ZAWGYI – အာဆင္နယ္ အသင္း ေခါင္းေဆာင္ ဇာခါရဲ႕ ဇနီးျဖစ္သူက ေအာက္တိုဘာလလယ္မွာ ရင္ေသြးဖြားျမင္ဖို႔ ရွိတာေၾကာင့္ ဇာခါဟာ ျပဳစုေစာင့္ေရွာက္ဖို႔ ထိုရက္ပိုင္းမွာ အသင္းကေန အနားယူဖြယ္ ရွိပါတယ္။

ဇာခါက ဇနီးျဖစ္သူ လီယိုနီတာနဲ႔ ၂၀၁၇ ဇူလိုင္လမွာ လက္ထပ္ခဲ့တာ ျဖစ္ျပီး ယခု ရင္ေသြးက ၄င္းတို႔နွစ္ဦးရဲ႕ ပထမဆံုး သားဦး ျဖစ္ပါတယ္။

ဘာစီလိုနာ ခံစစ္မွဴး အမ္တီတီဟာ အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕ဖြယ္ရွိေၾကာင္း သတင္းထြက္ခဲ့ေပမယ့္ ကစားသမားဘက္ကေတာ့ ထိုသတင္းကို ျငင္းပယ္သြားခဲ့ပါတယ္။

” က်ေနာ့္ကို အာဆင္နယ္အသင္းဘက္က ဆက္သြယ္မႈ မရွိခဲ့ပါဘူး။ အေျပာင္းအေရႊ႕နဲ႕ ပတ္သတ္ျပီး ဘာမွ မသိရေသးဘူးလို႔လည္း က်ေနာ့္ ေအးဂ်င့္က ေျပာတယ္။ ဒါေၾကာင့္ ဒီသတင္းက ေကာလဟာလသက္သက္ပဲ ျဖစ္မွာပါ။” လို႔ အမ္တီတီက ဆိုခဲ့ပါတယ္။

အာဆင္နယ္အသင္း ပရိသတ္ေတြက ေျခစြမ္းျပေနတဲ့ အသင္းတိုက္စစ္မွဴး လာကာဇက္တီကို ျပင္သစ္လက္ေရြးစင္ အသင္းမွာ နွစ္ကာလၾကာ မေရြးခ်ယ္ဘဲ ေနခဲ့သလို ဂြမ္ဒူဇီကိုလည္း လက္ေရြးစင္အသင္းမွာ ကစားဖို႔ အခြင့္အေရး မေပးတဲ့ ျပင္သစ္နည္းျပ ဒပ္ခ်မ့္ရဲ႕ လုပ္ရပ္အေပၚ အမ်က္ထြက္ေနၾကပါတယ္။

လစ္ခ်င္စတိန္းအသင္းကို ယူရိုေျခစစ္ပြဲမွာ သေရက်ခဲ့တဲ့ ဂရိအသင္းမွ ဆိုကေရးတစ္ရဲ႕ ေျခစြမ္းကို အာဆင္နယ္ ပရိသတ္ေတြက စိတ္ပ်က္ေနၾကပါတယ္။ ထိုပြဲမွာ ေပးလိုက္ရတဲ့ ေခ်ပဂိုးက ဆိုကေရးတစ္ အမွားလည္း ပါ၀င္ခဲ့ပါတယ္။

အာဆင္နယ္ တုိက္စစ္မွဴး အူဘာမီယန္းဟာ အိမ္ကြင္းမွာ ၇ ပြဲဆက္တုိက္ ဂိုးသြင္းယူထားျပီး အာဆင္နယ္ ဂႏၱ၀င္တိုက္စစ္မွဴးၾကီး အြန္နရီ တင္ထားခဲ့တဲ့ အိမ္ကြင္းဟိုက္ဘူရီမွာ ၉ပြဲဆက္ ဂိုးသြင္းတဲ့ စံခ်ိန္ကို မွီဖို႔ နီးစပ္လာျပီ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ လာမယ့္ အိမ္ကြင္းပြဲစဥ္မ်ားကေတာ့ စက္တင္ဘာ ၂၂ မွာ အက္စတြန္ဗီလာ၊ ေအာက္တိုဘာ ၆ မွာ ဘုန္းေမာက္၊ ေအာက္တိုဘာ ၂၇ မွာေတာ့ ပဲေလ့စ္နဲ႕ ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။

အာဆင္နယ္ နည္းျပေဟာင္းၾကီး အာဆင္၀င္းဂါးက တခ်ိန္မွာ သူ႔ရဲ႕ ကိုယ္ေရး အထုပၸတၱိ စာအုပ္ တစ္အုပ္ ေရးသားျပီး ၾကံဳေတြ႔ခဲ့ရတဲ့ အေတြ႔အၾကံဳ အသိအျမင္ေတြကို မွ်ေ၀ေပးသြားမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

Myan News

UNICODE – အာဆင်နယ် အသင်း ခေါင်းဆောင် ဇာခါရဲ့ ဇနီးဖြစ်သူက အောက်တိုဘာလလယ်မှာ ရင်သွေးဖွားမြင်ဖို့ ရှိတာကြောင့် ဇာခါဟာ ပြုစုစောင့်ရှောက်ဖို့ ထိုရက်ပိုင်းမှာ အသင်းကနေ အနားယူဖွယ် ရှိပါတယ်။

ဇာခါက ဇနီးဖြစ်သူ လီယိုနီတာနဲ့ ၂၀၁၇ ဇူလိုင်လမှာ လက်ထပ်ခဲ့တာ ဖြစ်ပြီး ယခု ရင်သွေးက ၎င်းတို့နှစ်ဦးရဲ့ ပထမဆုံး သားဦး ဖြစ်ပါတယ်။

ဘာစီလိုနာ ခံစစ်မှူး အမ်တီတီဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းထွက်ခဲ့ပေမယ့် ကစားသမားဘက်ကတော့ ထိုသတင်းကို ငြင်းပယ်သွားခဲ့ပါတယ်။

” ကျနော့်ကို အာဆင်နယ်အသင်းဘက်က ဆက်သွယ်မှု မရှိခဲ့ပါဘူး။ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဘာမှ မသိရသေးဘူးလို့လည်း ကျနော့် အေးဂျင့်က ပြောတယ်။ ဒါကြောင့် ဒီသတင်းက ကောလဟာလသက်သက်ပဲ ဖြစ်မှာပါ။” လို့ အမ်တီတီက ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်း ပရိသတ်တွေက ခြေစွမ်းပြနေတဲ့ အသင်းတိုက်စစ်မှူး လာကာဇက်တီကို ပြင်သစ်လက်ရွေးစင် အသင်းမှာ နှစ်ကာလကြာ မရွေးချယ်ဘဲ နေခဲ့သလို ဂွမ်ဒူဇီကိုလည်း လက်ရွေးစင်အသင်းမှာ ကစားဖို့ အခွင့်အရေး မပေးတဲ့ ပြင်သစ်နည်းပြ ဒပ်ချမ့်ရဲ့ လုပ်ရပ်အပေါ် အမျက်ထွက်နေကြပါတယ်။

လစ်ချင်စတိန်းအသင်းကို ယူရိုခြေစစ်ပွဲမှာ သရေကျခဲ့တဲ့ ဂရိအသင်းမှ ဆိုကရေးတစ်ရဲ့ ခြေစွမ်းကို အာဆင်နယ် ပရိသတ်တွေက စိတ်ပျက်နေကြပါတယ်။ ထိုပွဲမှာ ပေးလိုက်ရတဲ့ ချေပဂိုးက ဆိုကရေးတစ် အမှားလည်း ပါဝင်ခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်းဟာ အိမ်ကွင်းမှာ ၇ ပွဲဆက်တိုက် ဂိုးသွင်းယူထားပြီး အာဆင်နယ် ဂန္တဝင်တိုက်စစ်မှူးကြီး အွန်နရီ တင်ထားခဲ့တဲ့ အိမ်ကွင်းဟိုက်ဘူရီမှာ ၉ပွဲဆက် ဂိုးသွင်းတဲ့ စံချိန်ကို မှီဖို့ နီးစပ်လာပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ လာမယ့် အိမ်ကွင်းပွဲစဉ်များကတော့ စက်တင်ဘာ ၂၂ မှာ အက်စတွန်ဗီလာ၊ အောက်တိုဘာ ၆ မှာ ဘုန်းမောက်၊ အောက်တိုဘာ ၂၇ မှာတော့ ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အာဆင်နယ် နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက တချိန်မှာ သူ့ရဲ့ ကိုယ်ရေး အထုပ္ပတ္တိ စာအုပ် တစ်အုပ် ရေးသားပြီး ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံ အသိအမြင်တွေကို မျှဝေပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

Myan News