အာဆင္နယ္ ကြင္းလယ္သမား ဂြမ္ဒူဇီဟာ ငယ္ရြယ္ျပီး အလားအလာ ၾကီးၾကီး ရွိတဲ့ ကစားသမား ျဖစ္တယ္လု႔ိ ျပင္သစ္ လက္ေရြးစင္ အသင္းနည္းျပ ဒပ္ခ်မ့္က ခ်ီးက်ဴးလိုက္ပါတယ္။ ဒါေပမယ့္ ဂြမ္ဒူဇီဆီက ခပ္ျမန္ျမန္ပဲ အမ်ားၾကီးရဖို႔ ေမွ်ာ္လင့္မထားၾကရန္ ဒပ္ခ်မ့္က အာဆင္နယ္ ပရိသတ္ေတြအား သတိေပးလိုက္ပါတယ္။

အာဆင္နယ္နည္းျပေဟာင္း အာဆင္၀င္းဂါးက ၄င္းဟာ လန္ဒန္ကလပ္မွာ ေျမာက္မ်ားတဲ့ ေတာင္းဆိုမႈေတြ ျဖည့္ဆည္းနုိင္ဖို႔သာ ဖိစီးေနခဲ့ျပီး ေဘာလံုးအေၾကာင္း ေအးေအးေဆးေဆး စဥ္းစားခ်ိန္ေတာင္ လံုေလာက္စြာ မရခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ လူငယ္တိုက္စစ္သမား ေရးစ္ နယ္ဆင္က အသင္းၾကီးမွ အေတြ႔အၾကံဳရွိ အသင္းေဖာ္ေတြက ၄င္းကို စီနီယာအသင္းၾကီးနဲ႕ အတူ အသားက် ပါ၀င္ကစားနုိင္ဖို႔ ကူညီေပးခဲ့ၾကေၾကာင္း ဖြင့္ဟေျပာဆိုလိုက္ပါတယ္။

အာဆင္နယ္ရဲ႕ လက္ရွိ လူစာရင္းနဲ႔ စုဖြဲ႔မႈဟာ ယူႏုိက္တက္၊ ခ်ယ္ဆီးကိုေက်ာ္ျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာကို ဆြဲကိုင္ႏုိင္ေၾကာင္းနဲ႔ အမွတ္ေပးဖလားကို ယွဥ္ျပိဳင္ႏုိင္မယ္ဆိုတဲ့ အာဆင္ဝင္းဂါးရဲ႕ မွတ္ခ်က္ကို ေထာက္ခံမႈေတြ မ်ားေနသလို ျငင္းခံုမႈေတြလည္ူ က်ယ္ျပန္႔ေနပါတယ္။

ဒီေႏြမွာ မြန္ရီရယ္ အေျပာင္းအေရႊ႕ မျပဳလုပ္ခင္ အမ္မရီက လန္ဒန္ဒါဘီပြဲျပီးမွ ကစားသမားကို လက္လႊတ္ခ်င္ကာ စပိန္သားကို ထည့္ ကစားလိုခဲ့ေပမယ့္ ကစားသမားကိုယ္တိုင္က ဒဏ္ရာနဲ႕ ၾကံ႕ခိုင္မႈ ျပႆနာမ်ား ၾကံဳမွာ စိုးတာေၾကာင့္ ပြဲမကစားခင္ပဲ အသင္းေျပာင္းသြားခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

အာဆင္နယ္ကေန ရိုးမားသို႔ ေျပာင္းေရႊ႕ ကစားတဲ့ မီခီတာရန္ဟာ အီတလီကလပ္မွာ ေအာင္ျမင္လိမ့္မယ္လို႔ ရိုးမား ဂႏၱဝင္ ကစားသမားၾကီး ေတာ့တီက ေထာက္ခံခ်က္ေပးလိုက္ပါတယ္။

ဘာစီလုိနာနဲ႔ အာဆင္နယ္ ကစားသမားေဟာင္း ဂ်ီယိုဗင္နီ ဗန္ဘရြန္ ခေရာ့စ္ဟာ ေဘာလံုးကြင္းျပင္ပ ပညာရပ္ ေတြ ကို ေလ့လာ ဖို႔ အတြက္ မန္စီးတီးအသင္းနဲ႔ လာေရာက္ ပူးေပါင္းခဲ့တယ္လို႔ သိရပါတယ္။

အာဆင္နယ္ မန္ေနဂ်ာေဟာင္း အာဆင္၀င္းဂါးက သူ႔ရဲ႕ နည္းျပဘ၀ ေနာင္တ အရဆံုး အျဖစ္အပ်က္ေတြထဲမွာ လန္ဒန္အသင္းအတြက္ မက္ဆီကို ေခၚယူႏိုင္ျခင္း မရွိခဲ့လည္း ပါဝင္တယ္လို႔ ဝန္ခံလိုက္ပါတယ္။

UNICODE

အာဆင်နယ် ကွင်းလယ်သမား ဂွမ်ဒူဇီဟာ ငယ်ရွယ်ပြီး အလားအလာ ကြီးကြီး ရှိတဲ့ ကစားသမား ဖြစ်တယ်လု့ိ ပြင်သစ် လက်ရွေးစင် အသင်းနည်းပြ ဒပ်ချမ့်က ချီးကျူးလိုက်ပါတယ်။ ဒါပေမယ့် ဂွမ်ဒူဇီဆီက ခပ်မြန်မြန်ပဲ အများကြီးရဖို့ မျှော်လင့်မထားကြရန် ဒပ်ချမ့်က အာဆင်နယ် ပရိသတ်တွေအား သတိပေးလိုက်ပါတယ်။

အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးက ၎င်းဟာ လန်ဒန်ကလပ်မှာ မြောက်များတဲ့ တောင်းဆိုမှုတွေ ဖြည့်ဆည်းနိုင်ဖို့သာ ဖိစီးနေခဲ့ပြီး ဘောလုံးအကြောင်း အေးအေးဆေးဆေး စဉ်းစားချိန်တောင် လုံလောက်စွာ မရခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အာဆင်နယ် လူငယ်တိုက်စစ်သမား ရေးစ် နယ်ဆင်က အသင်းကြီးမှ အတွေ့အကြုံရှိ အသင်းဖော်တွေက ၎င်းကို စီနီယာအသင်းကြီးနဲ့ အတူ အသားကျ ပါဝင်ကစားနိုင်ဖို့ ကူညီပေးခဲ့ကြကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။

အာဆင်နယ်ရဲ့ လက်ရှိ လူစာရင်းနဲ့ စုဖွဲ့မှုဟာ ယူနိုက်တက်၊ ချယ်ဆီးကိုကျော်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကို ဆွဲကိုင်နိုင်ကြောင်းနဲ့ အမှတ်ပေးဖလားကို ယှဉ်ပြိုင်နိုင်မယ်ဆိုတဲ့ အာဆင်ဝင်းဂါးရဲ့ မှတ်ချက်ကို ထောက်ခံမှုတွေ များနေသလို ငြင်းခုံမှုတွေလည်ူ ကျယ်ပြန့်နေပါတယ်။

ဒီနွေမှာ မွန်ရီရယ် အပြောင်းအရွှေ့ မပြုလုပ်ခင် အမ်မရီက လန်ဒန်ဒါဘီပွဲပြီးမှ ကစားသမားကို လက်လွှတ်ချင်ကာ စပိန်သားကို ထည့် ကစားလိုခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြဿနာများ ကြုံမှာ စိုးတာကြောင့် ပွဲမကစားခင်ပဲ အသင်းပြောင်းသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အာဆင်နယ်ကနေ ရိုးမားသို့ ပြောင်းရွှေ့ ကစားတဲ့ မီခီတာရန်ဟာ အီတလီကလပ်မှာ အောင်မြင်လိမ့်မယ်လို့ ရိုးမား ဂန္တဝင် ကစားသမားကြီး တော့တီက ထောက်ခံချက်ပေးလိုက်ပါတယ်။

ဘာစီလိုနာနဲ့ အာဆင်နယ် ကစားသမားဟောင်း ဂျီယိုဗင်နီ ဗန်ဘရွန် ခရော့စ်ဟာ ဘောလုံးကွင်းပြင်ပ ပညာရပ် တွေ ကို လေ့လာ ဖို့ အတွက် မန်စီးတီးအသင်းနဲ့ လာရောက် ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ် မန်နေဂျာဟောင်း အာဆင်ဝင်းဂါးက သူ့ရဲ့ နည်းပြဘ၀ နောင်တ အရဆုံး အဖြစ်အပျက်တွေထဲမှာ လန်ဒန်အသင်းအတွက် မက်ဆီကို ခေါ်ယူနိုင်ခြင်း မရှိခဲ့လည်း ပါဝင်တယ်လို့ ဝန်ခံလိုက်ပါတယ်။