ခ်ယ္ဆီးလူငယ္ကစားသမား ေမဆန္ေမာင့္ဟာ ဒီလထဲမွာ အဂၤလန္လက္ေရြးစင္အသင္း အတြက္ ေရြးခ်ယ္ခံခဲ့ရျပီး ဘူလ္ေဂးရီးယားနဲ႕ ပြဲမွာ စတင္ ကစားခြင့္ရေပမယ့္ ထိုပြဲက ေဘာလံုးပြဲ တစ္ပြဲမွ်သာ ျဖစ္ကာ စိတ္လႈပ္ရွားေနတာမ်ိဳး မရွိခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ လာမယ့္ ဇန္န၀ါရီမွာ ကစားသမားေခၚယူမႈေတြ ျပန္လည္ ျပဳလုပ္နုိင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနျပီး ေအးဂ်င့္ေတြကို ဆက္သြယ္ ခ်ိတ္ဆက္မႈေတြ စတင္ထားေၾကာင္း သိရပါတယ္။ ခ်ယ္ဆီးအသင္းဟာ အေျပာင္းအေရႊ႕ ေစ်းကြက္ နွစ္ခုစာ ပိတ္ပင္ခံထားရတာ ျဖစ္ျပီး ပထမတစ္ခုသာ ျပီးဆံုးထားတာ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့လက လီဂူး၀မ္းကလပ္ နိုက္စ္ကို ေပါင္ ၈၈.၇၇ သန္းနဲ႕ ၀ယ္ယူခဲ့တဲ့ INEOS Football စီအီးအို ျဖစ္သူက ၄င္းတို႔ဟာ ခ်ယ္ဆီး အသင္းနဲ႕ နယူးကာဆယ္အသင္းကိုလည္း ၀ယ္ယူဖို႔ စဥ္းစားခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

လာမယ့္ဇန္နဝါရီလမွာ ခ်ယ္ဆီးအသင္း ကစားသမားသစ္ေခၚယူခြင့္ရခဲ့ရင္ ပဲေလစ့္မွ ဇာဟာ၊ ဘင္ဖီကာခံစစ္သမား ဒီယက္ ပီအက္ဂ်ီမွ ေသာမတ္မူနီယာတို႔လို ကစားသမားေတြကို ေခၚယူဖြယ္ရွိေၾကာင္း သတင္းေတြ ထြက္ေနပါတယ္။

ခ်ယ္ဆီးအသင္းအတြက္ ျပသနာတစ္ရပ္ကေတာ့ ႏုိင္ငံတကာ သီတင္းပတ္အတြင္း အီတလီနဲ႔ ဖင္လန္တို႔ ယွဥ္ျပိဳင္ကစားတဲ့ပြဲ ပြဲခ်ိန္ ၇ မိနစ္မွာတင္ အစြန္လူ အီမာဆန္ဟာ ဒဏ္ရာေၾကာင့္ ကြင္းထဲက ထြက္ခြာခဲ့ရျခင္းပဲျဖစ္ပါတယ္။ အေသးစိတ္ ဒဏ္ရာအေျခအေနေတြ ထြက္ေပၚမလာေသးေပမယ့္ ခ်ယ္ဆီးအတြက္ေတာ့ သတင္းဆိုး ျဖစ္လာခဲ့ပါတယ္။

ခ်ယ္ဆီးကလပ္ရဲ႕ ကင္းေထာက္ေတြဟာ စီးရီးေအကလပ္ တိုရီႏိုအသင္းမွ ဗဟိုခံစစ္သမား Kevin Bonifazi ကို ကင္းေထာက္ေစာင့္ၾကည့္မႈေတြ လုပ္ေနေၾကာင္း ခ်ယ္ဆီးသတင္းေထာက္ေတြက ေဖာ္ထုတ္ႏုိင္ခဲ့ၾကပါတယ္။

UNICODE

ချယ်ဆီးလူငယ်ကစားသမား မေဆန်မောင့်ဟာ ဒီလထဲမှာ အင်္ဂလန်လက်ရွေးစင်အသင်း အတွက် ရွေးချယ်ခံခဲ့ရပြီး ဘူလ်ဂေးရီးယားနဲ့ ပွဲမှာ စတင် ကစားခွင့်ရပေမယ့် ထိုပွဲက ဘောလုံးပွဲ တစ်ပွဲမျှသာ ဖြစ်ကာ စိတ်လှုပ်ရှားနေတာမျိုး မရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ လာမယ့် ဇန်နဝါရီမှာ ကစားသမားခေါ်ယူမှုတွေ ပြန်လည် ပြုလုပ်နိုင်ဖို့ မျှော်လင့်ချက်ရှိနေပြီး အေးဂျင့်တွေကို ဆက်သွယ် ချိတ်ဆက်မှုတွေ စတင်ထားကြောင်း သိရပါတယ်။ ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ဈေးကွက် နှစ်ခုစာ ပိတ်ပင်ခံထားရတာ ဖြစ်ပြီး ပထမတစ်ခုသာ ပြီးဆုံးထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက လီဂူးဝမ်းကလပ် နိုက်စ်ကို ပေါင် ၈၈.၇၇ သန်းနဲ့ ဝယ်ယူခဲ့တဲ့ INEOS Football စီအီးအို ဖြစ်သူက ၎င်းတို့ဟာ ချယ်ဆီး အသင်းနဲ့ နယူးကာဆယ်အသင်းကိုလည်း ဝယ်ယူဖို့ စဉ်းစားခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လာမယ့်ဇန်နဝါရီလမှာ ချယ်ဆီးအသင်း ကစားသမားသစ်ခေါ်ယူခွင့်ရခဲ့ရင် ပဲလေစ့်မှ ဇာဟာ၊ ဘင်ဖီကာခံစစ်သမား ဒီယက် ပီအက်ဂျီမှ သောမတ်မူနီယာတို့လို ကစားသမားတွေကို ခေါ်ယူဖွယ်ရှိကြောင်း သတင်းတွေ ထွက်နေပါတယ်။

ချယ်ဆီးအသင်းအတွက် ပြသနာတစ်ရပ်ကတော့ နိုင်ငံတကာ သီတင်းပတ်အတွင်း အီတလီနဲ့ ဖင်လန်တို့ ယှဉ်ပြိုင်ကစားတဲ့ပွဲ ပွဲချိန် ၇ မိနစ်မှာတင် အစွန်လူ အီမာဆန်ဟာ ဒဏ်ရာကြောင့် ကွင်းထဲက ထွက်ခွာခဲ့ရခြင်းပဲဖြစ်ပါတယ်။ အသေးစိတ် ဒဏ်ရာအခြေအနေတွေ ထွက်ပေါ်မလာသေးပေမယ့် ချယ်ဆီးအတွက်တော့ သတင်းဆိုး ဖြစ်လာခဲ့ပါတယ်။

ချယ်ဆီးကလပ်ရဲ့ ကင်းထောက်တွေဟာ စီးရီးအေကလပ် တိုရီနိုအသင်းမှ ဗဟိုခံစစ်သမား Kevin Bonifazi ကို ကင်းထောက်စောင့်ကြည့်မှုတွေ လုပ်နေကြောင်း ချယ်ဆီးသတင်းထောက်တွေက ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။