လီဗာပူးအသင္းဟာ ဥေရာပ ထိပ္သီးအသင္းေတြျဖစ္တဲ့ ရီးရဲ၊ ဘာကာ၊ ဘိုင္ယန္တို႔နဲ႔အျပိဳင္ နာပိုလီ ကြင္းလယ္လူ ေဖဘီရန္ ရုစ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း အဂၤလန္သတင္းဌာနေတြက ေဖာ္ျပလာေနပါတယ္။

မႏွစ္ကရာသီမွာ စီးရီးေအကလပ္အတြက္ ျပိဳင္ပြဲစံု ပြဲေပါင္း ၄၀ ခန္႔ ပါဝင္ ကစားေပးခဲ့တဲ့ ရုစ္ဟာ ကိုယ္တိုင္ သြင္းဂိုး ၇ ဂိုး သြင္းယူႏုိင္ခဲ့ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ထိပ္တန္း ေျခစြမ္းေတြ ျပသေနျပီး လီဗာပူးကလည္း ဇာဗီနဲ႔ ခိုင္းႏိႈင္းခံေနရတဲ့ စပိန္သားကြင္းလယ္လူကို စိတ္ဝင္စားလာခဲ့တာပါ။

လီဗာပူးဟာ ကြင္းလယ္အတြက္ ကီတာကို ေခၚယူထားခဲ့ေပမယ့္လည္း ကစားသမားက ၾကံ႕ခိုင္မႈပိုင္း ရုန္းကန္ေနရသလို လယ္လာနာ၊ မီလ္နာတို႔ အသက္အရြယ္ ရလာျခင္းနဲ႔ ကြင္းလယ္အင္အားသစ္အတြက္ ကစားသမားေလးကို ရည္ရြယ္လာခဲ့တာျဖစ္တယ္။ ခ်န္ပီယံလိဂ္ အုပ္စုတြင္းမွာ ျပိဳင္ဘက္အျဖစ္ ယွဥ္ျပိဳင္ခ်ိန္မွာ လီဗာပူးက ရုစ္ကို ေလ့လာမႈေတြ ျပဳလုပ္ဖြယ္ ရွိေနပါတယ္။

ရီးရဲလ္ဘက္တစ္ အကယ္ဒမီထြက္ ကစားသသမားဟာ စီးရီးေအမွာ ေတာက္ပေနေပမယ့္ လာလီဂါကို ျပန္သြားႏုိင္သလို ေနာင္ေတာင္ၾကီးေတြျဖစ္တဲ့ အလြန္ဆို၊ ဖာဘရီဂတ္စ္နဲ႔ ေဒးဗစ္ေဆးဗားတို႔ လမ္းစဥ္အတိုင္း လူငယ္ဘဝမွာတင္ ပရီးမီးယားလိဂ္ကို ေျပာင္းလာဖို႔ကလည္း ျဖစ္ႏုိင္တဲ့ အေနအထားျဖစ္တယ္လို႔ သိရတယ္။

နာပိုလီမန္ေနဂ်ာ အန္ဆယ္ေလာ့တီကေတာ့ ဟမ္ဆစ္ေနရာ အစားထိုး အသံုးျပဳေနျပီး ေႏြတုန္းက စပိန္ ယူ-၂၁ အသင္းနဲ႔ ဥေရာပဖလား ေအာင္ျမင္ခဲ့တဲ့ ကစားသမားကို ေစ်းေပါေပါနဲ႔ ေရာင္းထုတ္ေပးဖြယ္ေတာ့ မရွိပါဘူး။

UNICODE

လီဗာပူးအသင်းဟာ ဥရောပ ထိပ်သီးအသင်းတွေဖြစ်တဲ့ ရီးရဲ၊ ဘာကာ၊ ဘိုင်ယန်တို့နဲ့အပြိုင် နာပိုလီ ကွင်းလယ်လူ ဖေဘီရန် ရုစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန်သတင်းဌာနတွေက ဖော်ပြလာနေပါတယ်။

မနှစ်ကရာသီမှာ စီးရီးအေကလပ်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၄၀ ခန့် ပါဝင် ကစားပေးခဲ့တဲ့ ရုစ်ဟာ ကိုယ်တိုင် သွင်းဂိုး ၇ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူဟာ ထိပ်တန်း ခြေစွမ်းတွေ ပြသနေပြီး လီဗာပူးကလည်း ဇာဗီနဲ့ ခိုင်းနှိုင်းခံနေရတဲ့ စပိန်သားကွင်းလယ်လူကို စိတ်ဝင်စားလာခဲ့တာပါ။

လီဗာပူးဟာ ကွင်းလယ်အတွက် ကီတာကို ခေါ်ယူထားခဲ့ပေမယ့်လည်း ကစားသမားက ကြံ့ခိုင်မှုပိုင်း ရုန်းကန်နေရသလို လယ်လာနာ၊ မီလ်နာတို့ အသက်အရွယ် ရလာခြင်းနဲ့ ကွင်းလယ်အင်အားသစ်အတွက် ကစားသမားလေးကို ရည်ရွယ်လာခဲ့တာဖြစ်တယ်။ ချန်ပီယံလိဂ် အုပ်စုတွင်းမှာ ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ချိန်မှာ လီဗာပူးက ရုစ်ကို လေ့လာမှုတွေ ပြုလုပ်ဖွယ် ရှိနေပါတယ်။

ရီးရဲလ်ဘက်တစ် အကယ်ဒမီထွက် ကစားသသမားဟာ စီးရီးအေမှာ တောက်ပနေပေမယ့် လာလီဂါကို ပြန်သွားနိုင်သလို နောင်တောင်ကြီးတွေဖြစ်တဲ့ အလွန်ဆို၊ ဖာဘရီဂတ်စ်နဲ့ ဒေးဗစ်ဆေးဗားတို့ လမ်းစဉ်အတိုင်း လူငယ်ဘဝမှာတင် ပရီးမီးယားလိဂ်ကို ပြောင်းလာဖို့ကလည်း ဖြစ်နိုင်တဲ့ အနေအထားဖြစ်တယ်လို့ သိရတယ်။

နာပိုလီမန်နေဂျာ အန်ဆယ်လော့တီကတော့ ဟမ်ဆစ်နေရာ အစားထိုး အသုံးပြုနေပြီး နွေတုန်းက စပိန် ယူ-၂၁ အသင်းနဲ့ ဥရောပဖလား အောင်မြင်ခဲ့တဲ့ ကစားသမားကို ဈေးပေါပေါနဲ့ ရောင်းထုတ်ပေးဖွယ်တော့ မရှိပါဘူး။