ZAWGYI – မန်စီးတီး ဟာ ပွဲထွက်လူစာရင်းတွင် ဒဏ်ရာရ ကစားသမားတွေ များပြားနေတာကြောင့် အင်တာမီလန်ကြယ်ပွင့် မီလန် စခရီနီယာ ကို ခေါ်ယူရန် ပစ်မှတ်ထားနေပါတယ်။


စတားလင်းရဲ့ အရည်အချင်းကို သံသယရှိသူတွေ ရှိကြမှာ ဖြစ်ပေမယ့် ဒီပုံစံအတိုင်သာ ဆက်တိုးတက်သွားရင် စတားလင်းက နှစ် အနည်းငယ် အတွင်း ကမ္ဘာ့ နံပါတ် ၁ သို့မဟုတ် ၂ ကစားသမား ဖြစ်လာလိမ့်မယ်လို့ ၄င်းက ဟောကိန်း ထုတ်လိုက်ပါတယ်။

ဘရာဇီးအသင်းဖော် ကော်တင်ညိုဟာ ဘိုင်ယန်မြူးနစ်အသင်းကို ချန်ပီယံလိဂ် စိန်ခေါ်နိုင်တဲ့အသင်း ဖြစ်အောင် ပြောင်းလဲ ပေးနိုင်လိမ့်မယ်လို့ စီးတီး ဂိုးသမား အီဒါဆန်က ထောက်ခံ ပြောဆိုလိုက်ပါတယ်။





Myan News

UNICODE – မန်စီးတီး ဟာ ပွဲထွက်လူစာရင်းတွင် ဒဏ်ရာရ ကစားသမားတွေ များပြားနေတာကြောင့် အင်တာမီလန်ကြယ်ပွင့် မီလန်စခရီနီယာ ကို ခေါ်ယူရန် ပစ်မှတ်ထားနေပါတယ်။

ဝါရင့်တိုက်စစ်မှူးဟောင်း ကက်စ်ကာရီနိုက သူ့အသင်းအတွက် နေမာ ဒါမှမဟုတ် စတားလင်းကို ရွေးချယ်ခွင့် ရမယ်ဆိုရင် စတားလင်းကိုသာ ခေါ်ယူမှာ ဖြစ်ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

စတားလင်းရဲ့ အရည်အချင်းကို သံသယရှိသူတွေ ရှိကြမှာ ဖြစ်ပေမယ့် ဒီပုံစံအတိုင်သာ ဆက်တိုးတက်သွားရင် စတားလင်းက နှစ် အနည်းငယ် အတွင်း ကမ္ဘာ့ နံပါတ် ၁ သို့မဟုတ် ၂ ကစားသမား ဖြစ်လာလိမ့်မယ်လို့ ၎င်းက ဟောကိန်း ထုတ်လိုက်ပါတယ်။

ဘရာဇီးအသင်းဖော် ကော်တင်ညိုဟာ ဘိုင်ယန်မြူးနစ်အသင်းကို ချန်ပီယံလိဂ် စိန်ခေါ်နိုင်တဲ့အသင်း ဖြစ်အောင် ပြောင်းလဲ ပေးနိုင်လိမ့်မယ်လု့ိ စီးတီး ဂိုးသမား အီဒါဆန်က ထောက်ခံ ပြောဆိုလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ အခွင့် အရေး ဖန်တီးမှုတွေ အမြဲတမ်း ပြုလုပ်နိုင်တဲ့ ကြီးကြီးမားမား နည်းစနစ်အဆင့်အတန်း တစ်ခု ရှိနေပြီ ဖြစ်ကြောင်း အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးက ချီးကျူးခဲ့ပါတယ်။

မန်စီးတီး ကွင်းလယ်ကြယ်ပွင့် ဂွမ်ဒိုဂန်ဟာ အအေးမိ အဖျားရှိနေတာကြောင့် ဂျာမနီအသင်း လူစာရင်းကနေ နှုတ်ထွက်ခဲ့ရပြီး မြောက် အိုင်ယာလန်နဲ့ ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ လာမယ့် ဇန်နဝါရီအတွက် ဘင်ဖီကာအသင်းမှ အသက် ၂၀ အရွယ် ကွင်းလယ်ကစားသမား ဖလိုရန်တီနို လူးဝစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ခံစစ်မှာ ဒါဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့ မန်စီးတီးဟာ ကွင်းလယ်လူ ဖာနန်ဒင်ဟိုကို ဗဟိုခံစစ်မှာ ပြောင်းရွှေ့ကစားခိုင်းတော့မှာဖြစ်တာမို့ ကွင်းလယ်ဖြည့်ဆည်းဖို့ ပြင်ဆင်လာနေပြီး အဆိုပါ ပေါ်တူဂီ လူငယ် ကစားသမားကို ပစ်မှတ်ထားလာခဲ့တာပါ။

Myan News