ ရော်ဘတ်တို မိုရီနိုက ဖာရိုးအသင်းနဲ့ပွဲစဉ်မှာ လက်စွမ်းပြသနိုင်ခဲ့တဲ့ ဂိုးသမား ဒီဂီယာ ကို ချီးကျူး ပြောဆို လိုက်ပါတယ်။

ချယ်ဆီး ဂိုးသမား ကီပါနဲ့ မန်ယူမှ ဒီဂီယာတို့ရဲ့ ပွဲထွက် နေရာအတွက် ပြိုင်ဆိုင်မှုကို ပရိတ်သတ်တွေလည်း သဘောကျကြလိမ့်မယ် လို့ မိုရီနိုက ဆိုခဲ့ပါတယ်။

မန်ယူနဲ့ မန်စီးတီး အသင်းတို့ဟာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းရဲ့ အသက် ၂၀ အရွယ် ကွင်းလယ်ကြယ်ပွင့်လေး ဖလော်ရန်တီနို လူးဝစ်ကို ခေါ်ယူဖို့ အပြိုင် ကြိုးပမ်းနေကြတယ် လို့ သိရပါတယ်။

ဆောက်သမ်တန် တိုက်စစ်မှူးဟောင်း တယ်လီစီယာက မန်ယူနည်းပြ ဆိုးရှား ပင်နယ်တီကန်သွင်းသူ ရွေးချယ်သတ်မှတ်ပုံ က မရင့်ကျက်တဲ့ပုံစံ ပေါက်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။

မန်ယူအသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ပေါ်တူဂီသား ကွင်းလယ်သမား ဘရူနို ဖာနန်ဒက်စ်နဲ့ စပါးနဲ့ စာချုပ်ကုန်တော့မယ့် ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆန် တို့ကို ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လာဇီယိုအသင်းဟာ မန်ယူ၊ ဂျူဗင်တပ်နဲ့ ပီအက်စ်ဂျီတို့ ရဲ့ ပစ်မှတ်ထားခြင်း ခံနေရတဲ့ ကွင်းလယ်ကစားသမား မီလန်ကိုဗစ် ဆာဗစ်ကို သက်တမ်း တိုး စာချုပ် ချုပ်ဆိုနိုင်တော့မှာ ဖြစ်ပါတယ်။ ၅ နှစ် သက်တမ်းတိုးမယ့် စာချုပ်သစ်မှာ စာချုပ်ဖျက်သိမ်းခ ယူရို သန်း ၁၀၀ ပါဝင်မယ် လို့လည်း သိရပါတယ်။

မန်ယူ ကစားသမားတွေ ဟာ အလက်ဆစ် ဆန်းချက်အပေါ် ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုမရှိဘဲ ကလပ်အသင်းက လုပ်ခလစာ အလွန်အမင်း ပေးခဲ့မှု အပေါ်သာ မကျေမနပ် ဖြစ်ခဲ့ကြတယ် လို့ သိရပါတယ်။

မန်ယူကွင်းလယ် ကြယ်ပွင့် ကစားသမား ပေါ့ဘာဟာ Adidas နဲ့ ချုပ်ဆိုထားတဲ့ ပေါင်သန်း ၁၅၀ တန် စပွန်ဆာ စာချုပ်ကြောင့် ရီးရဲလ် မက်ဒရစ်ထံ ပြောင်းဖို့ထက် မန်ချက်စတာမှာဘဲ ဆက်နေဖို့ ရွေးချယ်ဖွယ် ရှိပါတယ်။

Myan News