ZAWGYI – မန္ယူနဲ႕ မန္စီးတီး မန္ခ်က္စတာ အေျခစိုုက္ကလပ္အသင္း နွစ္သင္းဟာ ဘင္ဖီကာ ခံစစ္မွဴး ရူဘန္ဒိုင္ယာ့ဇ္ကို ဇန္နါ၀ါရီမွာ ေခၚဖို႔ ပစ္မွတ္ထားေနပါတယ္။ ကစားသမားရဲ႕ လက္ရွိ စာခ်ဳပ္ ဖ်က္သိမ္းေၾကးက ယူရို ၆၆ သန္း ရွိျပီး ယူရို ၈၈ သန္းထိ ျမင့္တက္သြားနုိင္ပါတယ္။

စပိန္သား ဂိုးသမား ဒီဂီယာဟာ မန္ယူ အသင္းနဲ႕ သက္တမ္းတိုးစာခ်ဳပ္ လက္မွတ္ေရးထိုးဖို႔ အလြန္ နီးစပ္လာခဲ့ျပီလို႔ ဂါးဒီးယန္းသတင္းစာက ေဖာ္ျပလာပါတယ္။ ဒီဂီယာဟာ တစ္ပတ္ လုပ္ခ ေပါင္ ၂၉၀၀၀၀ နဲ႕ ကမ္းလွမ္းမႈကို သေဘာတူလိမ့္မယ္လို႔ မန္ယူ ဘက္က ယံုၾကည္မႈ ရွိေနတာပါ။

ရာသီကုန္ရင္ မန္ယူနဲ႕ စာခ်ဳပ္ကုန္ဆံုးေတာ့မွာ ျဖစ္တဲ့ ကြင္းလယ္ကစားသမား မာတစ္ကို ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ေခၚယူဖို႔ အင္တာမီလန္က စိတ္၀င္စားေနျပီး ဇန္န၀ါရီမွာ အၾကိဳသေဘာတူညီမႈ ရယူထားရန္ ျပင္ဆင္ေနပါတယ္။

ဘရာဇီးသား တိုက္စစ္သမား ေဒါက္ဂလပ္ ေကာ္စတာကို ဒီေႏြမွာ ေခၚယူလိုခဲ့တဲ့ အသင္းေတြထဲ မန္ယူ လည္း ပါ၀င္ခဲ့ျပီး ဂ်ဴဗင္တပ္ နည္းျပ ဆာရီေၾကာင့္သာ ေကာ္စတာ အသင္းမေျပာင္းျဖစ္ခဲ့ေၾကာင္း ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူက ထုတ္ေဖာ္ ေျပာၾကားလာခဲ့ပါတယ္။

မန္ယူခံစစ္မွဴး ဒါေလာ့ဟာ ရွန္ဟိုင္းမွာ ဆယ္ရက္တာမွ် တင္ပါးဆုံဒဏ္ရာ ကုသရန္သြားေရာက္ခဲ့ၿပီး တ႐ုတ္စူပါလိဂ္ကလပ္ SIPG မွ အ႐ိုးအေၾကာအထူးကု ဆရာနဲ႕ ကုသမႈ ခံယူတာ ျပီးဆံုးခဲ့ျပီ ျဖစ္ပါတယ္။

ဘယ္ဂ်ီယံနည္းျပ မာတီနက္ဇ္က တိုက္စစ္မွဴး လူကာကူကို လြတ္လြပ္လပ္လပ္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျမင္ရတာဟာ ပထမဆုံးအႀကိမ္ ျဖစ္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။ လူကာကူဟာ မန္ယူကေန အင္တာမီလန္သို႔ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၈၀ နဲ႕ ဒီေႏြမွာ ေျပာင္းေရႊ႕သြားခဲ့တာပါ။

လက္စတာစီးတီးနဲ႔ ရင္ဆိုင္ရမယ့္ ပရီးမီးယားလိဂ္ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အဓိက ကစားသမား ၃ ဦး အထိ လြဲေခ်ာ္ရမယ့္ အေနအထားမွာ ရွိေနပါတယ္။

ထိုသံုးဦးကေတာ့ တံေကာက္ေၾကာ ဒဏ္ရာ ရွိေနတဲ့ လုခ္ေရွာ၊ အဂၤလန္အသင္းကေန ေနာက္ေက်ာဒဏ္ရာနဲ႕ ျပန္လာတဲ့ ဘစ္ဆာကာ၊ ျပင္သစ္အသင္းနဲ႕ အတူ ရွိစဥ္ ဒဏ္ရာရွိထားတဲ့ ေပါ့ဘာတို႔ ျဖစ္ပါတယ္။

မန္ယူ ခံစစ္မႈး အဲရစ္ ဘုိင္လီဟာ ဒဏ္ရာကေန ေမွ်ာ္မွန္းထားတာထက္ ပိုေစာျပီး ျပန္ကစားနိုင္ဖို႔ ပစ္မွတ္ထားေနကာ ႏို၀င္ဘာလထဲမွာ အသင္းနဲ႔ ျပန္လည္ ေလ့က်င့္ဖို႔ ရည္ရြယ္ထားတယ္လို႔ သိရပါတယ္။

မန္ယူကေန အင္တာမီလန္သို႔ အငွားထြက္ကစားေနတဲ့ တုိက္စစ္မႈး အလက္ဆစ္ ဆန္းခ်က္ကေတာ့ မန္ခ်က္စတာအသင္းထံ ျပန္သြားဖို႔ စိတ္ကူး မရွိဘဲ အင္တာမွာပဲ ဆက္လက္ ေနသြားဖို႔ ရည္ရြယ္ေနပါတယ္။

Myan News

UNICODE – မန်ယူနဲ့ မန်စီးတီး မန်ချက်စတာ အခြေစိုက်ကလပ်အသင်း နှစ်သင်းဟာ ဘင်ဖီကာ ခံစစ်မှူး ရူဘန်ဒိုင်ယာ့ဇ်ကို ဇန်နါဝါရီမှာ ခေါ်ဖို့ ပစ်မှတ်ထားနေပါတယ်။ ကစားသမားရဲ့ လက်ရှိ စာချုပ် ဖျက်သိမ်းကြေးက ယူရို ၆၆ သန်း ရှိပြီး ယူရို ၈၈ သန်းထိ မြင့်တက်သွားနိုင်ပါတယ်။

စပိန်သား ဂိုးသမား ဒီဂီယာဟာ မန်ယူ အသင်းနဲ့ သက်တမ်းတိုးစာချုပ် လက်မှတ်ရေးထိုးဖို့ အလွန် နီးစပ်လာခဲ့ပြီလို့ ဂါးဒီးယန်းသတင်းစာက ဖော်ပြလာပါတယ်။ ဒီဂီယာဟာ တစ်ပတ် လုပ်ခ ပေါင် ၂၉၀၀၀၀ နဲ့ ကမ်းလှမ်းမှုကို သဘောတူလိမ့်မယ်လို့ မန်ယူ ဘက်က ယုံကြည်မှု ရှိနေတာပါ။

ရာသီကုန်ရင် မန်ယူနဲ့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်တဲ့ ကွင်းလယ်ကစားသမား မာတစ်ကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူဖို့ အင်တာမီလန်က စိတ်ဝင်စားနေပြီး ဇန်နဝါရီမှာ အကြိုသဘောတူညီမှု ရယူထားရန် ပြင်ဆင်နေပါတယ်။

ဘရာဇီးသား တိုက်စစ်သမား ဒေါက်ဂလပ် ကော်စတာကို ဒီနွေမှာ ခေါ်ယူလိုခဲ့တဲ့ အသင်းတွေထဲ မန်ယူ လည်း ပါဝင်ခဲ့ပြီး ဂျူဗင်တပ် နည်းပြ ဆာရီကြောင့်သာ ကော်စတာ အသင်းမပြောင်းဖြစ်ခဲ့ကြောင်း ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

မန်ယူခံစစ်မှူး ဒါလော့ဟာ ရှန်ဟိုင်းမှာ ဆယ်ရက်တာမျှ တင်ပါးဆုံဒဏ်ရာ ကုသရန်သွားရောက်ခဲ့ပြီး တရုတ်စူပါလိဂ်ကလပ် SIPG မှ အရိုးအကြောအထူးကု ဆရာနဲ့ ကုသမှု ခံယူတာ ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။

ဘယ်ဂျီယံနည်းပြ မာတီနက်ဇ်က တိုက်စစ်မှူး လူကာကူကို လွတ်လွပ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် မြင်ရတာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ လူကာကူဟာ မန်ယူကနေ အင်တာမီလန်သို့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ ဒီနွေမှာ ပြောင်းရွှေ့သွားခဲ့တာပါ။

လက်စတာစီးတီးနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမား ၃ ဦး အထိ လွဲချော်ရမယ့် အနေအထားမှာ ရှိနေပါတယ်။

ထိုသုံးဦးကတော့ တံကောက်ကြော ဒဏ်ရာ ရှိနေတဲ့ လုခ်ရှော၊ အင်္ဂလန်အသင်းကနေ နောက်ကျောဒဏ်ရာနဲ့ ပြန်လာတဲ့ ဘစ်ဆာကာ၊ ပြင်သစ်အသင်းနဲ့ အတူ ရှိစဉ် ဒဏ်ရာရှိထားတဲ့ ပေါ့ဘာတို့ ဖြစ်ပါတယ်။

မန်ယူ ခံစစ်မှုး အဲရစ် ဘိုင်လီဟာ ဒဏ်ရာကနေ မျှော်မှန်းထားတာထက် ပိုစောပြီး ပြန်ကစားနိုင်ဖို့ ပစ်မှတ်ထားနေကာ နိုဝင်ဘာလထဲမှာ အသင်းနဲ့ ပြန်လည် လေ့ကျင့်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

မန်ယူကနေ အင်တာမီလန်သို့ အငှားထွက်ကစားနေတဲ့ တိုက်စစ်မှုး အလက်ဆစ် ဆန်းချက်ကတော့ မန်ချက်စတာအသင်းထံ ပြန်သွားဖို့ စိတ်ကူး မရှိဘဲ အင်တာမှာပဲ ဆက်လက် နေသွားဖို့ ရည်ရွယ်နေပါတယ်။

Myan News