ေကာ္တင္ဟို ဘုိင္ယန္ျမဴးနစ္ထံ ေျပာင္းေရႊ႕ျဖစ္ေအာင္ အၾကံေပးခဲ့သူက လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ျဖစ္တယ္လို႔ ဂ်ာမနီသတင္းဌာနေတြက ေဖာ္ျပခဲ့ျပီး ကေလာ့ပ္ကိုယ္တုိင္ကလည္း အဆိုပါ ေဖာ္ျပမႈေတြက မွန္ကန္ေၾကာင္း ဝန္ခံထားခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ရုပ္သံလြင့္ခအတြက္ အက်ိဳးခံစားမႈမွာ ပရီးမီးယားလိဂ္ကလပ္ေတြ အားလံုးနဲ႔ ဥေရာပကလပ္ေတြ အားလံုးထက္ သာလြန္တဲ့ အျမင့္ဆံုး ဝင္ေငြကို ပိုင္ဆုိင္သြားခဲ့ျပီျဖစ္ပါတယ္။ ရုပ္သံလြင့္ခ ေပါင္ သန္း ၁၅၀ ကို ေက်ာ္လြန္တဲ့ ကလပ္ႏွစ္သင္းဆိုလို႔ လီဗာပူးနဲ႔ မန္စီးတီးပဲ ရွိခဲ့တာျဖစ္ေပမယ့္ လီဗာပူးက ေပါင္ ၁၅၂ သန္းထိ ရခဲ့ကာ အမွတ္ေပးခ်န္ပီယံ မန္စီးတီးေတာင္မွ ေပါင္ ၁၅၁ သန္းပဲ ရခဲ့တာျဖစ္တယ္။

ဖာမင္ႏိုရဲ႕ သမီးငယ္ေလးဟာ လီဗာပူးျမိဳ႕က ေက်ာင္းမွာပဲ စတင္ကာ ပညာသင္ယူျပီျဖစ္ပါတယ္။ လြန္းခဲ့တဲ့ ေလးႏွစ္က လီဗာပူးျမိဳ႕ကို စေရာက္လာခဲ့တဲ့ ကေလးမေလးဟာ ပထမဆံုး ေက်ာင္းတက္တဲ့ပံုကို ဖာမင္ႏိုဇနီးက အင္စတာဂရမ္မွာ တင္ခ့ဲျပီး အခ်စ္ခံေနရပါတယ္။

ဆားဘီးယားကြင္းလယ္လူ ဂရုဂ်စ္ဟာ ဟာသာဘာလင္အသင္းမွာ ပြဲထြက္တစ္​ေနရာ အခိုင္အမာ ရခဲ့ပါတယ္။ စြမ္းေဆာင္ရည္ေကာင္းေနတဲ့ ဂ်ာမနီကလပ္မွာ ဂ႐ူဂ်စ္က စြမ္းေဆာင္ရည္ အျမင့္ဆုံး ကစားသမား တစ္ေယာက္ ျဖစ္ေနပါတယ္။

ၾသဂုတ္လအတြက္ အေကာင္းဆံုး သြင္းဂိုးဆုကိုေတာ့ ဘုန္းေမာက္အသင္းကို အငွားထြက္ကစားေနတဲ့ လီဗာပူးကစားသမား ဝဲလ္ဆန္ရဲ႕ မန္စီးတီးဘက္ကို သြင္းယူခဲ့တဲ့ ဖရီးကစ္ဂိုးက ရရွိခဲ့တယ္လို႔ သိရပါတယ္။

စေကာ့တလန္အသင္းမွာ ေဝဖန္မႈေတြကို ပိုင္ဆိုင္ေနတဲ့ ဘယ္အစြန္လူ ေရာ္ဘတ္ဆန္က ေဝဖန္မႈေတြကို သူရင္ဆုိင္သြားမွာျဖစ္ျပီး အေကာင္းဆံုး မကစားႏုိင္ျခင္းေတြ ရွိခဲ့ေပမယ့္ ၾကိဳးစားသြာမွာျဖစ္ကာ အသင္းေခါင္းေဆာင္တာဝန္နဲ႔ ဖိအားေတြကို ေက်ာ္လြန္သြားမယ္လို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

FIFA 20 ရဲ႕ ပထမဆံုး ေၾကညာမယ့္ အမွတ္အျမင့္ဆံုး ကစားသမား ၁၀၀ ထဲက ထိပ္ဆံုး ၂၀ ဦးစာရင္းမွာ လီဗာပူးအသင္းသားေတြျဖစ္တဲ့ ဆာလက္၊ ဗန္ဒိုက္၊ အယ္လီဆန္နဲ႔ မာေနးတို႔က ထိပ္တန္းေနရာေတြက ပါဝင္လာမယ္လို႔ သတင္းေတြ ထြက္ေနပါတယ္။

ဂ်ာမနီကလပ္ စတုဂတ္အသင္းထံ အငွားထြက္ကစားေနတဲ့ လီဗာပူးလူငယ္ခံစစ္မွဴး ေနးဖိလစ္ဟာ အစေကာင္းမႈေတြ ပိုင္ဆုိင္ေနတယ္လို႔ သိရပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္ ကစားသမားဟာ ပြဲကစားခြင့္အရ လီဗာပူးကို စြန္႔ခြာျပီး နယ္ေျမသစ္မွာ က်င္လယ္ေနရာတာပဲျဖစ္ပါတယ္။

UNICODE

ကော်တင်ဟို ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ဖြစ်အောင် အကြံပေးခဲ့သူက လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဖြစ်တယ်လို့ ဂျာမနီသတင်းဌာနတွေက ဖော်ပြခဲ့ပြီး ကလော့ပ်ကိုယ်တိုင်ကလည်း အဆိုပါ ဖော်ပြမှုတွေက မှန်ကန်ကြောင်း ဝန်ခံထားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ရုပ်သံလွင့်ခအတွက် အကျိုးခံစားမှုမှာ ပရီးမီးယားလိဂ်ကလပ်တွေ အားလုံးနဲ့ ဥရောပကလပ်တွေ အားလုံးထက် သာလွန်တဲ့ အမြင့်ဆုံး ဝင်ငွေကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ ရုပ်သံလွင့်ခ ပေါင် သန်း ၁၅၀ ကို ကျော်လွန်တဲ့ ကလပ်နှစ်သင်းဆိုလို့ လီဗာပူးနဲ့ မန်စီးတီးပဲ ရှိခဲ့တာဖြစ်ပေမယ့် လီဗာပူးက ပေါင် ၁၅၂ သန်းထိ ရခဲ့ကာ အမှတ်ပေးချန်ပီယံ မန်စီးတီးတောင်မှ ပေါင် ၁၅၁ သန်းပဲ ရခဲ့တာဖြစ်တယ်။

ဖာမင်နိုရဲ့ သမီးငယ်လေးဟာ လီဗာပူးမြို့က ကျောင်းမှာပဲ စတင်ကာ ပညာသင်ယူပြီဖြစ်ပါတယ်။ လွန်းခဲ့တဲ့ လေးနှစ်က လီဗာပူးမြို့ကို စရောက်လာခဲ့တဲ့ ကလေးမလေးဟာ ပထမဆုံး ကျောင်းတက်တဲ့ပုံကို ဖာမင်နိုဇနီးက အင်စတာဂရမ်မှာ တင်ခဲ့ပြီး အချစ်ခံနေရပါတယ်။

ဆားဘီးယားကွင်းလယ်လူ ဂရုဂျစ်ဟာ ဟာသာဘာလင်အသင်းမှာ ပွဲထွက်တစ်နေရာ အခိုင်အမာ ရခဲ့ပါတယ်။ စွမ်းဆောင်ရည်ကောင်းနေတဲ့ ဂျာမနီကလပ်မှာ ဂရူဂျစ်က စွမ်းဆောင်ရည် အမြင့်ဆုံး ကစားသမား တစ်ယောက် ဖြစ်နေပါတယ်။

သြဂုတ်လအတွက် အကောင်းဆုံး သွင်းဂိုးဆုကိုတော့ ဘုန်းမောက်အသင်းကို အငှားထွက်ကစားနေတဲ့ လီဗာပူးကစားသမား ဝဲလ်ဆန်ရဲ့ မန်စီးတီးဘက်ကို သွင်းယူခဲ့တဲ့ ဖရီးကစ်ဂိုးက ရရှိခဲ့တယ်လို့ သိရပါတယ်။

စကော့တလန်အသင်းမှာ ဝေဖန်မှုတွေကို ပိုင်ဆိုင်နေတဲ့ ဘယ်အစွန်လူ ရော်ဘတ်ဆန်က ဝေဖန်မှုတွေကို သူရင်ဆိုင်သွားမှာဖြစ်ပြီး အကောင်းဆုံး မကစားနိုင်ခြင်းတွေ ရှိခဲ့ပေမယ့် ကြိုးစားသွာမှာဖြစ်ကာ အသင်းခေါင်းဆောင်တာဝန်နဲ့ ဖိအားတွေကို ကျော်လွန်သွားမယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

FIFA 20 ရဲ့ ပထမဆုံး ကြေညာမယ့် အမှတ်အမြင့်ဆုံး ကစားသမား ၁၀၀ ထဲက ထိပ်ဆုံး ၂၀ ဦးစာရင်းမှာ လီဗာပူးအသင်းသားတွေဖြစ်တဲ့ ဆာလက်၊ ဗန်ဒိုက်၊ အယ်လီဆန်နဲ့ မာနေးတို့က ထိပ်တန်းနေရာတွေက ပါဝင်လာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဂျာမနီကလပ် စတုဂတ်အသင်းထံ အငှားထွက်ကစားနေတဲ့ လီဗာပူးလူငယ်ခံစစ်မှူး နေးဖိလစ်ဟာ အစကောင်းမှုတွေ ပိုင်ဆိုင်နေတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ပွဲကစားခွင့်အရ လီဗာပူးကို စွန့်ခွာပြီး နယ်မြေသစ်မှာ ကျင်လယ်နေရာတာပဲဖြစ်ပါတယ်။