ZAWGYI – လီဗာပူး တိုက္စစ္အတြဲ ျဖစ္တဲ့ ဆာလက္နဲ႕ ဆာဒီယို မာေနး တို႔ဟာ ဘယ္ေလာက္ ထူးခၽြန္မႈေတြ ျပသေနပါေစ ဒီနွစ္ ဘလြန္းဒီေအာ ဆုကိုေတာ့ ရမွာ မဟုတ္ဘူးလို႔ အာဖရိက အေကာင္းဆံုး ကစားသမား ဆု ၄ၾကိမ္ရ အီတိုးက သတိေပးလိုက္ပါတယ္။

ဘာစီလိုနာနဲ႕ အင္တာမီလန္ ဂႏၱ၀င္ကစားသမား အီတိုး အဓိက ေျပာခ်င္ခဲ့တာကေတာ့ အာဖရိက ၾကယ္ပြင့္ ကစားသမားေတြဟာ ေျခစြမ္း ဘယ္ေလာက္ ေကာင္းေကာင္း လူေလးစားခံ အသိမွတ္ျပဳခံရမႈမွာ နည္းပါးတယ္လို႔ ဆိုလိုခ်င္ခဲ့တာပါ။

” က်ေန္ာတို႔က ကိုယ့္ညီအကိုခ်င္းေတြ နွိမ္ခ် ေျပာထားရေတာ့မွာပဲ။ က်ေနာ္တို႔က အေလးစား မခံရဘူး။ ဒါက တကယ့္လက္ေတြ႔ပဲ။ က်ေနာ္ ေျပာတာေတြ မွားယြင္းပါေစ ေမွ်ာ္လင့္ပါတယ္။ ဒါေပမယ့္ ေနာက္ထပ္ ဘလြန္းဒီေအာဆုက မာေနးအတြက္ေရာ ဆာလက္ အတြက္ပါ ျဖစ္လာမွာ မဟုတ္ဘူး။ ”

” ပရီးမီးယားလိဂ္ ဂိုးသြင္း ဘုရင္ေတြ ျဖစ္တဲ့ မာေနး၊ ဆာလက္၊ အူဘာမီးယန္းတို႔ ဒီသံုးဦးက ဘလြန္းဒီေအာ ေနာက္ဆံုး ငါးေယာက္စာရင္းထဲေတာင္ ပါမယ္ က်ေနာ္ မထင္ဘူး။ မက္ဆီနဲ႕ ခရစၥတီယာနို ရိုနယ္ဒိုက သိပ္ေကာင္းတဲ့ ကစားသမားေတြပါ။ ဒါေပမယ့္ ခ်န္ပီယံလိဂ္ ဘယ္သူ ဗိုလ္စြဲခဲ့သလဲ .. မာေနးနဲ႕ ဆာလက္ပါ။” လို႔ အီတိုးက ေျပာၾကားလိုက္ပါတယ္။

အီတိုးဟာ အာဖရိက ေဘာလံုးရဲ႕ အိုင္ကြန္ ကစားသမား တစ္ဦး ျဖစ္ျပီး စံခ်ိန္ မွတ္တမ္းေကာင္း မ်ားစြာ ရထားတဲ့ ကစားသမား ျဖစ္ပါတယ္။ ၄င္းက အာဖရိကသားေတြက ေဘာလံုးမွာ ေျခစြမး္ ဘယ္ေလာက္ ေကာင္းေကာင္း ထိပ္သီး ထူးခၽြန္ဆုေတြ ေပးအပ္ျခင္း ခံရျခင္း မရွိေၾကာင္း အခုလို ေထာက္ျပခဲ့ျခင္း ျဖစ္ပါတယ္။

Myan News

UNICODE – လီဗာပူး တိုက်စစ်အတွဲ ဖြစ်တဲ့ ဆာလက်နဲ့ ဆာဒီယို မာနေး တို့ဟာ ဘယ်လောက် ထူးချွန်မှုတွေ ပြသနေပါစေ ဒီနှစ် ဘလွန်းဒီအော ဆုကိုတော့ ရမှာ မဟုတ်ဘူးလို့ အာဖရိက အကောင်းဆုံး ကစားသမား ဆု ၄ကြိမ်ရ အီတိုးက သတိပေးလိုက်ပါတယ်။

ဘာစီလိုနာနဲ့ အင်တာမီလန် ဂန္တဝင်ကစားသမား အီတိုး အဓိက ပြောချင်ခဲ့တာကတော့ အာဖရိက ကြယ်ပွင့် ကစားသမားတွေဟာ ခြေစွမ်း ဘယ်လောက် ကောင်းကောင်း လူလေးစားခံ အသိမှတ်ပြုခံရမှုမှာ နည်းပါးတယ်လို့ ဆိုလိုချင်ခဲ့တာပါ။

” ကျနေ်ာတို့က ကိုယ့်ညီအကိုချင်းတွေ နှိမ်ချ ပြောထားရတော့မှာပဲ။ ကျနော်တို့က အလေးစား မခံရဘူး။ ဒါက တကယ့်လက်တွေ့ပဲ။ ကျနော် ပြောတာတွေ မှားယွင်းပါစေ မျှော်လင့်ပါတယ်။ ဒါပေမယ့် နောက်ထပ် ဘလွန်းဒီအောဆုက မာနေးအတွက်ရော ဆာလက် အတွက်ပါ ဖြစ်လာမှာ မဟုတ်ဘူး။ ”

” ပရီးမီးယားလိဂ် ဂိုးသွင်း ဘုရင်တွေ ဖြစ်တဲ့ မာနေး၊ ဆာလက်၊ အူဘာမီးယန်းတို့ ဒီသုံးဦးက ဘလွန်းဒီအော နောက်ဆုံး ငါးယောက်စာရင်းထဲတောင် ပါမယ် ကျနော် မထင်ဘူး။ မက်ဆီနဲ့ ခရစ္စတီယာနို ရိုနယ်ဒိုက သိပ်ကောင်းတဲ့ ကစားသမားတွေပါ။ ဒါပေမယ့် ချန်ပီယံလိဂ် ဘယ်သူ ဗိုလ်စွဲခဲ့သလဲ .. မာနေးနဲ့ ဆာလက်ပါ။” လို့ အီတိုးက ပြောကြားလိုက်ပါတယ်။

အီတိုးဟာ အာဖရိက ဘောလုံးရဲ့ အိုင်ကွန် ကစားသမား တစ်ဦး ဖြစ်ပြီး စံချိန် မှတ်တမ်းကောင်း များစွာ ရထားတဲ့ ကစားသမား ဖြစ်ပါတယ်။ ၎င်းက အာဖရိကသားတွေက ဘောလုံးမှာ ခြေစွမ်း ဘယ်လောက် ကောင်းကောင်း ထိပ်သီး ထူးချွန်ဆုတွေ ပေးအပ်ခြင်း ခံရခြင်း မရှိကြောင်း အခုလို ထောက်ပြခဲ့ခြင်း ဖြစ်ပါတယ်။

Myan News