ရီးရဲလ္မက္ဒရစ္ဟာ လီဗာပူးရဲ႕ ၾကယ္ပြင့္ကစားသမား ဗန္ဒိုက္ကို ေခၚယူဖို႔ ၾကိဳးစားလိုေနတယ္လို႔ သိရျပီး အေျပာင္းအေရႊ႕ ျဖစ္နုိင္ဖို႔လည္း ခက္ခဲမယ္ဆိုတာ လာလီဂါကလပ္က သေဘာေပါက္ထားေၾကာင္း သတင္းမ်ားမွာ ပါရွိလာပါတယ္။ ဗန္ဒိုက္ဟာ ဥေရာပ တစ္နွစ္တာ အေကာင္းဆံုးဆုကို ရရွိထားျပီး ဘလြန္းဒီေအာ ဆုအတြက္ပါ ေရပန္းစားေနသူပါ။

ယာဂင္ကေလာ့ပ္နဲ႕ လီဗာပူးအသင္းဟာ ျပီးခဲ့တဲ့နွစ္က လက္ပစ္ေဘာနည္းျပ ေခၚယူခဲ့တာ အတြက္ ေလွာင္ေျပာင္ေ၀ဖန္မႈမ်ား ခံခဲ့ရေပမယ့္ နည္းျပ ေသာမတ္စ္ဂရြန္နီမတ္က ၄င္းကို ေခၚယူဖို႔ အျခား ပရီးမီးယားလိဂ္ ကလပ္ ၄သင္းကလည္း စိတ္၀င္စားခဲ့ေၾကာင္း လတ္တေလာ အင္တာဗ်ဴးမွာ ေျဖၾကားခဲ့ပါတယ္။

ယူနိုက္တက္ ကစားသမားေဟာင္း ဗီဒစ္က ၄င္းကစားသမားဘ၀ အခက္ခဲဆံုးျပိဳင္ဘက္ ေလးဦးကို ထုတ္ေဖာ္ေျပာၾကားခဲ့ရာ လီဗာပူး ကစားသမား နွစ္ဦး ပါ၀င္ေနပါတယ္။ ထိုနွစ္ဦးကေတာ့ ဖာနန္ဒို ေတာရက္စ္နဲ႕ ပီတာခေရာ့ခ်္တို႔ ျဖစ္ပါတယ္။

စေကာ့တလန္ အသင္းဟာ မေန႔ညက ယွဥ္ျပိဳင္ ကစားခဲ့တဲ့ ပြဲစဥ္မွာလဲ ဘယ္လ္ဂ်ီယံ အသင္းကို အိမ္ကြင္းမွာ 0-4 ဂိုးျပတ္ ရႈံးနိမ့္ခဲ့ရျပန္ျပီ ျဖစ္ျပီး အသင္းေခါင္းေဆာင္ ေရာ္ဘတ္ဆန္ကေတာ့ ဖိအားေတြ ပိုမ်ားလာခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးတိုက္စစ္မွဴးေဟာင္း ေရာ္ဘီေဖာင္လာကေတာ့ ဆာလက္ အေနနဲ႔ တကိုယ္ေကာင္းဆန္မႈကို ဆက္လက္ထိန္းသိမ္းထားသင့္ၿပီး သြင္းဂိုးေတြ ပိုမိုရရွိဖို႔ ႀကိဳးစားသင့္တယ္လို႔ အႀကံျပဳခဲ့ပါတယ္။

ယူအီးအက္ဖ္ေအက လက္ရွိ က်င္းပလွ်က္ ရွိတဲ့ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲကို 8 သင္း 4 အုပ္စု အျဖစ္ ေျပာင္းလဲျပီး ၾကားရက္အစား စေန၊ တနဂၤေႏြေန႔ေတြမွာ ေျပာင္းလဲကစားမယ့္ အစီအစဥ္က ေထာက္ခံမႈနည္းပါးလို႔ ျဖစ္လာႏိုင္ေခ် နည္းပါးလွ်က္ ရွိပါတယ္။

လီဗာပူးကစားသမားေတြျဖစ္တဲ့ မီလ္နာနဲ႔ မာတစ္ဟာ ဒီအပတ္အေစာမွာပဲ ကလပ္အသင္းနဲ႔ ျပန္လည္ပူးေပါင္းပါမယ္။ သူတို႔ႏွစ္ဦးလံုးဟာ လက္ေရြးစင္ကစားသမားအျဖစ္ေတြကေန အနားယူထားၾကတာပဲျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ #FIFARatings အျမင့္ဆံုး ၁၁ ဦးစာရင္းမွာ သတင္းထြက္ထားတဲ့အတိုင္းပဲ လီဗာပူးအသင္းသား ေလးဦးပါဝင္လာပါတယ္။

လီဗာပူးဂိုးသမား အယ္လီဆန္ဟာ ယူႏုိက္တက္ဂိုးသမား ဒီဂီယာနဲ႔ အျပိဳင္ လိဂ္ရဲ႕ အေကာင္းဆံုး ဂိုးသမားအျဖစ္ ဖီဖာ ၂၀ မွာ ပူးတြဲရပ္တည္ေနပါတယ္။ ဒါေပမယ့္လို႔ ထိပ္ဆံုး ၂၀ စာရင္းမွာေတာ့ ဒီဂီယာ မပါခဲ့ပဲ အယ္လီဆန္ပဲ ပါဝင္ခဲ့တာေၾကာင့့္ ပွ်မ္းမွ် အမွတ္ေတြမွာ ပိုမ်ားမယ္လို႔ ခန္႔မွန္းရပါတယ္။

လီဗာပူးအသင္းဟာ အန္ဖီးကြင္းကို ေနာက္ထပ္ တိုးခ်ဲ႔တည္ေဆာက္မႈေတြကို စတင္ေတာ့မွာျဖစ္ျပီး ၾကိဳတင္ သတင္းထြက္ထားတာေတြထက္ ပိုမ်ားတဲ့ ပရိသတ္ ဝင္ဆံ့မႈျဖစ္ေအာင္ တိုးခ်ဲ႔သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

UNICODE

ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးရဲ့ ကြယ်ပွင့်ကစားသမား ဗန်ဒိုက်ကို ခေါ်ယူဖို့ ကြိုးစားလိုနေတယ်လို့ သိရပြီး အပြောင်းအရွှေ့ ဖြစ်နိုင်ဖို့လည်း ခက်ခဲမယ်ဆိုတာ လာလီဂါကလပ်က သဘောပေါက်ထားကြောင်း သတင်းများမှာ ပါရှိလာပါတယ်။ ဗန်ဒိုက်ဟာ ဥရောပ တစ်နှစ်တာ အကောင်းဆုံးဆုကို ရရှိထားပြီး ဘလွန်းဒီအော ဆုအတွက်ပါ ရေပန်းစားနေသူပါ။

ယာဂင်ကလော့ပ်နဲ့ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့နှစ်က လက်ပစ်ဘောနည်းပြ ခေါ်ယူခဲ့တာ အတွက် လှောင်ပြောင်ဝေဖန်မှုများ ခံခဲ့ရပေမယ့် နည်းပြ သောမတ်စ်ဂရွန်နီမတ်က ၎င်းကို ခေါ်ယူဖို့ အခြား ပရီးမီးယားလိဂ် ကလပ် ၄သင်းကလည်း စိတ်ဝင်စားခဲ့ကြောင်း လတ်တလော အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ဗီဒစ်က ၎င်းကစားသမားဘ၀ အခက်ခဲဆုံးပြိုင်ဘက် လေးဦးကို ထုတ်ဖော်ပြောကြားခဲ့ရာ လီဗာပူး ကစားသမား နှစ်ဦး ပါဝင်နေပါတယ်။ ထိုနှစ်ဦးကတော့ ဖာနန်ဒို တောရက်စ်နဲ့ ပီတာခရော့ချ်တို့ ဖြစ်ပါတယ်။

စကော့တလန် အသင်းဟာ မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာလဲ ဘယ်လ်ဂျီယံ အသင်းကို အိမ်ကွင်းမှာ 0-4 ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပြန်ပြီ ဖြစ်ပြီး အသင်းခေါင်းဆောင် ရော်ဘတ်ဆန်ကတော့ ဖိအားတွေ ပိုများလာခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးတိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာကတော့ ဆာလက် အနေနဲ့ တကိုယ်ကောင်းဆန်မှုကို ဆက်လက်ထိန်းသိမ်းထားသင့်ပြီး သွင်းဂိုးတွေ ပိုမိုရရှိဖို့ ကြိုးစားသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

ယူအီးအက်ဖ်အေက လက်ရှိ ကျင်းပလျှက် ရှိတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကို 8 သင်း 4 အုပ်စု အဖြစ် ပြောင်းလဲပြီး ကြားရက်အစား စနေ၊ တနင်္ဂနွေနေ့တွေမှာ ပြောင်းလဲကစားမယ့် အစီအစဉ်က ထောက်ခံမှုနည်းပါးလို့ ဖြစ်လာနိုင်ချေ နည်းပါးလျှက် ရှိပါတယ်။

လီဗာပူးကစားသမားတွေဖြစ်တဲ့ မီလ်နာနဲ့ မာတစ်ဟာ ဒီအပတ်အစောမှာပဲ ကလပ်အသင်းနဲ့ ပြန်လည်ပူးပေါင်းပါမယ်။ သူတို့နှစ်ဦးလုံးဟာ လက်ရွေးစင်ကစားသမားအဖြစ်တွေကနေ အနားယူထားကြတာပဲဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ #FIFARatings အမြင့်ဆုံး ၁၁ ဦးစာရင်းမှာ သတင်းထွက်ထားတဲ့အတိုင်းပဲ လီဗာပူးအသင်းသား လေးဦးပါဝင်လာပါတယ်။

လီဗာပူးဂိုးသမား အယ်လီဆန်ဟာ ယူနိုက်တက်ဂိုးသမား ဒီဂီယာနဲ့ အပြိုင် လိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားအဖြစ် ဖီဖာ ၂၀ မှာ ပူးတွဲရပ်တည်နေပါတယ်။ ဒါပေမယ့်လို့ ထိပ်ဆုံး ၂၀ စာရင်းမှာတော့ ဒီဂီယာ မပါခဲ့ပဲ အယ်လီဆန်ပဲ ပါဝင်ခဲ့တာကြောင့် ပျှမ်းမျှ အမှတ်တွေမှာ ပိုများမယ်လို့ ခန့်မှန်းရပါတယ်။

လီဗာပူးအသင်းဟာ အန်ဖီးကွင်းကို နောက်ထပ် တိုးချဲ့တည်ဆောက်မှုတွေကို စတင်တော့မှာဖြစ်ပြီး ကြိုတင် သတင်းထွက်ထားတာတွေထက် ပိုများတဲ့ ပရိသတ် ဝင်ဆံ့မှုဖြစ်အောင် တိုးချဲ့သွားမှာဖြစ်တယ်လို့ သိရပါတယ်။